Daw. Sandar. Soe

Daw.  Sandar.  Soe

Share

13/09/2023

( အပိုင်း-၄ )

"သားမိန်းမကိုသားကြည့်ကြပ်လုပ်အုံး
ဟင့် ခလေးအမေတယောက်ဖြစ်ပြီး
အလှတွေပြင် အပျိုဖြန်းလေးလိုဝတ်ပြီး
ထွက်သွားတာ
သားသမီးကိုလည်းဂရုမစိုက်ဘူး
ဟိုမှာကြည့်စမ်း ငါ့မြေးလေးက
သူ့အမေကိုတပြီးငိုနေတာ
ဘယ်လောက်သနားဖို့ကောင်းလည်း"

မောပြီးအိပ်ပျော်နေသောခလေးက
ဒေါ်ကဗျာချိုအသံကြောင့်တချက်
တချက်ထထလန့်နေရသည်။

သူလုပ်မှခလေးကလန့်သေတော့မယ်...
ဂူဂူးစိတ်ထဲကနေပြောရင်း
နိုးတဝက်အိပ်တဝက်ဖြစ်နေရှာတဲ့ခလေး၏
ဗိုက်ပေါ်လက်ဖဝါးလေးတဖက်
တင်ထားပေးရသည်။

"လက်ထပ်တုန်းကလည်း
အမေသဘော့ကိုသားကိုပြောပြီးသား
မင်းမိန်းမကအစကဟုတ်မလိုလို
ခုအချိုးတွေကပြောင်းလာပြီ ဟွန်း"

"ကျစ်"

ဖုန်းကဆက်မရပါဘူးဆို
တောက်လျှောက်အနားကနေ
တတွတ်တွတ်ပြောနေသောမိခင်ကြောင့်
သူစိတ်ရှုပ်လာရသည်။

အိမ်ပြန်လာတည်းကသူမပြန်မရောက်သေး။
တချိန်လုံးဖုန်းဆက်နေတာလည်း
တစ်နာရီကျော်လောက်ရှိနေပေပြီ...

နှာဖူးပေါ်ပြိုကျနေသောဆံပင်တွေကို
သူလက်တဖက်ဖြင့်ထိုးလှန်တင်လိုက်ရင်း
အင်္ကျီလက်စကိုဆွဲတင်ကြည့်တော့
ကျောက်သားတလက်လက်နဲ့နာရီလက်တံက
ရှစ်နာရီဂဏန်းပေါ်ဝေ့ဝဲနေသည်။

"အိမ်ကိုသူဖုန်းဆက်သေးလားအမေ"

"ဘာဆိုဘားမှကိုမဆတ်တာ"

"ဟို နေ့လည်ကသားလေးထမင်း
စားပြီးလားမပြီးလားလို့ကို
မမလေးဖုန်းဆက်သေးတယ်လေ မေမေကြီး"

ဂူဂူးက ကျေးပေါ်အပြစ်ဖို့မှာစိုး၍
ထရှင်းပြသည်။

ဒေါ်ကဗျာချိုမျက်နှာပျက်သွားပေမဲ့
ဟန်မပျက် အံသြပြလိုက်ရင်း

"ဪ ဟုတ်လား
ငါလည်းမသိရပါလား"

"ဂူဂူးမေမေကြီးကိုပြောတယ်လေ နေ့လည်..."

"ထားပါ...သူသာတကယ်စိုးရိမ်ရင်
ပြန်လာမှာပေါ့
ခုတော့တနေကုန်တနေကမ်း
ပြောမပြောချင်ဘူး"

"အမေတိတ်တိတ်နေပေးပါတော့လား
ကျွန်တော်စိတ်ရှုပ်လာပြီ"

ထီးလေသံမာမာနဲ့ထပြောလိုက်မှ
ဒေါ်ကဗျာချို မျက်နှာမဲ့ကာတိတ်သွား၏...

ချောမွေ့သောထီးမျက်နှာကတော့
စိတ်ရှုပ်ခြင်းတွေနဲ့တွန့်ချိုးကုတ်ကွေးလျှက်။

"ဂူဂူး"

"ရှင် အကိုလေး"

"ကားသော့ယူခဲ့"

"ဟုတ်"

"ကားသော့ယူပြီးသားကဘယ်သွားမလို့လည်း"

သူမဖြေပဲဂူဂူးဆီက ကားသော့ကို
လှမ်းယူကာ ချွတ်ထားတဲ့ကုတ်အင်္ကျီကို
ဆွဲယူဝတ်လိုက်သည်။

"သား အမေမေးနေတယ်လေ
ဘယ်သွားမလို့လည်း"

"ကျွန်တော် ကျေးကိုသွားကြိုမလို့
အမေ အမေ့မြေးကိုတချက်ကြည့်လိုက်အုံးနော်"

"မင်းကလည်းလေ လှယဥ်ကျေးကိုဆို
သဲသဲလှုပ်ပဲ....သွား သွား
ကားကိုလည်းဂရုစိုက်မောင်းအုံး"

မေမေကဂရုစိုက်ခိုင်းပေမဲ့သူကကားကို
မိုင်၅၀ကျော်နှုန်းနဲ့ကွန်ဒိုကနေမောင်း
ထွက်လာခဲ့သည်။...

သူမကိုသူအသည်းပေါက်မတတ်ချစ်ပေမဲ့
သူမမိသားစုအသိုင်းဝိုင်းကိုတော့သူမကြိုက်ပါ
သူမအကိုကအချိန်ပြည့်မူးရူး
သူမ ညီမကအချိန်ပိုင်းအလုပ်တွေလုပ်နေတာ
သူနဲ့မမြင်ချင်မှအဆုံးတွေ့နေရသည်။
ဖြစ်နိုင်ရင်သူမကိုသူမမိသားစုနဲ့
မဆက်သွယ်စေချင်ပေ....
တားလို့မကောင်း၍သာလက်ပိုက်
ကြည့်နေရတာ...
ဒီနေ့တော့အရိပ်အမြွက်ဖြစ်ဖြစ်
ပြောရမည်ထင်သည်။

_________________________

"သမီး ခြင်ကိုက်တယ်
အပေါ်မှာတက်စောင့်နေပါလား"

"ရတယ်မေမေဘားမှမဖြစ်ဘူး"

ကျေး အိမ်ပြန်ဖို့ပြင်ချိန်ကမှောင်ရီပျိုးနေပေပြီ။
အမှန်တော့ညနေငါးနာရီလောက်က
ပြန်ဖို့ရာ မေမေနေမကောင်း၍
ကျေး ဂရုစိုက်ပေးရင်းမိုးချုပ်
သွားရခြင်းဖြစ်သည်။

အချိန်က မှောင်နေပြီမို့taxiနဲ့
ပြန်မှာကို ဖေဖေကစိတ်မချ၍
ဘေးအိမ်က အောင်လင်းထက်
ဆိုတဲ့ကောင်လေးအားလိုက်ပို့ခိုင်းသည်။

အစကကျေးငြင်းပေမဲ့ ဖေဖေက
စိုးရိမ်နေတာမို့ လက်ခံလိုက်သည်။

"ဝေါ"

ကျေးလက်ကလေးပိုက်၍
ခြေစုံရပ်နေတဲ့နံဘေးဝေါခနဲ
ထိုးရပ်လာသောဆိုင်ကယ်အပြာရောင်။

"မမ ဆိုင်ကယ်ဦးထုပ်"

မမတဲ့လား....

ကျေး စပို့ရှပ်အစင်းကျားနဲ့
ခပ်သန့်သန့်ဖြစ်နေသောအောင်လင်းထက်
ကိုအပေါ်အောက်တချက်ကြည့်ရင်း
ပြုံးလိုက်မိသည်။

"ကျေးဇူး"

"ရပါတယ် ကျွန်တော်က
မမကိုကူညီရလို့ဝမ်းသာပါတယ်"

"ဟင့် အပြောလေးကတော့ချိုနေတာပဲ
ဒါ့ကြောင့် အဖေနဲ့အမေက
မင်းကိုသဲသဲလှုပ်နေတာနေရမယ်"

ဂုတ်သားကိုလှိမ့်ပွတ်ကာရယ်နေတဲ့ပုံက
ရှက်ကိုးရှက်ကန်း...
ကျေး ဆိုင်ကယ်ဦးထုပ်ဆောင်းပြီ
မေမေနဲ့ဖေဖေ့အားလက်ပြလိုက်သည်။

ညီမလေးကတော့မီးမီးလေးကို
သိပ်နေ၍မအားပေ။

"လမ်းမှာဂရုစိုက် မေမေပေးတဲ့ဆေးကို
မြေးလေးကိုသေချာလူးပေး ကြားလား"

"ဟုတ်ကဲ့မေမေ"

ကျေး လက်လေး​ဖွဖွပြရင်းက
မီးရောင်နွေးနွေးလေးနဲ့အိမ်ကို
လွမ်းဆွတ်ကာတချက်ငေးစိုက်ကြည့်ရင်း
ဆိုင်ကယ်ပေါ်တဇောင်းလေးတက်
ထိုင်လိုက်သည်။
ထိုကောင်လေးခါးကိုတော့မဖက်ပဲ
ခါးစပ်ကအင်္ကျီစကိုသာသေးသေးလေး
ဆွဲလိုက်မိသည်။

ကျေးကအိမ်ထောင်သည်ပါ
ဒါ့ကြောင့်ဦးနဲ့ပတ်ဝန်းကျင်
တမျိုးမြင်မဲ့အရာတွေကို
ကျေး ရှောင်ရမည်။

အောင်လင်းထက်ကလည်း
ဆိုင်ကယ်ကိုခပ်ဖြည်းဖြည်းသာ
မောင်းပေးကာ ရပ်ကွပ်ကနေ
ထွက်လာခဲ့သည်။

"မမ အဆင်ပြေရဲ့လား"

"ပြေတယ်အောင်အောင်"

"ကျွန်တော့ခါးကအင်္ကျီစကိုတင်းတင်း
ဆွဲလေမမ ရတယ်"

ကျေး ပြုပ်ကျမှာစိုး၍သူ့အင်္ကျီစကို
ပိုပြီးတင်းတင်းဆွဲလိုက်သည်။
တခြားလက်တဖက်မှာလည်း
မေမေကသူလုပ်ထားတဲ့ဒညှင်းသီး
ဆားရေစိမ်လေးတွေထည့်ပေးလိုက်တာမို့
ကျေး မမှောက်အောင်ထိန်းရသေး၏

"ဂလုပ်"

"အမလေး"

"ဟာ ဆောရီးဆောရီးမမ
ချိုင့်ခွပ်ကိုမမြင်လိုက်ဘူး
နာသွားလား"

ဆိုင်ကယ်ရမ်းသွား၍ကျေးလက်တွေက
အောင်လင်းထက်အားဖက်လျှက်
ဖြစ်သွားရပြီးကျောပြင်ကြီးနဲ့
နှာဖူးနုနုလေးကဘုတ်ခနဲပြေးတိုက်သည်။

"အား..."

နာသွားတဲ့နှာဖူးလေးကိုဖွဖွလေးလက်ဖဝါးနဲ့
ပွတ်သပ်ရင်း ကျေးရောအောင်လင်းထက်ရော
ရယ်လိုက်မိကြသည်။

ထိုချိန်....

"ဝရော...."

​တဖက်လမ်းမပေါ် အရှိန်ပြင်းပြင်းနဲ့
လာနေသောကား...

"ဟင်...ဦးကားပဲ"

"တီး....တီးတီးတီး"

ကျေး လန့်သွားရသည်။
ကမန်းကတန်းလက်ကိုအသာဖက်လိုက်ရင်း
အောင်အောင့်ကိုဆိုင်ကယ်ရပ်ခိုင်းရသည်။
ဦးကားက လမ်းပေါ်ဝူးခနဲ
ပြန်လှည့်လာပြီးကျေးတို့ဆိုင်ကယ်
အနောက်မှာဝေါခနဲ အရှိန်ပြင်းပြင်း
ရပ်သွားလေသည်။

ကျေး ကမန်းကတန်းအောက်ဆင်းရုံရှိသေး
ဦး ခက်ထန်သောမျက်နှာကြီးနဲ့
ဆင်းလာ၍....

"မင်းဘာတွေလုပ်နေတာလည်းကျေး"

"ရှင်...ကျေး...ကျေးဘာလုပ်လို့လည်းဦး"

ထီး လက်သီးကိုကျစ်နေအောင်ဖိဆုပ်ရင်း
သူမဘေးမှာရပ်နေတဲ့နှစ်ဆယ်အရွယ်မျှ
ကောင်လေးကိုစူးစူးရဲရဲကြည့်လိုက်သည်။
ရုပ်ရည်က ဖြူစင်သလိုလိုဂျစ်ကန်ကန်
ဖြစ်သလိုလိုနဲ့မျက်လုံးတွေက
စူးရှပြီး ညဏ်နီညဏ်နက်များမဲ့အမျိုး။

"တောက်!
ဘာလုပ်လဲဆိုတာမင်းနဲ့ငါနဲ့
အိမ်ရောက်မှရှင်းမယ်
လာခဲ့..."

"အို...."

ထီး ကျေးကိုကားပေါ်ဆွဲတင်သွားကာ
ဆိုင်ကယ်ဦးထုပ်ကိုတောင်ကားပေါ်ကနေသာ
လှမ်းပြစ်ချပေး၍ ကားကိုတရမ်းတကြမ်း
မောင်းထွက်သွားလေသည်။

💛💛💛💛💛💛💛💛

သူဖောက်ပြန်တိုင်း သူများကို
ချုပ်ချယ်နေတာ...

အလောင်များနဲ့အိမ်ထောင်ရေး
ဝတ္ထုလေးပါ...
လှယဥ်ကျေး ဆိုတဲ့ ခင်ပွန်းနဲ့
သားပဲ သိတဲ့ကောင်မလေး
သူမကိုသိပ်ချစ်တဲ့ခင်ပွန်းက
ဖောက်ပြန်နေမှန်းသိရင်
ထွက်ပြေးမလား...ဘာတွေဆက်
ဖြစ်မလဲ ဆိုတာကတော့

Paind Groupလေးမှာ
မန်ဘာဝင်၍ ဆက်လက်ဖတ်ရှူ့
နိုင်ပါပြီ

တနေ့တပိုင်းပါ...

တန်ဖိုး-၃၅၀၀ ကျပ်
ဖုန်းနံပတ် - 09895063529

wave acc
kpay acc
ကြိုက်နှစ်သက်ရာဖြင့်လွှဲနိုင်ပါသည်
ဖုန်းဘေဆို mptပါ (၄၀၀၀)ပါ

ငွေလွှဲssလေးနဲ့အတူpage cbမှာ
စာအုပ်လင့်လေးလာရောက်
ထုပ်ယူနိုင်ပါပြီ

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay