Synergy English Language Class
22/02/2026
🙏မင်္ဂလာပါ🙏
🔸သင်ကြားရေးနယ်ပယ်ကို စတင်ဝင်ရောက်လာသည့်/မည့် ဆရာ/မများ၊
🔹လက်ရှိ သင်တန်းများ၊ ကျောင်းများတွင် သင်ကြားနေသည့် ဆရာ/မများ
🔸 teaching career အတွက် professional development training လိုချင်သူများအတွက် သင့်တော်သော
🏛️Cambridge Assessment English မှ ပေးအပ်သည့်
🎓vocational certificate: Teaching Knowledge Test (TKT)
Module 1, Module 2 နှင့် Module 3 ကို
🗓️March 7 တွင် ပူးတွဲပါ အချိန်ဇယားအတိုင်း Zoom online class ဖွင့်လှစ်သင်ကြားပါမည်။
Module 1 Sat-Sun 7:00-8:30pm (Mar 7-May 3)
Module 2 Sat-Sun 8:30-10:00pm (Mar 7-May 3)
Module 3 Mon-Tue 8:30-10:00pm (Mar 9-May 5)
🔸သင်တန်းကြေး ၁သိန်း၂သောင်းကျပ်
📌British Council မှကြီးမှူးကျင်းပမည့် May 11 စာမေးပွဲတွင် ဖြေဆိုချင်သူများ March 23 နောက်ဆုံးထား exam registration ပြုလုပ်ရမည်ဖြစ်သည်။
🔍စိတ်ပါဝင်စားသူများ page messenger မှဖြစ်စေ အောက်ဖော်ပြပါ အီးမေးလ်မှဖြစ်စေ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
📧 [email protected]
အတန်းတက်ရောက်ရန် ပုံပါ QR code ကနေဖြစ်စေ first comment မှာပါတဲ့ linkကနေဖြစ်စေ စာရင်းပေးနိုင်ပါပြီ။
03/02/2026
🎧■■ Learning from Podcasts ■■🎧
Listening to podcasts regularly (everyday, if possible) is super helpful not only for training your English listening muscles, but also for learning new things. Today we’d like to share with Synergizers a collection of podcasts that features real personal stories of people.
Podcastတွေကို ပုံမှန်နားထောင်ခြင်း(ဖြစ်နိုင်ရင် နေ့တိုင်းနားထောင်ခြင်း)က ကိုယ့်ရဲ့ English listening စွမ်းရည်ကို ရင့်သန်စေရုံသာမကဘဲ အကြောင်းအရာအသစ်တွေကိုလည်း လေ့လာသင်ယူခွင့်ရစေမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ Synergizersတို့အတွက် တကယ့်လူတွေရဲ့ ဘဝဇာတ်လမ်းတွေကို နားထောင်နိုင်မယ့် podcastလေးတွေကို ဝေမျှချင်ပါတယ်။ ဒီpodcastလေးတွေကို အင်တာနက်ရှိရုံနဲ့ အခမဲ့ streamပြီးဖြစ်စေ downloadပြီးဖြစ်စေ နားထောင်နိုင်ပါတယ်။
🔹️Modern Love🔹️
This podcast explores the complicated love lives of real modern people. Each episode is within 1 hour.
ဒီ podcastလေးကတော့ အခုခေတ်လူတွေရဲ့ ရှုပ်ထွေးတဲ့ အချစ်ရေးဘဝတွေအကြောင်းကို နားထောင်နိုင်မှာပါ။
✅️Level: CEFR B2
🔸️This Is Love🔸️
This podcast investigates stories of romance, obsessions, and relationships. Each episode is around 30 minutes.
ဒီ podcastလေးကတော့ အချစ်၊ စွဲလမ်းမှု၊ ဆက်ဆံရေးစတဲ့ အရာတွေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေကို နားထောင်နိုင်မှာပါ။
✅️Level: CEFR B2
🔹️the memory palace🔹️
This podcast features short, narrative essays on moments and lives from America’s past. Each episode is within 20 minutes.
ဒီ podcastလေးကတော့ အမေရိကားရဲ့အတိတ်က အဖြစ်အပျက်တွေ လူတွေအကြောင်း အက်ဆေးတွေကို နားထောင်ရမှာပါ။
✅️Level: CEFR B2
Learning is facilitated when our emotions are involved. We hope these captivating podcasts about human lives help you improve your English.
ခံစားချက်တွေ ပါဝင်လာရင် သင်ယူရတာပိုပြီး လွယ်ကူထိရောက်တတ်ပါတယ်။အသည်းနှလုံးကိုတို့ထိနိုင်တဲ့ ဒီpodcastလေးတွေကို နားထောင်ရင်း Synergizersတို့ အင်္ဂလိပ်စာတိုးတက်အောင်လုပ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
▪︎ ▪︎ ▪︎ ▪︎ ▪︎
Synergizerတို့ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်လေးတွေ စဖွင့်နေပြီနော်။
IELTSနဲ့ TOEFLတို့လိုစာမေးပွဲတွေအတွက်ဖြစ်စေ၊ လက်တွေ့ဘဝမှာ လူမှုဆက်ဆံရေး၊ ပညာရေး၊ စားဝတ်နေရေးအတွက်ဖြစ်စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်တော့ Communicative English 101 အတန်းလေးရှိတယ်နော်။
GED၊ SAT၊ IELTS စတဲ့ စာမေးပွဲတွေအတွက်ဖြစ်စေ၊ တက္ကသိုလ်ပညာရေးအတွက်ပြင်ဆင်ဖို့ဖြစ်စေ English Readingနဲ့ Writing အခြေခံ ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ချင်တယ်ဆိုရင်တော့ Comprehension & Composition 1 အတန်းလေးရှိတယ်နော်။
သင်တန်းတွေအတွက် စာရင်းပေးသွင်းဖို့နဲ့ သင်တန်းတစ်ခုချင်းစီအကြောင်း အသေးစိတ်ကို first commentက linkတွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
29/01/2026
💖■■ Phrase of the Week ■■💖
Can’t stop thinking about someone? Or can’t move on from someone? Today, we want to introduce a new phrase to describe such a feeling.
တစ်ယောက်ယောက်ကို အတွေးထဲကထုတ်မရဖြစ်နေလား။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို မေ့မရဖြစ်နေလား။ ဒီနေ့ အဲ့ဒီခံစားချက်လေးကို ဖော်ပြတဲ့ phraseလေးနဲ့ Synergizerတို့ကို မိတ်ဆက်ပေးချင်ပါတယ်။
To be hung up on someone is to be obsessed with someone. It is used to describe the situation when you have an intense crush on someone or when you can’t get over someone from your past.
"To be hung up on someone"ဆိုတာက တစ်စုံတစ်ယောက်ကို စွဲလမ်းနေတယ်လို့ အဓိပ္ပါယ်ရပါတယ်။ တစ်ယောက်ယောက်ကို ရူးရူးမူးမူး တစ်ဖက်သတ်ချစ်မိနေတဲ့အခါမျိုး၊ ဒါမှမဟုတ် အတိတ်ကတစ်ယောက်ယောက်ကို မမေ့နိုင်တဲ့အခါမျိုးမှာ သုံးပါတယ်။
ဥပမာ -
He can’t stop thinking about the girl he met yesterday, he’s still hung up on her.
She is still hung up on her ex-boyfriend, even though they broke up over a year ago.
Are you hung up on someone? Tell us your experience in the comments.
သင်ရော တစ်ယောက်ယောက်ကို hung upဖြစ်နေတုန်းပဲလား။ Commentထဲမှာ ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေ ပြောခဲ့ကြပါဦး။
▪︎ ▪︎ ▪︎ ▪︎ ▪︎
Synergizerတို့ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်လေးတွေ စဖွင့်နေပြီနော်။
IELTSနဲ့ TOEFLတို့လိုစာမေးပွဲတွေအတွက်ဖြစ်စေ၊ လက်တွေ့ဘဝမှာ လူမှုဆက်ဆံရေး၊ ပညာရေး၊ စားဝတ်နေရေးအတွက်ဖြစ်စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်တော့ Communicative English 101 အတန်းလေးရှိတယ်နော်။
GED၊ SAT၊ IELTS စတဲ့ စာမေးပွဲတွေအတွက်ဖြစ်စေ၊ တက္ကသိုလ်ပညာရေးအတွက်ပြင်ဆင်ဖို့ဖြစ်စေ English Readingနဲ့ Writing အခြေခံ ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ချင်တယ်ဆိုရင်တော့ Comprehension & Composition 1 အတန်းလေးရှိတယ်နော်။
သင်တန်းတွေအတွက် စာရင်းပေးသွင်းဖို့နဲ့ သင်တန်းတစ်ခုချင်းစီအကြောင်း အသေးစိတ်ကို first commentက linkတွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
▪︎ ▪︎ ▪︎ ▪︎ ▪︎
26/01/2026
🍞■■ Viral Vernacular ■■🍞
Love is in the air. Or is it? As we slowly approach Valentine's day, we want to introduce you to an internet slang that will help you examine whether someone is truly in love with you or not.
ဒါဟာအချစ်လား၊ အချစ်မဟုတ်ဘူးလား။ ချစ်သူများနေ့နဲ့ တဖြည်းဖြည်းချင်း နီးကပ်လာပြီဆိုတော့ သူကိုယ့်ကို တကယ်ချစ်တာလား ကစားနေတာလား ဆိုတာသုံးသပ်နိုင်ဖို့ Synergizerတို့ကို internet slangလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
“Breadcrumbing” refers to the practice of giving someone small, inconsistent signals of interest such as occasional messages or likes without any intention of pursuing a real relationship. It is a form of manipulation someone people use to keep you around without any commitment.
"Beadcrumbing"ဆိုတာ တစ်စုံတစ်ယောက်ကို အမှန်တကယ် လက်တွဲချင်လို့မဟုတ်ဘဲ စိတ်ဝင်စားသယောင် လက္ခဏာလေးတွေ ပြလိုက်မပြလိုက်နဲ့ စိတ်ကိုကစားတဲ့ လုပ်ရပ်ကို ခေါ်ပါတယ်။ ဒါဟာ လူ့စိတ်ကိုလှည့်စားတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး လူတစ်ယောက်ကို ဘာcommitmentမှမပေးဘဲ ကိုယ့်နားမှာဆက်ထားချင်တဲ့အခါ သုံးလေ့ရှိကြပါတယ်။
ဥပမာ -
She stopped replying to his messages when she realized he was breadcrumbing her.
Breadcrumbing can initially be mistaken as genuine interest.
Have you ever experienced breadcrumbing before? Share your stories in the comments below.
Synergizerတို့ရော breadcrumbingအလုပ်ခံရဖူးကြပါသလား။ Commentထဲမှာ ပြောပြခဲ့ကြပါဦးနော်။
▪︎ ▪︎ ▪︎ ▪︎ ▪︎
Synergizerတို့ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်လေးတွေ စဖွင့်နေပြီနော်။
IELTSနဲ့ TOEFLတို့လိုစာမေးပွဲတွေအတွက်ဖြစ်စေ၊ လက်တွေ့ဘဝမှာ လူမှုဆက်ဆံရေး၊ ပညာရေး၊ စားဝတ်နေရေးအတွက်ဖြစ်စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်တော့ Communicative English 101 အတန်းလေးရှိတယ်နော်။
GED၊ SAT၊ IELTS စတဲ့ စာမေးပွဲတွေအတွက်ဖြစ်စေ၊ တက္ကသိုလ်ပညာရေးအတွက်ပြင်ဆင်ဖို့ဖြစ်စေ English Readingနဲ့ Writing အခြေခံ ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ချင်တယ်ဆိုရင်တော့ Comprehension & Composition 1 အတန်းလေးရှိတယ်နော်။
သင်တန်းတွေအတွက် စာရင်းပေးသွင်းဖို့နဲ့ သင်တန်းတစ်ခုချင်းစီအကြောင်း အသေးစိတ်ကို first commentက linkတွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
▪︎ ▪︎ ▪︎ ▪︎ ▪︎
22/01/2026
🏋♂️■■ Phrase of the Week ■■🏋♂️
Is life getting harder and you feel like giving up? This week we want to introduce you to a phrase to give you some strength to keep going.
