KPT - Auto Services

KPT - Auto Services

Share

12/07/2023

Chevrolet spark caution code မြန်မာဘာသာဖြင့်

👇Code number

2-အဝေးထိန်းသော့မတွေ့ရှိပါ
3-coolant ရေအေးဆေးဖြည့်ပါ
4-အင်ဂျင်အပူလွန်ကဲမှုကြောင့်A/Cပိတ်ထားသည်
5-EPS ပါဝါစတီယာရင်ပိတ်ထားသည်
6-ဘရိတ်နင်း၍ဟမ်းဘရိတ်ချပါ
7-စတီယာရင်လှည့်ပြီးသော့ပိတ်ဖွင့်လုပ်ပေးပါ
9-စတီယာရင်ကိုလှည့်ပြီးပြန်တည့်ပေးပါ
11-ဘရိတ်ဂရုစိုက်ပါ
12-အင်ဂျင်သာမန်ထက်ပိုအလုပ်လုပ်နေရသည်
13-ကွန်ပရက်ဆာအပူလွန်ကဲနေသည်
14-ဟမ်းဘရိတ်နှင့်ဘရိတ်များစစ်ဆေးပါ
16-ဘရိတ်မီးစစ်ဆေးပါ
18-ဘယ် အောက်မီး စစ်ဆေးပါ
19-အနောက်မီးစစ်ဆေးပါ
20-ညာ အောက်မီးစစ်ဆေးပါ
21-ဘယ်ဖက်ကားစောင်းစစ်ဆေးပါ
22-ညာဖက်ကားစောင်းစစ်ဆေးပါ
23-ပြောင်းပြန်အလင်းစစ်ဆေးပါ
24-လိုင်စင်နံပါတ်ပြားမီးစစ်ဆေးပါ
25-ဘယ်ဖက်ရှေ့မီးစစ်ဆေးပါ
26-ဘယ်ဖက်နှင့်နောက်မီးများစစ်ဆေးပါ
27-မှန်ရှေ့နှင့် မှန်ကိုစစ်ဆေးပါ
28-ညာဖက်နောက်မီးများစစ်ဆေးပါ
35-အဝေးထိန်းသော့မှဘက္ထရီလဲပါ-စမတ်ကီးဓါတ်ခဲ
36-Stabilitrak ပြန်မှတ်ပါ
37- လမ်းချော်စနစ်အသုံးပြုမရပါ
48-Blind spot Waringမျက်ကွယ်နေရာသတိပေးစက်ခေတ္တပိတ်၍နောက်အချက်လက်အတွက်ပြန်ဖွင့်ပါ
49-လမ်းသွယ်မှထွက်လာသောယာဉ်သတီပေးစနစ်သုံးမရပါ
52-တိုင်မီဘတ်ကြိုးလဲပါ
53-လောင်စာဆီအဖုံးပိတ်ပါ
54-ဆီတွင်ရေပါဝင်မှူရှိ၍ပြုပြင်ရန်လိုအပ်သည်
56-ရှေ့တာယာများလေပေါင်မညီပါ
57-နောက်တာယာများလေပေါင်မညီပါ
58-တာယာသည်နှင်းများနှင့်ထိမိသည်
59-ယာဉ်မောင်းသူ၏ပြတင်းပေါက်အောက်သို့အကုန်ချပါ
60-ခရီးသည်ပြတင်းပေါက်အကုန်နိမ့်၍ပြန်မြင့်ပါ
61-နောက်ဘယ်ပြတင်းပေါက်အကုန်နိမ့်၍ပြန်မြင့်ပါ
62-နောက်ညာပြတင်းပေါက်အကုန်နိမ့်၍ပြန်မြင့်ပါ
65-ခိုးယူမှူထောက်လှမ်းခြင်း
66-သူခိုးအချက်ပေးထိန်းသိမ်းမှူလိုအပ်သည်
67-စတီယာရင်သော့ခတ်ရန်လိုအပ်သည်
68-ပါဝါစတီယာရင်ပြုပြင်ရန်လိုအပ်သည်
70-Suspension leveling device ပြုပြင်ရန်
75-လေအေးပေးစက်ပြုပြင်ရန်
76-မျက်ကွယ်သတိပေးစနစ်ပြုပြင်ရန်လိုအပ်သည်
77-ရှေ့ကင်မရာပြုပြင်ရန်လိုအပ်သည်
79-အင်ဂျင်ဝိုင်ဖြည့်ပါ
81-ဂီယာပြုပြင်ရန်
82-အင်ဂျင်ဝိုင်လဲရန်
84-အင်ဂျင်ဆွဲအားကျသည်
88-အဝေးထိန်းသော့သတ်မှတ်နေရာထားပြီးမှမောင်းပါ
89-ယာဉ်အောက်ပိုင်းစစ်ဆေးပါ
91-အဝေးထိန်းသော့ မတွေ့ရှိပါ
92-အဝေးထိန်းသော့ချိန်ဆက်မှူမရပါ ဘရိန်နင်း၍ပြန်စပါ
93-စက်နိုးခြင်းရပ်ရန်ခလုပ်ကိုတဖန်ပြန်နိပ်ပါ
94-ဂီယာPသို့ပြောင်းပါ
95-သက်ကယ်လေအိတ်ပြုပြင်ပါ
96-အလိုလျှေက်တခါးပိတ်စနစ်မရပါ
98-power lift switch ပိတ်ထားသည်
120-ချဉ်းကပ်လမ်းထိန်းချုပ်မှူစနစ်သုံးရန်အရွန်ရှော့ပါ
128-အဖုံးဖွင့်ထားသည်
134-ယာဉ်ရပ်နားအကူညီစနစ်ပိတ်ထားသည်
136-ယာဉ်ရပ်နားအကူညီပြုပြင်ရန်
145-မှန်ဆေးကြောရေဖြည့်ပါ
151-အင်ဂျင်နိုးရန်ဘရိတ်ကိုနင်းပါ
174-ဘက္ထရီအားနည်းနေသည်
258-ယာဉ်ရပ်နားအကူပိတ်ထားရန်
Chevrolet sparkစီးသူများအားလုံးအဆင်ပြေစွာနားလည်စေရန်

Credit to Owner.

- Auto Services

23/01/2023

#ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ.....

၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက္ထရီ ကြောင့်လား ? starter motor ကြောင့်လား ဆီကုန်နေတာလား?
သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့
အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။
(ဟွန်းတော့ကောင်းရမယ်)

၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး
တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မွ ၁၅ စက်ကန့်)
လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။

အကြောင်းရင်း ကေတာ့ အင်ဂျင်ဝိုင်တွေ
အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။
ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး
တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွား
အောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။

၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့
ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။
ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင်
ထိုးမရပ်မခြင်းစီးတော့တာပါပဲ။
owner manual / service manual စတဲ့
စာအုပ်လေးတွေ ကားမွာ ပါရင်ပါ မပါရင်
online ကေနရွာ ဖတ်လို့ရပါတယ်။

ဒီမွာက ကိုက်ညီတဲ့ octane number
သိတောင်မှ ရွိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ်
92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီး
ကျွန်တော် ရေးပြီးသားပါ။
ဆီနဲ့ ပတ်သတ်ပြီးတော့ကံဆိုး/ ကံကောင်းပေါ့။

၎။ အင်ဂျင်ဝိုင် လဲဖို့ကေတာ့ ယေဘူယျ အားဖြင့်
5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား
ကောင်းရင် ကောင်း သလို 10000 km ထိရတာလည်း
ရှိပါတယ်။ အဓိက ကေတာ့ သတ်မှတ် level
(lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level
အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်
မ်ားမ်ားက customer အကြိုက် အင်ဂျင်ဝိုင်ပုံး
အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်
များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။
အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါ
တယ်။

၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။
over ဖြစ်လို့ ကျွန်တော် အျမဲ ပြန်စုပ်ထုတ်ရပါတယ်။
ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့
dip stick ထုတ်ပြီး အဲ့အေပါက္ကေန ပိုက်ထိုးပြီး
(ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။
အရေးကြီးတာ ကေတာ့ ATF နဲ့ CVTF မမွားဖို့ပါပဲ။
Theory အရ ATF ကို CVT မှားထည့်တာထက်
CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။
ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။

ဒီမွာ လေ့လာကြည့်ပါ

၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ
ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။
ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေး
သလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့
အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။
plug ဆေးတဲ့ဆေးရည်သုံးပြီး သြားပြတ္တံ
လေးနဲ့ပဲ ဆေးရမှာပါ။
ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံး

၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး
ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။
(ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါနှင့်)
အျမဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေလေး
ဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်
ပြန်ဖွင့်ကြည့်ပါ။လျော့နေရင် leakage ဖြစ်နေတာပါ။
တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။
ရေပြန်ဘူးက စစ္တာ အကောင်းဆုံးပါ။
ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံ
တတ်ပါတယ်။ ဂရုစိုက်ပါ။

၈။ တာယာလေပေါင်ကို driver door နောက်မှာ
ကပ္ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်
တဲ့ ကိရိယာလေးဝယ်ထားပါ(၃၀၀၀ကျပ်)တချို့ဆိုင်
တွေက လေပေါင်တော်တော်များပါတယ်။
အကြောင်းက
လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက
အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက္တာပါ။
သတိထားပါ။ တာယာတွေကတော့ Theory မွာ
၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး
၎ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။
တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို
အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။

၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကေတာ့ ပြောဖို့
လိုမည် မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။
ဒီ ၁၀ ခ်က္ကေတာ့ ကားဝယ်စီးပြီး ဘောနပ်ဖုံး
တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။

ကားနဲ့ပတ်သတ်သူများ ကားကြောင့်
စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း။
++++++++++++++++++++++++

creditပေးပါသည်။

21/01/2023

အော်တိုဂီယာ မှာ ပါတဲ့ Over Drive အရှိန်ထိန်းခလုတ်အကြောင်း
********************
ကီလို 100 ကျော်နေရင် အရှိန်ကိုO/D
နဲ့လျှော့ပါ ကီလို60/70 ဆိုရင် အရှိန်ကို2နဲ့လျှော့ပါ Lကတော့ဝိတ်နဲ့အမြင့်တတ်ရင်သုံးပါ...
[ " ကီလို-၁၀၀-အေးဆေးပါ------ဒါပေမယ့်--၁-စက္ကန့်မှာ-၈၈--ပေ--သွားနေတာတော့-သင်သိပါ-" ]
၁-စက္ကန့်မှာ-၈၈-ပေ-သွားနေတာကိုအချိန်မီထိန်းချုပ်နိုင်မှ-ကားတစ်စီးဟာ-ဘေးကင်းစွာရပ်တန့်သွားမှာပါ-
ကားရဲ့လားရာအမှန်ကို-လက်ကိုင်ဂွေကို-ထိန်းချုပ်လို့တစ်မျိုး--ကားမြန်နှုန်းကို-ဂီယာ-ဘရိတ်-များနဲ့စနစ်တကျလည်းထိန်းချုပ်တတ်ရပါသေးတယ်-
အဓိက-ပြောပြချင်တာကတော့-ခုခေတ်ပေါ်လူစီး-ကားအားလုံးနီးပါးမှာ-AT/CVT-စနစ်များနဲ့လာတဲ့-အော်တိုဂီယာ-ဖြစ်လို့သွားပါပြီ-
--ယခင်မော်ဒယ်များမှာ-ပါနေကျ--ဂီယာဘုတံကြီးဘေးနားက--အသီးလေးဖြစ်တဲ့--OverDrive- On/Off--ဆိုတဲ့ဖန်ရှင်လေးကို--
အရှိန်-90/100km--လောက်နဲ့မောင်းနေရင်း--လမ်းရဲ့-curve--တွေ-band ---တွေကိုရောက်လာတဲ့အခါ--ဘရိတ်ကိုအရင်မဖမ်းပဲ--
-O/D --On-Off--ဖန်ရှင်ဘုလေးကို-ဖွင့်လိုက်ပိတ်လိုက်ကစားပြီးမောင်းတတ်ဘို့-ကိုလည်းလက်တွေ့ပြောပြလိုက်ပါတယ်--
-P-နဲ့-R--ကိုထိုးဘို့နှိပ်လိုက်ရတဲ့ဘုအကြီးမဟုတ်ပါ---ဒါနဲ့မမှားပါနဲ့--
အဆိုးဆုံးက-ဒီဘုလေးအလုပ်လုပ်ပုံကိုဘာမှန်းမသိ-ညာမှန်းမသိပဲ--ကိုင်လို့ကောင်း-ကြည့်လို့ကောင်းအောင်--အလှအပအစွပ်တွေစွပ်လိုက်တာဟာလည်း-
စနစ်တကျမောင်းဘို့ကိုသင်ပေးလို့မရတော့ပါဘူး--တတ်နိုင်ရင်လက်ကိုင်ဂီယာတံကိုဘာမှမစွပ်ပါနဲ့--ဟုတ်တယ်ဟုတ်-
ဒီ-ဘုလေး-အဖွင့်အပိတ်ကို--ကီလိုမနဲမများအရှိန်လောက်ရောက်မှ-စမ်းကြည့်ရင်-
သူ့ရဲ့အလုပ်လုပ်ပုံကသိသာစွာတွေ့ရပါတယ်--မြို့ထဲနှေးနှေးမောင်းနေတဲ့အချိန်မျိုးမှာတော့--ထူးခြားတာတွေ့ရမှာမဟုတ်ပါ---
ဟိုက်ဝေးလမ်းကြောင်းပေါ်မှာ--ကီလို-မနဲမများနဲ့----၉၀-၁၀၀-ကျော်ကျော်လောက်မောင်းနေရင်း--စောစောကပြောပြတဲ့-ဂီယာတံလက်ကိုင်ကြီးအောက်နားက-
ဘေးဘက်မှာရှိတဲ့-ဒီဘုသီးလေးကိုနှိပ်လိုက်ရင်--ဒိုင်ခွက်ထဲမှာ--O/D --On-Off --ဆိုတဲ့လိမ္မော်ရောင်-မီးလေးလင်းလာပါလိမ့်မယ်-
-ဒီအချိန်မှာ--ဒီဖန်ရှင်ကစတင်အလုပ်လုပ်ပါပြီ--
-ကားရဲ့တက်လာတဲ့-Speed--ကို-ကွန်ထရိုးလေးလုပ်လိုက်ပါပြီ--ကား--အရှိန်နှုန်းမြန်လာမှုကို-သတိပေးချုပ်ချယ်လိုက်ပါပြီ-
ဂီယာဘောက်ခေါ်တဲ့ထရန်စမစ်ရှင်းအားကိုးနဲ့အရှိန်အမျိုးမျိုးပြောင်းကာမောင်းနေတဲ့-ကား-အမြန်နှုန်းဟာ-ရုတ်တရက်---စည်း--ကနဲဖြစ်သွားပါပြီ-
-လွတ်လွတ်လပ်လပ်ပေါ့ရွှတ်ရွှတ်ကြီး-နဲ့ပြေးချင်တိုင်းပြေးမနေတော့ပါဘူး--
-ဒီတော့--Over Drive --မဖြစ်အောင်ထိန်းထားပေးတဲ့သဘောလည်းသက်ရောက်သွားပါတယ်--ဒီအချိန်မှာဘရိတ်ကိုလိုအပ်လို့မှေးမယ်-နင်းမယ်ဆိုပါတော့-
အင်ဂျင်ကွန်ထရိုးတစ်ခုက-လိုအပ်သလိုပံ့ပိုးထားလို့--ဘရိတ်အတွက်လည်းအထောက်အကူပြုပါတယ်--
အမြဲတန်း-ဒီဘုလေးကို-နှိပ်ထားပြီးမောင်းရင်လည်းရပါတယ်----ဒိုင်ခွက်ထဲမှာ-လိမ္မော်ရောင်မီးလေးလင်းလာတာကိုမြင်ရပါမယ်---
နိုင်ငံခြားမှာတော့-ဟိုက်ဝေးလမ်းကိုတက်လိုက်ပြီဆိုတာနဲ့အပြီးနှိပ်မောင်းတယ်လို့သိရပါတယ်--သူ့အဓိပါယ်အရလည်း--အိုဗါဒရိုက်--မဖြစ်အောင်လုပ်ထားပေးတယ်ဆိုပါတယ်-
သူတို့ကတော့-ဆီလေးနဲနဲပိုစားတာကိုဂရုစိုက်ဘို့မလိုဘူးလေ--ဒီမှာက--ဒါမျိုးကိုလုပ်ဘို့အသာထား--ဆီစားသက်သာအောင်-ဘာဂီယာဖြစ်ဖြစ်-
ဖရီးရိုက်နေတာကိုတွေ့နေရပါတယ်----ဂီယာကွန်ထရိုးမပါပဲလွတ်လွတ်လပ်လပ်ကြီးသွားနေတဲ့ကားဟာအလွန်အန္တရာယ်များပါတယ်--
ကားရပ်ဘို့အတွက်-ဘရိတ်တစ်ခုထဲပဲအားကိုးပြုရတော့မယ်--ဒါဟာမကောင်းပါဘူး--
အိုဗါဒရိုက်ကွန်ထရိုးနဲ့သုံးပြီးကားကိုအရှိန်နဲ့မောင်းနေတဲ့အခါ-
-စည်းစည်းလုံးလုံးနဲ့မောင်းနေတာကိုသိရမယ်---ဒါပေမယ့်--ဆီတော့နဲနဲပိုစားပါမယ်----
လမ်းကွေ့တွေ-အစောင်းတွေရောက်တဲ့အခါ--မှာ--ရုတ်တရက်--အရှိန်များသွားတာကိုမခံရပါ--OverDrive--ဖြစ်လာမှာကိုတားဆီးပေးထားတာပါ--
နင်းလိုက်ရင်လည်း--စည်းစည်းလုံးလုံးနဲ့ကားကပြေးမယ်-လီဗါကိုလွှတ်လိုက်ရင်လည်း--ကားက--ဂီယာအောက်တစ်ချက်ကိုဆင်းသွားသလို--ငြိမ့်ကနဲ-
ကွန်ထရိုးအငယ်စားလေး-တစ်ခု၀င်သွားကာ-ထိန်းလို့သိမ်းလို့ကောင်းမယ်ပေါ့ဗျာ--ဘရိတ်အားကိုးနဲ့ထင်တိုင်းမမောင်းရပါဘူး--
ကိုယ်မောင်းနိုင်တဲ့အခြေအနေ-လမ်းအခြေအနေများကိုတွက်ဆကာ--ကိုယ်နိုင်တဲ့ကွန်ထရိုးနဲ့ကားကိုမောင်းရပါတယ်ခင်ဗျာ--
[ ဂီယာတံလက်ကိုင်ဘုပေါ်လက်ကလေးတင်--အော်တိုဂီယာလို့-သဘောမထားပဲ--ဒီ-ဘုသီးလေးကို-လိုအပ်တဲ့အခါ-ဖွင့်လိုက်ပိတ်လိုက်နဲ့မောင်းတတ်ရင်တော့-
အကောင်းဆုံးပေါ့ဗျာ-]
-ကားမောင်းရင်းအပျင်းလည်းပြေတာကိုတွေ့ရမှာပါ--လုပ်စရာအလုပ်တစ်ခုကိုလည်းအမြဲလုပ်ပြီးသားဖြစ်နေတော့--အိပ်ငိုက်လာတဲ့-စိတ်လည်း-
မရှိတော့ဘူးပေါ့--
မောင်းချင်သလိုမောင်း--ကွေ့တွေ-အစောင်းတွေတွေ့တာနဲ့ဘရိတ်ကိုရုတ်တရက်ဖမ်းရင်--ဗဟိုခွါအားတို့--အီနားရှားတို့ဆိုတဲ့သဘောနဲ့ကားကမှောက်တတ်ပါတယ်-
လမ်းကြောင်းလွဲထွက်တတ်ပါတယ်----
မော်တော်ကားရဲ့-ဘရိတ်ဆိုတာ---****ဘီး-၄-ဘီးကိုသာရပ်တန့်စေတဲ့ကိရိယာပါ--****
***ကားတစ်စီးလုံးကိုရပ်တန့်စေတဲ့--အရာ--မဟုတ်ပါ--ဆိုတာကိုလည်း--သိသူအလွန်နည်းပြီး--ဘရိတ်အားကိုးနဲ့မောင်းနေကြသူများနေလို့ပါ--
စောစောကပြောခဲ့တဲ့--အိုဗာဒရိုက်ကွန်ထရိုးဘုအသေးလေးက--နောက်ပေါ်ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ကားအချို့မှာတော့သီးခြားပါမလာတော့ပါဘူး--
(3- AT--ပဲရှိတဲ့မီနီထရပ်ခွေးဘီလူးအုပ်စုကားများမှာမပါပါ-)
ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ဒီကားမျိုးမှာတော့---D-နဲ့-ကပ်လျက်နေရာမှာ--S--ဆိုပြီးရေးထားပါတယ်--အရှိန်များလာရင်--စောစောကပြောထားတဲ့-ဘုသီးလေးကိုနှိပ်သကဲ့သို့---သဘောထားပြီး-
ဂီယာတံကို-D--နေရာမှ--S--နေရာကို-ရဲရဲတင်းတင်းပြောင်းလိုက်ပါ---ကားအရှိန်က-စနစ်တကျလျော့ကျသွားတာကိုတွေ့ရပါမယ်--ရိုးရိုး-AT-ဂီယာတံက-2-ကိုပြောင်းလိုက်သလိုပါပဲ-
ဒါလည်း--အိုဗါဒရိုက်ကွန်ထရိုးပါပဲ--မိမိထိန်းသိမ်းနိုင်တဲ့အရှိန်ကိုပြန်ရတော့မှ-D-ကိုပြန်ထားလိုက်ပါ--မြေပြန့်လိုခရီးဝေးသွားရင်-
ဒီလောက်တော့-ကွန်ထရိုးအသီးသီးလုပ်နိုင်ရပါမယ်---ကျန်တဲ့-ဂီယာ-နေရာပြ-2-တို့--L--တို့အကြောင်းကတော့--သာမာန်မောင်းမယ့်သူများအတွက်-နေပြည်တော်လိုမြေပြန့်လမ်းအတွက်-
သုံးစရာမလိုပါ---တောင်ပေါ်/မြေပြန့်-တက်လိုက်ဆင်းလိုက်လုပ်တဲ့အခါမှသုံးရမှာမို့-ခုတော့ရှင်းမပြသေးပါဘူး--ခုပြောနေတဲ့ခေါင်းစဉ်နဲ့မဆိုင်လို့ပါ-
ခုလိုအခါမျိုးခရီးသွားရာသီရောက်လာတာနဲ့အမျှ-အမြန်လမ်းအသီးသီးမှာ-ကားမျိုးစုံ-က-မိုင်နာ-ရော-မေဂျာရော-အက်ဆီးဒင့်ခဏ-ခဏဖြစ်နေကြတာကိုလည်း-
တှေ့နေ-မွငျနရေတော့-ဖွဖြေောကျဘို့လညျးမလှယျ-မကွစြိထဲတဝဲဝဲလညလြညြ-မွငျရအားကွီးလို့--မကြျစိနောကျ-နားငွီးအောငျသတိပေးစကားပွောကွားနရေတာပါ-
ထပ်မံပြီး-ခု-ဆက်တိုက်ရောက်ရှိလာတဲ့ခေတ်မီကားများအကြောင်းထဲက--ခေတ်မီကိရိယာကွန်ထရိုးများအကြောင်းလည်းပြောပြချင်ပါတယ်-
ဘရိတ်စနစ်များကလည်း--ABS--ဆိုတဲ့--Anti Locked Braking System---များပါလာကြပါတယ်----
ဘရိတ်စနစ်ကိုစပြောပါ့မယ်----ဘရိတ်ဖမ်းလိုက်တဲ့ပုံစံကို-ဘီးကို-လော့ချလိုက်တယ်ပေါ့--ဘရိတ်ကို-လွှတ်လိုက်တယ်ဆိုပါတော့--လော့မချလိုက်တော့ဘူးပေါ့-
ကဲ--အန်တီလော့ဘရိတ်စနစ်ဆိုတာ-ဘာကိုလဲဆိုတော့--ဘရိတ်ကိုရုတ်တရက်-လော့ချလိုက်တာကနေ-ခဏပြန်လွှတ်---ပြီးမှ-တစ်ဘီးချင်းစီကို-
လည်ပတ်နှုန်းမြန်အရ--ဖိအားကိုစနစ်တကျတွက်ချက်လွှတ်ပေးလို့-ဘရိတ်အမိညင်သာသွားပါတယ်-အင်မတန်မြန်တဲ့အချိန်လေးအတွင်းမှာ-ကွန်ပြူတာအာရုံခံ
စနစ်များက-ဘရိတ်ဘူစတာ-ကိရိယာကတစ်ဆင့့်-ဘီးတစ်ဘီးချင်းစီရဲ့-ဟိုက်ဒရောလစ်ပိုက်-အသီးသီးကိုသက်ဆိုင်ရာရှိသင့်တဲ့ဖိအားအလိုက်တွက်ချက်လွှတ်လိုက်ပါပြီ-
ကားတစ်စီးတည့်တည့်မတ်မတ်သွားနေတဲ့ဖြစ်စဉ်တစ်ခုအတွင်းမှာသာ-ဘီး-လေးဘီးကအညီအမျှလည်ပေးပါတယ်--ဒီအချိန်မျိုးမှာ-ဘီး-၄-ဘီးရဲ့-ဘရိတ်ကိုတော့-
အညီအမျှဖမ်းပေးပါလိမ့်မယ်--ဒီအခြေအနေနဲ့-ဒက်စတော့-ဆိုတဲ့-တစ်ချက်ကောင်းအမြန်ဖမ်းခဲ့ရင်-ယခင်ကားဟောင်းများအတွက်စနစ်ဟောင်းနဲ့ဆိုပါက-
ကျွိ-အိ-အိ-ဗျိ---ဆိုတဲ့--လမ်းနဲ့တာယာပွတ်သံကျိမ်းသေထွက်မှာပါ---
လမ်းမှာလည်းမြင်မကောင်း--အောင်--တာယာပွတ်သွားတဲ့လမ်းကြောင်းဟာလည်း-မြွေလိမ်-မြွေကောက်-သဏ္တန်ကျန်ခဲ့မှာပါ--
ကားရပ်သွားပေမယ့်-အိနြေ္ဒပျက်ပါတယ်----ဘရိတ်မိပြီးချိန်-တာယာအားလုံးရပ်ပြီးချိန်ရောက်မှ-ဘရိတ်ဒရွတ်ဆွဲလိုက်တဲ့-အရှိန်နဲ့-ရှေ့က -Object-တစ်ခုခုကို
သွားတိုက်ပါလိမ့်မယ်---ဒီအချိန်မှာကားဟာ-ဘီးတတ်ထားတယ်ဆိုသောငြားလည်း--ဘီးတွေအားလုံးရပ်လျက်အနေထားနဲ့ဖြစ်ကုန်လို့-
-အရာ၀တ္တုတုံးကြီးတစ်ခုလိုဖြစ်သွားပြီး--အီနားရှားသဘောနဲ့ရွေ့မြဲရွေ့နေလိုတဲ့သဘောရှိနေလို့----လမ်းနဲ့-ဘီးရပ်လျက်အနေထားတို့ရဲ့-ပွတ်မှုအနေထားဖြစ်စဉ်များအရ-
တစ်နည်းအားဖြင့်--ဘရိတ်ဖမ်းလိုက်တော့မှ-လမ်းဘေးကိုထိုးကျသွားတာတို့--ရှေ့ကားကိုလွဲသွားပေမယ့်--ဘေးကကျော်တက်လာတဲ့ကားနဲ့-တွေ့သွားကြတာတို့
ဖြစ်ကြရပါတယ်--တစ်နည်းအားဖြင့်-ဘရိတ်အမိကြမ်းခဲ့လို့--ဒရွတ်ဆွဲသွားတဲ့ပြသနာဆိုးကျိုးတစ်ခုပေါ့ဗျာ--ဘီးမလည်တော့-ကားရဲ့လားရာကိုကွန်ထရိုးမလုပ်နိုင်တော့ပါဘူး-
ကွန်ထရိုးမလုပ်နိုင်တဲ့သဘောတရားများကိုပြောပြရရင်--ရှင်းလေရှုပ်လေတော့နဲနဲဖြစ်ပါမယ်-ခုပြောမယ့်သဘောတရားများကို-ဂရုတစ်စိုက်-တော့ရှိလိုက်ပါ-
ကားများမှာရှိတဲ့တာယာပန်းအားလုံးဟာတစ်ပြေးတည်းအထူအပါး-ပုံစံဒီဇိုင်းမရှိနိုင်ပါ--
ဘီးတစ်ဘီးချင်းစီရဲ့ထိတွေ့နေတဲ့-လမ်းမျက်နှာပြင်-အနုအကြမ်းလည်း--မတူနိုင်ပါ--
ဒီတော့-ပွတ်မှုသဘောတရားအရ-
-တာယာမျက်နှာပြင်ကြမ်းနဲ့-လမ်းမျက်နှာပြင်ကြမ်း---ထိတွေ့ပုံကတစ်မျိုး---
-တာယာနုနဲ့-လမ်းမျက်နှာပြင်ကြမ်း-ထိတွေ့ပုံကတစ်မျိုး-
တာယာနုနဲ့လမ်းချောချောက-ထိတွေ့ပုံကတစ်မျိုး-
တာယာကြမ်းနဲ့-လမ်းမျက်နှာပြင်နုနုထိတွေ့ပုံကတစ်မျိုး---ဆိုတဲ့အခြေအနေအမျိုးမျိုးအလိုက်-ဘီးတဘီးချင်းစီရဲ့ဘရိတ်မိပုံမတူနိုင်ပါ--
ဒါကြောင့်လမ်းမှာ--ဘရိတ်ဒရွတ်ဆွဲကြောင်းများက--ရထားသံလမ်းလိုမျဉ်းပြိုင်အနေအထားဘယ်တော့မှမရှိနိုင်တော့ပဲ--မြွေလိမ်မြွေကောက်သဏ္တန်ကျန်ခဲ့တာပေါ့ဗျာ-
ယခင်ကားများက--ပါစကယ်ရဲ့-ဖိအားဆပွားနိယာမကိုအခြေခံထားတဲ့-ဟိုက်ဒရောလစ်ဘရိတ်ပါ--ကောင်းသထက်ကောင်းအောင်-ဘရိတ်ကိုမိသထက်မိအောင်-
ပတ်၀န်းကျင်လေထုအက်တမောစဖီးယားကိုထပ်မံစေခိုင်းဘို့--ဒူရိုဆာဗိုဘရိတ်ဆိုတဲ့စနစ်ကိုလည်းထွင်ခဲ့ကြပြန်တယ်---ဆာဗိုဆိုတဲ့အတိုကောက်ခေါ်တဲ့စနစ်ကို
မှတ်မိကြမှာပါ--နာမည်ကြီး--တိုယိုတာဟိုင်းလပ်--ဒိုင်နာတို့ဆိုတာ--ဘရိတ်အားကိုးနဲ့မောင်းလာကြတဲ့လိုင်းကားများပါ---
ဒါပေမယ့်သူတို့ကားများမှာဘရိတ်ဒရွတ်ဆွဲသွားတယ်ပဲထား--ဘေ့စစ်အခြေခံဆိုတဲ့ကားမောင်းတဲ့နည်းပညာကိုညက်ညက်ညောညောနောကျေနေတဲ့-
ကားမောင်းသူများဆိုတော့---ဘရိတ်ကိုဒီအတိုင်းမဖမ်း--တစ်ဆင့်နိမ့်-ဂီယာဒေါင်းပြီးမှဖမ်းတတ်တဲ့ကောင်းမွန်တဲ့အမူအကျင့်လေးများကိုလည်း-
မူလလက်ဟောင်းဒရိုင်ဗာကြီးများက-အလေ့အကျင့်လုပ်ထားကြပါတယ်---ဒီတော့--ရောက်ရှိဂီယာမှတစ်ဆင့်နိမ့်ဂီယာကိုဒေါင်းလိုက်တဲ့အခြေအနေကိုကြည့်လိုက်တော့--
အင်တီလော့ပါပဲ---အတားအဆီးတွေ့ရင်ရုတ်တရက်ဘရိတ်နဲ့ခဏမှေးလိုက်တယ်-ပြီးရင်အမြန်ဆုံးဂီယာကို-အောက်တစ်ဆင့်ဂီယာသို့-
လီဗါပုတ်ဒေါင်း-ပြီးမှ-ဘရိတ်ကိုအပိုင်ဖမ်းကြပါတယ်-
တစ်ချို့လူများသတိထားမိကြမှာပါ--ကားက-ရုတ်တရက်စက်သံဆူတက်လာပြီး--မြန်နှုန်းက-စည်းစည်းလုံးလုံးကျသွားပါတယ်---တစ်နည်းအားဖြင့်-အတိုင်းအတာတစ်ခုညင်သာပါတယ်-
ဘီးလေးဘီးကိုဘရိတ်ရှုးနဲ့မဖမ်းပဲ-ကားအင်ဂျင်ကွန်ပရက်ရှင်းနဲ့ပြန်လည်ဖမ်းပေးလိုက်တဲ့သဘောပါ--ဒါမှကားတစ်စီးလုံးကိုဘီးအရင်မရပ်စေပဲ-တဖြေးဖြေးချင်းရပ်ပေးမှာပါ-
ခုခေတ်ပေါ်ကားများရဲ့အင်န်တီလော့ဘရိတ်စနစ်ကဘီးအားလုံးကိုအညီအမျှအပိုင်ချက်ချင်းဖမ်းမပေးပါဘူး-
-ဖိလိုက်ပြီးမှနဲနဲချင်းပြန်လွှတ်လိုက်-လိုသလောက်ပြန်ဖမ်းပေးလိုက်-
ဆိုတဲ့အလုပ်ကို--ကွန်ပြူတာအာရုံခံနဲ့ချိန်ညှိလွှတ်နေပါတယ်--ကားအောက်ပိုင်းလုပ်တဲ့အခါဘီးများကိုသေချာစွာလေ့လာလိုက်ပါ-
ဘီးများလည်တဲ့နေရာများမှာအင်န်တီလော့ဘရိတ်အတွက်ဘီးလည်ပတ်မှုအရေအတွက်ကိုတွက်ပေးတဲ့-ပွိုင့်လေးများ--ဆင်ဆာများ-ဆော့ကက်များ-ကိုတွေ့ကြရမှာပါ-
ဒီသဘောတရားကိုမသိတဲ့-အောက်ပိုင်းဆရာများ-အောက်ပိုင်းလုပ်လိုက်တဲ့ကားများကို-ပြန်တတ်ပေးဘို့-ဟိုဆော့ကက်ကျန်-ဟို-ဝါယာကျန်ခဲ့လို့-
အောက်ပိုင်းပြင်လိုက်ခါမှဘရိတ်စနစ်မကောင်းဖြစ်သွားရတဲ့ကားများနဲ့လည်းကြုံခဲ့ဘူးပါတယ်--အနဲဆုံး-ဒိုင်ခွက်ထဲမှာ--ABS--ဆိုတဲ့မီးနီလင်းပြလာလိမ့်မယ်-
ဒါကိုလည်း--AirBag--နဲ့ထပ်ပြီးအမှတ်မမှားနဲ့---
ABS-ကွန်ထရိုးက-နဲနဲလည်တဲ့ဘီးကို-နဲနဲပဲညှစ်--များများလည်တဲ့ဘီးကိုများများညှစ်-
မနဲမများလည်တဲ့ဘီးကိုမနဲမများညှစ်--တတ်နိုင်သလောက်-ဘရိတ်အမိကြမ်းလို့ဘီးတွေဒရွတ်ဆွဲမသွားအောင်သေချာချိန်ညှိဖမ်းကြကွာ-
ဆိုပြီးအမိန့်ပေးနေလို့-မိတော့မိတယ်-အမိမကြမ်းတော့ဘူး---ဒီတော့-ဘရိတ်-ဒရွတ်ဆွဲသံတွေလည်းမကြားရသလောက်ပါပဲ--
ဒါကိုမီးပွိုင့်မှာမီးဝါမိလို့မလွတ်တလွတ်ဖြစ်သွားတဲ့ကားများရပ်
သွားတဲ့ကားများရပ်သွားတဲ့ပုံကိုကြည့်လိုက်ရင်---ကားတော့ရပ်သွားတယ်--ဘရိတ်ဒရွတ်ကြောင်းလည်းမရှိ-အသံလည်း
မကြားရသလောက်ပါပဲ--မီးပွိုင့်မှာငြိမ့်ခနဲတော့ထိုးထိုးရပ်သွားပါတယ်--
ဒါပေမယ့်--နဲနဲလေးမမိတမိနဲ့-ဒက်စတော့ဆိုတာမဖြစ်လို့--ရှေ့ကားနောက်ပိုင်းလေးများကို-Kiss me quick--သွားလုပ်ကြတော့-ခဏ-ခဏမြင်မိပါတယ်--
တက်စီလုပ်ဆွဲစားနေကြတဲ့--ပရိုဘောက်-၁၀-စီးမှာ-၈-စီးလောက်--နောက်ဖက်အဖုံးလေးတွေပိန်ချိုင့်နေကြကိုမြင်ကြရမှာပါ-ဒါဟာလည်းသက်သေတစ်မျိုးပါပဲ-
ဒီပုံလေးတစ်ပုံလည်းကြုံလို့တင်ထားပေးလိုက်တယ်---ဒီတော့အပြင်မှာအတွေ့အကြုံအရလူပြောများနေတဲ့အပြောကိုနားထောင်ကြည့်ပါအုံး--
အော်တိုဂီယာတွေရဲ့ဘရိတ်က--ရိုးရိုးဂီယာလောက်အမိမကောင်းဘူးတဲ့--
ဒါကြောင့်အော်တိုဂီယာတွေက-အက်ဆီးဒင့်ပိုအဖြစ်များတာတဲ့----
ဒါဟာအမှားမှတ်-အမှတ်မှားနေကြတာပါ---ရိုးရိုးဂီယာနဲ့လာလာ-အော်တိုဂီယာနဲ့လာလာ-ဘရိတ်စနစ်ကတော့အများအားဖြင့်-ABS--ဆိုတဲ့ဘရိတ်စနစ်ဖြစ်လို့သွားပါပြီ-
ဘယ်သူကပိုကောင်းတယ်မရှိတော့ပါဘူး--ဒါပေမယ့်-အော်တိုဂီယာမှာ--AT ---CVT--ဆိုပြီးထပ်ကွန့်ထားပါတယ်--AT-ဂီယာနဲ့ကားများက-ဂီယာတစ်ခုနဲ့တစ်ခုအကူး
အပြောင်းမှာကြန့်ကြာချိန်လေးမဆိုသလောက်ရှိပါတယ်---ယခင်-မတ်တူးလိုကားမျိုးမှာစထွက်ထွက်ချင်း--ကလပ်ချော်နေသလို--ဖြစ်နေတတ်ပါတယ်-
ဂီယာချိန်းရင်လည်း--စက်သံပြောင်းနေတဲ့အသံကိုသိသာစွာကြားရတတ်ပါတယ်---
CVT--တတ်ထားတဲ့--ဘယ်လ်တာ--ဗစ်ဇ်လိုကားလေးတွေမှာတော့--Continuously Variable Transmission--ဆိုတဲ့အဓိပါယ်အတိုင်း--စထွက်ကထဲက-ကားက
ငေါက်ကနဲစထွက်ပေးပါတယ်--ဂီယာချိန်းသွားရင်လည်း-ဆက်တိုက်မသိမသာချိန်းသွားလို့--ဆီစားသက်သာတာ--အထကောင်းတာ-ကိုလက်တွေ့မြင်ရပါတယ်-
ယခင်က-ရိုးရိုးဂီယာ-တတ်ကားများက-အထနှေးပါတယ်---အရှိန်ရလာလို့နောက်ဆုံးဂီယာနဲ့မောင်းတယ်ထား--လီဗါကိုလွှတ်လိုက်ရင်-ဂီယာကွန်ထရိုးနဲ့မို့-
ကားက-စည်းကနဲရှိနေပေးပါတယ်---ကျွမ်းကျင်မှုအရ-အောက်တဆင့်ဂီယာကိုပြန်ဒေါင်းနိုင်ပါက--ကားက-အရှိန်ထပ်သေသွားပါတယ်-
ယခုအော်တိုဂီယာတွေကတော့-ရိုးရိုးဂီယာကားများထက်အထမြန်သွားပါပြီ--ဒါကလည်းအက်ဆီးဒင့်ပိုဖြစ်စေနိုင်ပါတယ်-
အော်တိုဂီယာကတော့--လီဗါလျှော့လိုက်ရင်အော်တိုကလပ်အလုပ်ကိုလည်းလုပ်ပေးနေပါတယ်--လိုအပ်တဲ့ဂီယာကိုအလိုအလျောက်ချိန်းပေးဘို့အတွက်ပါ-
ဒီတော့-လီဗါလျှော့လိုက်တဲ့အခါ-ခေတ္တဖရီးသဘောမျိုးတော့ဖြစ်သွားပါတယ်--ဒီတော့ဘရိတ်ဖမ်းတဲ့အချိန်မှာရိုးရိုးဂီယာလောက်အမိမပိုင်ဘူးထင်ရလို့ပါ--
ဒါကတော့အထင်ပါ--ဘရိတ်က-ဘရိတ်အလုပ်ကိုပိုင်နိုင်စွာလုပ်ပေးပါတယ်--စိတ်ထင်လို့ပါ---
ဒီတော့ရိုးရိုးဂီယာလိုဘရိတ်ပိုမိအောင်ဖမ်းချင်ရင်--ရိုးရိုးAT--ဆို-D-မှာမောင်းနေရင်း- 2-ကို-ရဲရဲတင်းတင်းပြောင်းပြီးမှဘရိတ်ဖမ်းကြည့်ပါ-
ဂီယာဒေါင်းပြီးဘရိတ်ဖမ်းလိုက်တဲ့သဘောကိုတွေ့ပါလိမ့်မယ်-
ဇစ်ဇက်ဂီယာဆိုရင်တော့--D-မှ-S--ကိုပြောင်းပြီးမှဘရိတ်ဖမ်းလိုက်ပါ----စိတ်ချလက်ချပြန်မောင်းတော့မှ-D--ကိုပြန်ပို့ပြီးမောင်းလိုက်ပေါ့---
ခေတ်ပေါ်ကားများနဲ့ပတ်သက်လို့-မြန်နှုန်းမြင့်မောင်းကြတဲ့အခါမျိုးမှာ--အော်တိုဂီယာ-ဆိုပြီး--အမြဲတန်း--D-နဲ့တောက်လျှောက်မမောင်းသင့်ပါဘူး-
အိုဗာစပိဖြစ်လာလို့-အချိန်မီပြန်ထိမ်းသိမ်းချင်ရင်---OD/OnOff---တို့---D-မှ-2--နေရာသို့-----D-မှ-S-နေရာသို့ခေတ္တပြောင်းပြီးမောင်းသင့်ပါကြောင်း--
ဒီလိုနည်းစနစ်များကိုလည်း---ကြိုတင်ခါ-ဇာတ်တိုက်လေ့ကျင့်ထားကြရင်ဖြင့်-----
၁-စက္ကန့်မှာ--၈၈-ပေ-သွားနေတဲ့ကားအလျင်ကို--အန္တရာယ်အတွင်းမှအချိန်မီထိမ်းချုပ်နိုင်မှာဖြစ်တဲ့အကြောင်း---
မိတ်ဆွေတို့ကို-ယာဉ်အန္တရာယ်--လမ်းအန္တရာယ်ကင်းရှင်းစေဘို့----နည်းလမ်းကောင်းလေးညွှန်ပြလိုက်ပါတယ်---
Credit: Kothet Win
မူရင်းရေးသားသူအားလေးစားစွာဖြင့် creditပေးပါသည်။

Want your business to be the top-listed Autos & Automotive Service in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay
05011