Miko-Singer

Miko-Singer

Share

15/02/2025

📚 #သိစေချင်တယ်✍

တစ်ခြားသူတွေကိုသာ
လိမ်လို့ ရချင်ရမယ်
ကိုယ့်စိတ်ကိုတော့ လိမ်မရဘူး...
ဟန်ဆောင်ခြင်းက
ပင်ပန်းမှုကိုဖြစ်စေတယ်...

နေသားကျလာတဲ့
ဟန်ဆောင်ခြင်းက
လူရဲ့ပါဝါတွေကို
တဖြည်းဖြည်းတိုက်စား
စိတ်ဓာတ်တွေ ခြောက်ခြားလာမှ
နောင်တတွေ မရမိပါစေနဲ့....

အကြိုက်မို့ ကောင်းတာ မဟုတ်ဘဲ
အကောင်းကို ကြိုက်တတ်မှ
ဘဝရဲ့အလှဆိုတာ ရှာစရာမလိုပဲတွေ့ရမှာ....

ကိုယ်ချင်းစာတယ်ဆိုတဲ့စကားက
ပါးစပ်ဖျားမှာ ထားရမှာ မဟုတ်ဘူး...
နှလုံးသားနဲ့ ခံစားပြီးမှ ပြောသင့်တယ်...

ကျေးဇူးပါ လို့
ခပ်ပေါ့ပေါ့လေးပြောပြီး
အပြုံးတုတွေ လာပေးနေတဲ့
မျက်နှာတချို့ကိုကြည့်ရင်း
ကျေးဇူးရဲ့ အဓိပ္ပာယ်ကို
သူတို့သိပါ့မလားတွေးမိတယ်....

အခွင့်အရေးကို
လက်တဆုံးနှိုက်ပြီးမှ
အားနာပါတယ်ဆိုတဲ့ စကားက
စော်ကားသလို ဖြစ်မနေဘူးလား
တချက်လောက်တော့
စဉ်းစားကြည့်စေချင်တယ်...

စေတနာကောင်းဆိုတာ
လူတိုင်းခံစားခွင့်ရှိတယ်
ဒါပေမယ့်....
တန်ဖိုးဖြတ်ခွင့်တော့ မရှိဘူး....
စော်ကားခွင့်လဲ မရှိဘူး...

15/01/2025

မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို
လူတွေသိတယ်
ဒါပေမယ့်
လူတိုင်းက မင်း ကောင်းကြောင်းကို
ပြောချင်ကြမှာ မဟုတ်ပါဘူး ...

ဘာဖြစ်လို့လဲဆိုတော့ ....
မင်း မကောင်းကြောင်းကို ပြောဖို့
မင်း မှားမယ့် တကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ....။

မင်း အကြိမ်ကြိမ် ကူညီပေးခဲ့ဘူးတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းရဲ့ပေးဆပ်မှုကို
မှတ်သားထားကြမှာ မဟုတ်ပါဘူး

ဘာဖြစ်လို့လဲ ဆိုတော့ ....,
မင်းကို အပြစ်တင်ပြောဖို့
မင်း မကူညီ နိုင်မယ့် တစ်ကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ... ။

မင်း တော်တယ် ဆိုတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းအတွက်
ဂုဏ်ယူ ချီးမွမ်း ချင်နေကြမှာ မဟုတ်ပါဘူး

ဘာဖြစ်လို့လဲ ဆိုတော့....,
မင်းကို ကဲ့ရဲ့ မေးငေါ့ကြဖို့
မင်း ခြေချော်ပြီး ပြန်မထ နိုင်မယ့်နေ့ကို
သူတို့
စောင့်နေကြလို့ပါပဲ....။

လွန်း ...( သံလွင်မြေ )

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay