History notes
03/06/2026
"ရှင်ဗိုင်းတုတ်"
(နန်းသက်အတိုဆုံးသော နန်းမတော်)
ကုန်းဘောင်နန်းဆက်မှာ ဘိုးတော်ဘုရား ရဲ့ နန်းမတော် မယ်လွန်းမယ် ဟာ နန်းမတော်ဘဝနဲ့ ၂၅ နှစ်ကြာ နန်းစံပြီး နန်းမတော်သက် အရှည်ဆုံး ဖြစ်ခဲ့ပေမယ့် ဖောင်းကားမင်းရဲ့ မိဖုရားကြီး ရှင်ဗိုင်းတုတ် ကတော့ မိဖုရားကြီး ဘဝ ခုနစ်ရက်သာ နန်းစံခဲ့ရပြီး ကုန်းဘောင်သမိုင်းမှာ နန်းသက် အတိုဆုံး ဖြစ်ခဲ့ပါတယ်။
မိဖုရား ရှင်ဗိုင်းတုတ် ဟာ စဥ့်ကူးဘုရင် လက်ထက်မှာ နန်းမတော် ဖြစ်သူ အစ်မတော်ဝမ်းကွဲ မိဖုရားခေါင် ရှင်မင်း မျက်နှာနဲ့ နန်းတော်အနောက်ဆောင်မှာ စံခဲ့ရပါတယ်။
ဒီလိုအချိန်မှာပဲ စဥ့်ကူးဘုရင် ဟာ မင်းမယ်တော်၊ မင်းမိဖုရား၊ မင်းသမီး အပေါင်းတို့နဲ့ အညာသီဟတော အရပ်ကို ဘုရားဖူး ထွက်တော့ ရှင်ဗိုင်းတုတ်ဟာ အနောက်ဆောင်မှာ ချန်နေရစ်ခဲ့ပြီး ဖောင်းကားရွာနေ မင်းသားမောင်မောင်ကို လှမ်းလင့်ခေါ်ဆောင်ကာ နန်းတွင်းလာစေခဲ့ပါတယ်။
ရှင်ဗိုင်းတုတ် နဲ့ အချိန်အဆက်ပြုပြီး ရောက်ရှိ လာတဲ့ ဖောင်းကားစား ဟာ အရက်မူးလို့ ပြန်လာတဲ့ စဥ့်ကူးဘုရင် အသွင်နဲ့ ဟန်ဆောင်ရုပ်ဖျက်ပြီး နန်းမြို့တံခါး ဖွင့်စေကာဖြင့် ထီးနန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပါတော့တယ်။
ဒါနဲ့ပဲ ဖောင်းကားမင်းဟာ မိမိကို နန်းရအောင် ကူညီပေးတဲ့ ရှင်ဗိုင်းတုတ် ကို မိဖုရားကြီး အရာထားလို့ နန်းတက်လာခဲ့ပါတယ်။
သို့ပေမယ့် ဖောင်းကားမင်းလက်က ထီးနန်းကို စစ်ကိုင်းဖက်ကမ်းမှ ဘထွေးတော်ဗဒုံမင်း လာရောက်သိမ်းပိုက်လို့ ခုနစ်ရက်သာ ရှည်ကြာခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဖောင်းကားမင်းရော မိဖုရားကြီး ရှင်ဗိုင်းတုတ် ရော ဗဒုံမင်းရဲ့ အမိန့်နဲ့ ရေချစီရင်ခံခဲ့ရပြီး ကုန်းဘောင်သမိုင်း မှာ နန်းသက်အတိုဆုံး မင်း၊ မိဖုရားဘဝကို ရောက်ခဲ့ရပါတော့တယ်။
#မင်းနန်သူ
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay