CBH
အရွယ်ရောက်လာတာနဲ့အမျှ တစ်ချို့ဆုတောင်းတွေက ပြောင်းသွားတယ်
ဘ၀မှာ တရားမျှတသောသူ တစ်ယောက်အဆင်ပြေဖို့ တစ်ခြားတစ်ယောက်ကို ထိုးမချတဲ့သူ စည်းကမ်းကို စည်းကမ်းလို လိုက်နာတဲ့သူ အဲ့လိုလူမျိုးတွေနဲ့ဘဲ များများတွေ့ဖို့ဆုတောင်းတယ်
ကိုယ်တိုင်ကလဲ အဲ့လိုလူဖြစ်ဖို့ အမြဲ remind လုပ်နေရတယ်
ခုတစ်လောကတော့ ဘာနေနေ အိမ်ပြန်ချင်တာ
နေမကောင်းဖြစ်ရင်လဲ အိမ်ပြန်ချင်တယ်
ဇာတ်ကားကြည့်ရင်းလဲ အိမ်ပြန်ချင်တယ်
စာအုပ်ဖတ်ရင်းလဲ အိမ်ပြန်ချင်တယ်
အလုပ်ပင်ပန်းရင်လဲ အိမ်ပြန်ချင်တယ်
တစ်စုံတစ်ယောက်ကို သတိရတဲ့ခါလဲ အိမ်ပြန်ချင်တယ်
အဲ့ဒီ့ စကားသံချိုချိုတွေက လွတ်မြောက်နိုင်ဖို့ ဘယ်လောက်ဝေးဝေးထိပြေးဖို့လိုလည်း လော်ရီယာ
Love language ကတော့ ကောင်းမှုကုသိုလ်တွေလုပ်တိုင်း ချစ်တဲ့သူကိုပါ အတူရစေချင်တာ
ဒီလိုရက်တွေဆို ကိုယ်ဟာ အိမ်ကိုသိပ်သတိရတယ် မိသားစုတွေ ဆွေမျိုးတွေအပါအ၀င် ကြောင်လေးတွေကောပေါ့ နောက်ပြီး အိမ်နဲ့တူတဲ့ တစ်ယောက်ကိုကော
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay