Buyify
15/02/2024
ယုံကြည်ရဆုံးက
ကိုယ်တယောက်တည်ပဲ ရှိတယ်...
=================
ပန်းတိုင်ကိုရောက်ဖို့အတွက်.....
လူတွေရဲ့မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ်လမ်းကိုသာကြည့်ပါ။
အောင်မြင်မှုရဖို့အတွက်......
လူတွေရဲ့ စကားတွေကို နားထောင်မနေပါနဲ့။
ကိုယ်ဆုံးဖြတ်ချက်ကိုသာ ခိုင်ခိုင်မာမာချပါ။
ဘဝတက်လမ်းအတွက်......
လူတွေရဲ့ အမှုအရာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။
စကားမာမာ ပြောမိရင်......
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။
စကားပြန်မပြောရင်လည်း....
မာနကြီးတယ်လို့ အထင်ခံရလိမ့်မယ်။
အမြဲတမ်းပြုံးနေရင်.....
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။
တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။
ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲလို့
သူတစ်ပါးကို မထိခိုက်ပဲ.....
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီး
ပါတယ်။
သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။
ကိုယ်လဲကျနေရင်တော့ ကိုယ်ကိုတိုင်းပဲ
ပြန်ထနိုင်အောင် ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့......
ကိုယ်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ
ရှိချင်မှရှိမှာ။
မနေ့ကဆိုတာ အတိတ္တ်တစ်ခုပါ။
မနက်ဖြန်ဆိုတာလဲ အိမ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ.......
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်း
တစ်နေ့ပါပဲ။
အကောင်းဆုံးဖြစ်အောင်......
ဘယ်လိုဖြတ်သန်း ရမှာလည်းဆိုတာ
ကိုယ်အပေါ်မှာပဲ မူတည်တယ်။
အရိုးသားဆုံး လူတစ်ယောက်မဖြစ်သေးရင်တောင်
ကိုယ့်ကိုကိုယ် မလိမ်မိပါစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့ ကိုယ့်အတွက် ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲရှိတယ်။
ပြန်လည်မျှဝေသည်...
credit....
07/02/2024
နေရာ ရာထူးနှင့် လေးစားမှု
********** **********
အဖွဲ့အစည်းတစ်ခုမှာဖြစ်စေ
လုပ်ငန်းခွင်မှာ ဖြစ်စေ
လူတွေအများစုဟာ နေရာလိုချင်ကြတယ်
ရာထူးတစ်ခု လိုချင်ကြတယ်။
နေရာရပြီ ရာထူးရလာပြီဆို
ငါ့ကိုလူတွေ လေးစားပြီလို့
ထင်တတ်ကြတယ်။
နေရာ တစ်ခုမှာ ရှိနေတိုင်း
လုပ်ပိုင်ခွင့်ရာထူး တစ်ခုရှိနေတိုင်း
လေးစားမှုအစစ်ကို ရမယ် မထင်ပါနဲ့။
အားမတန် မာန်လျှော့သူတွေ
ပြဿနာ တစ်ခုကို မဖန်တီးချင်သူတွေ
ကိုယ့်လုပ်ရပ်နဲ့ မဆိုင်လို့ ငြိမ်နေတာတွေဟာ
လေးစားနေကြတာ မဟုတ်ပါဘူး
ရွံ့နေကြတာ ကြောက်နေကြတာပါ။
စစ်မှန်တဲ့ လေးစားမှုကို လိုချင်ရင်
စစ်မှန်တဲ့ အပြုအမူနဲ့
စစ်မှန်တဲ့ စိတ်ဓာတ် လိုအပ်ပါတယ်။
အဓိက......
ကိုယ့်လုပ်ရပ်ကို ကိုယ်ဖော်ပြသလို
သူများလုပ်ရပ် ဂုဏ်ပုဒ်ကိုလည်း
လေးစားစွာ ဖော်ပြတတ်ရပါမယ်။
ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို
တပြေးညီ ဆက်ဆံတတ်
တန်ဖိုးထားတတ် ရပါမယ်။
သူတိုရဲ့ ဦးဆောင်နိုင်မှုတွေကို
အသိအမှတ်ပြုတတ် ရပါမယ်။
ကိုယ့်တာဝန်ပိုင်း ကိုယ်ကျေပွန်ရပါမယ်။
အားလုံးအပေါ်
လေးလေးစားစား ရှိမယ်ဆိုရင်
အပြန်အလှန် ယုံကြည်မှု
ချစ်ခင်မှု လေးစားမှု
အစစ်အမှန်ကို ရလာမှာပါ။
ဒါတွေ အားလုံးကို လုပ်ငန်းခွင်မှာဖြစ်စေ
အဖွဲ့အစည်းတစ်ခုမှာဖြစ်စေ
ကိုယ့်ရဲ့ရပ်တည်မှုမှာ ပြည့်စုံနေပြီဆို
နေရာမရ ရာထူးမရှိလည်း
လေးစားနေကြမှာပါ။
'' ငါက သူတို့ထက်နေရာ ရနေတယ် ''
'' ငါက သူတို့ထက် ရာထူး ရှိတယ်ဆိုပြီး ''
မာန်တစ်ခုနဲ့ ရပ်တည်နေပြီ ဆိုရင်တော့
စစ်မှန်တဲ့ လေးစားမှုကို ရရှိမှာ မဟုတ်ပါဘူး။
မိတ်ဆွေ
နေရာလိုချင်လား .?
ရာထူးလိုချင်လား .?
ဒါမှမဟုတ် စစ်မှန်တဲ့
လေးစားမှုကို လိုချင်လား.?
နေရာဆိုတာ ကန့်သတ်ချက် မတည်မြဲဘူး။
ရာထူးဆိုတာ သတ်မှတ်ချက် မတည်မြဲဘူး။
စစ်မှန်တဲ့လေးစားမှု
လူသေရင်တောင် နာမည်မသေဘူးနော်။
မင်း ဘာကိုလိုချင်လဲ .?
မင်းလိုချင်တဲ့ အရာနဲ့
ထိုက်တန်တဲ့ အပြုအမူနဲ့
စိတ်ဓာတ်တော့ ရှိရလိမ့်မယ်နော်။
crd_to_owner
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay