Tech Talk MM

Tech Talk MM

Share

Photos from Tech Talk MM's post 24/10/2024

ဒီနေ့ Qualcomm ကုမ္ပဏီက Mobile device တွေအတွက် Snapdragon 8 Elite ဆိုတဲ့ Processor အသစ်ကို ကြေညာလိုက်ပါပြီ။ ဒီ Chip မှာတော့ အရင်က သုံးနေကျ Kryo CPU တွေအစား Oryon ဆိုတဲ့ CPU အသစ်ကို ပြောင်းသုံးထားတယ်တဲ့။ Qualcomm က ဒီ Snapdragon 8 Elite က "ကမ္ဘာပေါ်မှာ အမြန်ဆုံး မိုဘိုင်းဖုန်းသုံး CPU" လို့တောင် ကြွားထားသေးတယ်။ iPhone 16 Pro တွေမှာ သုံးထားတဲ့ A18 Pro ချစ်ပ်ထက်တောင် သာတယ်တဲ့ဗျ။

ဒီ Oryon CPU က Apple ရဲ့ နောက်ဆုံးထွက် ချစ်ပ်တွေလိုပဲ 3-နာနိုမီတာ နည်းပညာနဲ့ ထုတ်လုပ်ထားတာ။ CPU Core 8 ခုပါတယ်။ ဒီထဲမှာ Prime Core 2 ခုနဲ့ Performance Core 6 ခု ပါဝင်တယ်။ အမြန်ဆုံး CPU speed အနေနဲ့ 4.32 GHz အထိ မြန်နိုင်တယ်တဲ့။ ပြီးတော့ "CPU ထုတ်လုပ်မှုနယ်ပယ်ထဲမှာ အကြီးဆုံး shared cache ပါဝင်တယ်လို့ဆိုထားပြီး ဒေတာတွေကို အမြန်ဆုံး ကူးပြောင်းရယူနိုင်တယ်" လို့လည်း ဆိုထားတယ်။ Adreno GPU အသစ်လည်း ပါဝင်ပြီး စွမ်းဆောင်ရည် ပိုမြန်ပြီး ဘက်ထရီ ပိုခံတယ်တဲ့။

Generative AI နဲ့ပတ်သက်တဲ့ ဉာဏ်ရည်တု စွမ်းဆောင်ရည်တွေလည်း ပါဝင်တယ်။ ဒီ Chip မှာ Qualcomm AI Engine ဆိုတာ ပါလာပြီး စာသား၊ အသံ၊ ပုံတွေကို ပိုပြီး နားလည်နိုင်တယ်။ ဖုန်းရဲ့ကင်မရာကနေ မြင်ရတာတွေကို အခြေခံပြီး လုပ်ဆောင်ပေးနိုင်စွမ်းတွေ ပိုမြင့်လာမယ်လို့ဆိုတယ်။

ယခင်မျိုးဆက် 8 Gen SoC တွေနဲ့ နှိုင်းယှဉ်ရင် CPU စွမ်းဆောင်ရည်က 45% ပိုကောင်းလာပြီး၊ ဘက်ထရီသုံးစွဲမှုကလည်း 44% ပိုကောင်းလာတယ်လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ ဒီချစ်ပ်မှာ Qualcomm Snapdragon X80 5G modem ၊ Wi-Fi 7 နဲ့ 5G ထောက်ပံ့မှုတွေ ပါဝင်တယ်။ ဒီ SoC အသစ်ကို Google, Samsung, OnePlus, Xiaomi တို့လို ဖုန်းကုမ္ပဏီတွေရဲ့ အသစ်ထွက်မယ့် Flagship level Android device တွေမှာသုံးသွားမယ်လို့ သိရပါတယ်။

Photos from Tech Talk MM's post 24/10/2024

ပြီးခဲ့တဲ့လတွေကတည်းက OnePlus 13 နဲ့ပတ်သက်တဲ့ ကောလဟလတွေ အများကြီးထွက်နေတာ။ OnePlus ကိုယ်တိုင်ကလည်း သူတို့ရဲ့အသစ်ထွက်မယ့် ဖုန်းအကြောင်း ဟိုနည်းနည်း ဒီနည်းနည်း ပြောနေတာပေါ့။ အခုတော့ သူတို့က ဖုန်းထွက်မယ့်ရက်ကို ကြေညာလိုက်ပြီး၊ ဖုန်းဒီဇိုင်းကိုလည်း အသေးစိတ် ပြလိုက်ပါပြီ

OnePlus က Weibo မှာ OnePlus 13 နဲ့ပတ်သက်တဲ့ ဗီဒီယိုတစ်ခု တင်ထားတယ်။ အဲဒီမှာ OnePlus 13 ရဲ့ဒီဇိုင်းကို ဒီဗီဒီယိုကနေ တွေ့ရလဲဆိုတော့ စက်ဝိုင်းပုံစံ နောက်ကင်မရာအိမ် (OnePlus 12 ရဲ့ နောက်ဘက်ခြမ်း ကင်မရာအိမ်ဒီဇိုင်းနဲ့မတူတော့ပါ) Hasselblad တံဆိပ်၊ Flat ဖြစ်သွားတဲ့ ဘေးဘောင်ဒီဇိုင်း၊ alert slider ပါဝင်တာတွေပေါ့။ ရှေ့ Display ကလည်း မှန်ခုံး Curved Display မဟုတ်တော့ဘဲ Flat Display ဖြစ်သွားပါပြီ။

OnePlus 13 ကို White Dew Morning Dawn၊ Blue Moment နဲ့ Obsidian Secret Realm စတဲ့အရောင် ၃ မျိုးနဲ့ ထုတ်မှာပါ။

OnePlus ရဲ့ OnePlus 13 အကြောင်း ဗီဒီယိုနဲ့ နောက်ပို့စ်တွေမှာ OnePlus က အောက်တိုဘာ ၃၁ ရက်၊ ညနေ ၄ နာရီ GMT+8 (မနက် ၄ နာရီ ET) မှာ မိတ်ဆက်မယ့်အကြောင်းလည်း ပြောထားတယ်။ တရုတ်နိုင်ငံမှာပဲ မိတ်ဆက်မယ့်ပွဲဖြစ်မယ်ထင်တယ်။ စရောင်းမှာကတော့ ၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်လောက်မှာ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် OnePlus က မကြာခင်ထွက်ရှိမယ့် OnePlus 13 ရဲ့ လုပ်ဆောင်ချက်တချို့ကို အတည်ပြုထားပြီးသားပါ။ Snapdragon 8 Gen 4 ချစ်ပ်နဲ့ nifty local refresh rate လို့အမည်ပေးထားတဲ့ Display နည်းပညာအသစ်ပါတဲ့ BOE X2 OLED Display ၊ IP68/IP69 အဆင့်သတ်မှတ်ချက်၊ 6,000mAh ဘက်ထရီ၊ 100W ကြိုးနဲ့အားသွင်းတာ၊ 50W ကြိုးမဲ့အားသွင်းစနစ်နဲ့ 50MP ကင်မရာ
သုံးလုံးပါ နောက်ဘက်ကင်မရာစနစ် ပါဝင်မယ်လို့ သိရတယ်။

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay