MSW
20/05/2026
MSW ရဲ့ လုပ်ငန်းခွင်အင်အားသစ်ဖြစ်တဲ့ Showroom အသစ်ကြီးတစ်ခု မိတ်ဆွေတို့ဆီကို မကြာခင် ရောက်ရှိလာတော့မှာပါ! 🚀
စိုက်ပျိုးရေးလုပ်ငန်းများ၊ နေအိမ်များနှင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စက်ရုံအလုပ်ရုံများနှင့် အထွေထွေလုပ်ငန်းသုံး လိုအပ်ချက်များကို ပိုမိုကောင်းမွန် ပြည့်စုံစွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် MSW ရဲ့ ဆိုင်ခွဲသစ် (Showroom) ကြီးကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန် ပြင်ဆင်နေပြီ ဖြစ်ပါတယ်ခင်ဗျာ ⚙️📦
ဆိုင်ဖွင့်ပွဲပြုလုပ်မည့် နေ့ရက်နှင့် အထူး Promotion အစီအစဉ်များကို လက်မလွှတ်ရအောင် ကျွန်တော်တို့ Page လေးကို See First လုပ်ပြီး စောင့်မျှော်ပေးကြပါဦးခင်ဗျာ။🎯
#စိုက်ပျိုးရေးနှင့်ဆောက်လုပ်ရေးစက်ပစ္စည်း
01/05/2026
ပင်ပန်းမှုတိုင်းရဲ့နောက်မှာ အောင်မြင်မှုဆိုတဲ့ အသီးအပွင့်တွေ ရှိနေမှာပါ။
ဒီနေ့ဟာ ကိုယ့်ရဲ့ လုပ်အားနဲ့ ဘဝကို ရိုးသားစွာ တည်ဆောက်နေကြသူအားလုံးအတွက်ပျော်ရွှင်ဖွယ်အလုပ်သမားနေ့လေးဖြစ်ပြီး ရှေ့ဆက်ရမယ့် လမ်းခရီးမှာလည်း အဆင်ပြေချောမွေ့ကြပါစေလို့
MSWမှဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ🙏
08/04/2026
ကျွန်တော်တို့ MSW ရဲ့
သင်္ကြန်ရုံးပိတ်ရက်လေးကို
အသိပေးအပ်ပါတယ်ခင်ဗျာ
#2026
20/03/2026
နွေရာသီဆိုတာ ပူပြင်းခြောက်သွေ့တာကြောင့်မို့ နွေမှာစိုက်ပျိုးမယ့်သီးနှံတွေဟာ အခြားသီးနှံတွေထက်ပိုပြီး ဂရုစိုက်ရပါတယ် ✨
ဒီနေ့မှာတော့ အခုလိုမျိုးနွေရာသီမှာစိုက်ပျိုးကြတဲ့ သီးနှံတွေထဲကတစ်မျိုးဖြစ်တဲ့ နွေစပါးအကြောင်းနဲ့ နွေစပါးအထွက်တိုးအောင် လုပ်ဆောင်သင့်တဲ့အချက်တွေအကြောင်းကို ပြောပြပေးပါမယ်။ ဒါမှလည်း ဒီနှစ်နွေရာသီအတွက် နွေစပါးစိုက်ပျိုးတဲ့အခါမှာ သီးနှံအထွက်နှုန်းတိုးပြီး မြေကြီးမှာ ရွှေသီးမှာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့ နွေစပါးဆိုက်ပျိုးတဲ့အခါမှာ ပြုလုပ်သင့်တဲ့အချက် (၅) ချက်ကို အရင်ဆုံးကြည့်လိုက်ရအောင်…
💢 မျိုးစေ့ရွေးချယ်တဲ့အခါ သေချာရွေးချယ်ပါ 💢
ဒါကတကယ်ကိုအရေးကြီးတဲ့ အခြေခံအချက်တစ်ခုပဲဖြစ်ပါတယ်။ နွေစပါးမှာလည်း အမျိုးအစားအမျိုးမျိုးရှိတာကြောင့်မို့၊ ကိုယ့်ဒေသမှာရှိတဲ့ မြေအနေအထားနဲ့လိုက်မယ့် မျိုးစေ့တွေကိုရွေးချယ်ပြီး စိုက်ပျိုးသင့်ပါတယ်။ မျိုးစေ့မှားပြီးရွေးချယ်မိတဲ့အခါမှာ မျှော်လင့်မထားတဲ့ဆုံးရှုံးမှုမျိုးတွေကို ကြုံတွေ့လာရနိုင်တာကြောင့် မျိုးစေ့ရွေးချယ်တဲ့နေရာမှာ သေချာလေးရွေးချယ်သင့်ပြီး၊ လိုအပ်ခဲ့ရင် နားလည်တတ်ကျွမ်းတဲ့သူတွေကိုပါ အကြံဉာဏ်တွေတောင်းသင့်ပါတယ်။
💢 ရေသွင်းခြင်းကို အချိန်နဲ့အမျှဂရုစိုက်ပါ 💢
လေ့လာချက်တွေအရ နွေစပါးတွေဆိုတာ ရေကိုတော်တော်လေးကြိုက်နှစ်သက်တာမို့ နွေစပါးစိုက်ပျိုးတော့မယ်ဆိုရင် မျိုးစေ့မကြဲမီအချိန်ကစပြီး လယ်ကွင်းတွေအတွင်းကို အစိုဓာတ်ထိန်းသိမ်းတဲ့အနေနဲ့ ရေဖြန်းပေးတာမျိုး၊ ရေသွင်းပေးတာမျိုးတွေကို အနည်းဆုံး (၁) ကြိမ် လောက်ပြုလုပ်ပေးသင့်ပါတယ်။ မျိုးစေ့ကြဲပြီးလို့ အပင်ငယ်အနေအထားကို ရောက်လာတဲ့အချိန်မှာလည်း ရေကိုအမြဲမပြတ်သွင်းပေးဖို့လိုပါတယ်။ ရေသွင်းနည်းတဲ့အခါမှာ နွေစပါးတွေဖြစ်တာကြောင့် ရေဓာတ်ကိုအလုံအလောက်မရရှိဘဲ အပင်တွေဖြုန်းကုန်တာမျိုး၊ သီးနှံအထွက်နှုန်းနည်းတာမျိုးတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ရေကိုအမြဲမပြတ်သွင်းပေးနေဖို့ကလည်း အဓိကအရေးကြီးတဲ့အချက်တွေထဲမှာပါ ပါတယ်။
💢မြေပြင်ဆင်မှုကောင်းမွန်ပါစေ 💢
နွေစပါးကိုမစိုက်ပျိုးခင်မှာ ကိုယ့်ရဲ့လယ်တွေကို ပြင်ဆင်မှုတွေအမျိုးမျိုးပြုလုပ်သင့်ပါတယ်။ ထွန်ယက်ထားတာမျိုး၊ အစိုဓာတ်ကို ထိန်းသိမ်းထားတာမျိုးတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှလည်း မျိုးစေ့ကြဲပြီးသွားတာနဲ့ အချိန်ခဏအတွင်းမှာပဲ ပျိုးပင်ငယ်တွေအဖြစ်ကိုရောက်ရှိသွားတာကို မြင်တွေ့နိုင်မှာပါ။
💢 ဓာတ်မြေဩဇာ မှန်ကန်စွာအသုံးပြပါ 💢
ဓာတုဓာတ်မြေဩဇာတွေထက် သဘာဝရဲ့လက်ဆောင်တွေဖြစ်တဲ့ မြေဆွေး၊ နောက်ချေး၊ ကောက်ရိုးခြောက် အစရှိတဲ့ ဓာတ်မြေဩဇာတွေကိုသာအသုံးပြုစေချင်ပါတယ်။ ဒီဓာတ်မြေဩဇာတွေဟာ မြေဆီလွှာကို အမှန်တကယ်ပဲအားဖြည့်ပေးနိုင်တဲ့အပြင် မြေကြီးရဲ့အစိုဓာတ်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့်မို့ ဓာတုဓာတ်မြေဩဇာတွေကိုပဲရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။
💢 ပေါင်းပင်၊ မြက်ပင်များကို သေချာရှင်းလင်းပါ 💢
ဒီနည်းလမ်းကတော့ အခြားသောသီးနှံစိုက်ပျိုးမှုတွေမှာလည်း ပြုလုပ်ကြရစမြဲပါပဲ။ ပေါင်းပင်၊ မြက်ပင်တွေဆိုတာ သီးပင်စားပင်တွေနဲ့ မိတ်ဖက်လို့တောင်ဆိုနိုင်ပါတယ်။ သီးပင်တွေစပြီးအရွယ်ရောက်ပြီဆိုတာနဲ့ ဒီပေါင်းပင်တွေဟာလည်း ကြီးထွားလာကြပါတယ်။ အခုလိုမျိုး ပေါင်းပင်တွေကျရောက်လာပြီဆိုရင်တော့ အမြန်ဆုံးရှင်းလင်းပါ။ ပေါင်းပင်နဲ့ မြက်ပင်တွေဟာ မြေဆီလွှာမှာရှိတဲ့အဟာရဓာတ်တွေကို စုပ်ယူရုံသာမကဘဲ အစိုဓာတ်ကိုပါစုပ်ယူပစ်တာကြောင့် ကိုယ့်ရဲ့သီးနှံပင်တွေကို ကောင်းကောင်းကြီးဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့်မို့ ပေါင်းပင်တွေကို အထူးဂရုစိုက်ပါ။
ဒီအချက်တွေကိုသာ သေချာကျင့်သုံးလိုက်နာမယ်ဆိုရင် နွေစပါးမဆိုထားနဲ့ အခြားသောသီးနှံတွေကိုစိုက်ပျိုးတော့မယ်ဆိုရင်လည်း အသုံးဝင်နိုင်ပါတယ်။ ဒါကြောင့်မို့ သေချာမှတ်သားထားစေချင်ပါတယ်။
ဒီလောက်ဆိုရင်တော့ နွေစပါးစိုက်ပျိုးတဲ့အခါမှာ လုပ်ဆောင်သင့်တဲ့အချက်တွေကို သေချာသိရှိသွားလောက်ပြီလို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့ “မောင်စိန်ဝင်း” မိသားစုကနေဝေမျှပေးလိုက်တဲ့ ဒီအချက်တွေကြောင့် တောင်သူဉီးကြီးတို့ရဲ့လယ်တွေမှာ နွေစပါးတွေရွှေလိုသီးသွားလို့ အလှူပွဲတွေခြိမ့်ခြိမ့်သဲကျင်းပကြတော့မယ်ဆိုရင်…
ကျွန်တော်တို့ “မောင်စိန်ဝင်း” မိသားစုကို ဖိတ်ဖို့မေ့မနေပါနဲ့ဦးနော် 😁
📌 ဆိုင်အမှတ် (၁)
အမှတ် ၁၈၃၊ ၈၃ လမ်း၊ ၂၆ x ၂၇ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
09-444461630,09-754030011,09-445553778
09-773165559,09-786515558
09-777515245,09-402620334
📌 ဆိုင်အမှတ် (၂)
အမှတ် ၂၁၄၊ ၂၇ လမ်း။ ၈၂ x ၈၃ လမ်းကြား၊ မန္တလေးမြို့။ (အပိုပစ္စည်း)
Ph: 09-777881358,09-788885354,
09-91017573, 09-962017573
📌 ဆိုင်အမှတ် (၃)
(၈၁) လမ်း၊ ၂၁ x ၂၂ ကြား၊ ဗောင်းတော်ကျဘုရားနှင့် မျက်နှာချင်းဆိုင်၊ မန္တလေးမြို့။
Ph: 09-256778889,09-447087036,
09-402595326, 09-402595327
📌 ဆိုင်အမှတ် (၄)
အမှတ်-၉၃၇၊ ရှုခင်းသာမြို့ပတ်လမ်း၊ အောင်ဇေယျလမ်းနှင့် မြို့မ ၁၂-လမ်းကြား၊ (၄) မြောက်ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။
Ph: 09-893833334, 09-893833335,
09-893833336, 09-893833337
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No(183) 83rd Street, Between 26th & 27th Streets
Mandalay
100101
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
| Saturday | 08:30 - 17:30 |
| Sunday | 08:30 - 17:30 |