ဘဝက ခက်ခဲကြမ်းတမ်းလာပြီး အရာအားလုံးကို လက်လျှော့လိုက်ချင်နေပြီလား။ ဒီအပတ်မှာတော့ Synergizerတို့ကို အလျှော့မပေးဘဲ ရှေ့ဆက်ကြိုးစားနိုင်စေဖို့ phraseလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။
According to Cambridge Dictionary, “to tough something out” means “to deal with a difficult period or situation with little help, while remaining determined to continue”. In short, it means to endure a difficult phase in life without giving up.
Cambridge Dictionaryအရ "To tough something out"ဆိုတာ "ခက်ခဲကြမ်းတမ်းသော အခြေအနေ/အချိန်တစ်ခုတွင် ပြင်ပအကူအညီတစ်စုံတစ်ရာမရသည့်တိုင် သန္နိဌာန်ခိုင်မာစွာရှေ့ဆက်သည်"လို့ အဓိပ္ပါယ်ရပါတယ်။ အတိုပြောရရင် ခက်ခဲတဲ့အချိန်မှာ လက်မလျှော့ဘဲ အားတင်းပြီး ရှေ့ဆက်တယ်လို့ ဆိုလိုတာပါ။
ဥပမာ -
Despite the pain, the athlete toughed out the final minutes of the match.
We decided to tough out the long studying hours until the finals are over.
With this phrase, we want to ask you to tough out this difficult chapter of your life. Better days are ahead! Feel free to share your stories in the comments below.
ဒီphraseလေးနဲ့ အခုလိုခက်ခဲတဲ့ ဘဝရဲ့ အပိုင်းလေးတစ်ခုကို "tough out"လုပ်ဖို့ ပြောရင်း အားပေးလိုက်ပါတယ်နော်။ ပိုကောင်းတဲ့နေ့တွေ ရောက်လာမှာပါ။ အားလုံးကိုယ့်ရဲ့ အခက်အခဲတွေ commentမှာ မျှဝေနိုင်ပါတယ်။
▪︎ ▪︎ ▪︎ ▪︎ ▪︎
Synergizerတို့ရေ Synergy English Language Classက 2026အတွက် ပထမဆုံး အတန်းသစ်လေးတွေ စဖွင့်နေပြီနော်။
IELTSနဲ့ TOEFLတို့လိုစာမေးပွဲတွေအတွက်ဖြစ်စေ၊ လက်တွေ့ဘဝမှာ လူမှုဆက်ဆံရေး၊ ပညာရေး၊ စားဝတ်နေရေးအတွက်ဖြစ်စေ English Speakingနဲ့ Listening တိုးတက်ဖို့ဆိုရင်တော့ Communicative English 101 အတန်းလေးရှိတယ်နော်။
GED၊ SAT၊ IELTS စတဲ့ စာမေးပွဲတွေအတွက်ဖြစ်စေ၊ တက္ကသိုလ်ပညာရေးအတွက်ပြင်ဆင်ဖို့ဖြစ်စေ English Readingနဲ့ Writing အခြေခံ ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ချင်တယ်ဆိုရင်တော့ Comprehension & Composition 1 အတန်းလေးရှိတယ်နော်။
သင်တန်းတွေအတွက် စာရင်းပေးသွင်းဖို့နဲ့ သင်တန်းတစ်ခုချင်းစီအကြောင်း အသေးစိတ်ကို first commentက linkတွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
▪︎ ▪︎ ▪︎ ▪︎ ▪︎
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Mandalay
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 19:00 |
| Thursday | 09:00 - 19:00 |
| Saturday | 09:00 - 19:00 |
| Sunday | 09:00 - 19:00 |