GaLu

GaLu

Share

Photos from GaLu's post 02/02/2022

#ကော်ဖီ အကြောင်းပြောကြမယ် -2...။
(Coffee Talk)

၁/ #အက်စ်ပက်ဆို(Espresso)
ကမ္ဘာမှာ ကော်ဖီကို အေဒီ ၈၀၀-၉၀၀ ခန့်မှာ အာဖရိကတိုက် အီသီယိုးပီးယား နိုင်ငံက ခါဒီ (Kaldi) ဆိုတဲ့ ဆိတ်ကျောင်းသားလေးက စတင်တွေ့ရှိခဲ့ပြီး ယနေ့ထက်တိုင် အသုံးပြုခဲ့ကြတာပါ။ အစပထမမှာတော့ ကော်ဖီအစေ့ကို အိုးကင်းထဲ ထည့်လှော် ၊ဆုံထဲထည့်ထောင်း အမှုန်ု့လုပ်ပြီး ရေနွေးနဲ့ ဖျော် အသုံးပြုခဲ့ကြပါတယ်။
ခုချိန်မှာတော့ မိနစ်ပိုင်းလေးအတွင်းမှာပင် ကော်ဖီကို ဖျော်ပေးနိုင်တဲ့ စက်တွေ ပေါ်ခဲ့ပါပြီ။

Espresso (အက်စ်ပရက်ဆို) ကိုတော့ 1901မှာ အီတလီ လူမျိုး စီးပွားရေးသမား Luigi Bezzera ဆိုသူက စတင်တီထွင်ခဲ့ပါတယ်။ သူ့ဝန်ထမ်းတွေအတွက် ကော်ဖီသောက်နားချိန် ပေးတဲ့အခါ ကော်ဖီဖျော်ရန်အတွက် အချိန်ကြာလွန်းတာကြောင့် ကော်ဖီကို အမြန်ဆုံးဖျော်ပေးနိုင်မဲ့ စက်တစ်ခုကို တီထွင်လိုက်တာပါ။ ဒါကြောင့် သူတီထွင်ခဲ့တဲ့ ကော်ဖီကို အီတလီဘာသာ နဲ့ espresso လို့ ခေါ်ခဲ့ကြတာပါ။ အဓိပ္ပါယ်ကတော့ "express “ (အမြန်) ဆိုတဲ့ အဓိပ္ပါယ်ပါ။

espresso (အက်စ်ပရက်ဆို)မှာ
single espresso နဲ့ double espresso လို့ ရှိပါတယ်။ single espresso ဟာ 1oz (29.5ml) နဲ့ ညီမျှပါတယ်။ အရက်ဆိုရင် တစ်ပက်နဲ့ ညီမျှပါတယ်။
Espresso ရဲ့ အရသာဟာ ပြင်းရှပြီး စေးပြစ်ပါတယ်။အခါးဓာတ်ပြင်းထန်ပြီး နူးညံ့သော အချိုဓါတ်လည်း ပါဝင်ပါတယ်။

ကွာလတီကောင်းတဲ့ espresso (အက်စ်ပရက်ဆို)ကော်ဖီဆိုတာ အလွှာ သုံးလွှာရှိရပါတယ်။
အပေါ်ဆုံးလွှာက cream (မလိုင်သား)ပါ။
ဒုတိယလွှာက body (ကော်ဖီသား)ပါ။
အောက်ဆုံးလွှာက heart ( အနှစ်) ပါ။
အဲအလွှာ သုံးလွှာပါမှ အရည်အသွေးမြင့် espresso (အက်စ်ပရက်ဆို)ကော်ဖီလို့ သတ်မှတ်ပါတယ်။

သောက်သုံးသူအနေနဲ့ ဖန်ခွက်နဲ့ ထည့်ထားတာမဟုတ်ရင်တော့ အလွှာတွေကို မြင်ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့
မိမိကော်ဖီခွက်ရဲ့ အပေါ်လွှာမှာ မလိုင်သားတွေ (cream) ဝေ့နေတာ မြင်ရတယ်ဆိုရင် ကော်ဖီကောင်းတစ်ခွက်လို့ သတ်မှတ်လို့ရပါတယ်။ အဲလိုမဟုတ်ဘဲ ကိုယ်မှာထားတဲ့espresso ဟာ ရေလို ကျဲနေမယ်ဆိုရင်တော့ အရည်သွေးကောင်းတဲ့ အက်စ်ပရက်ဆိုလို့ ပြောလို့ မရပါဘူး။

Espresso (အက်စ်ပရက်ဆို) ကော်ဖီကို ကော်ဖီအပြင်းကြိုက်သူတွေ။ ညဘက် လုပ်စရာရှိလို့ မအိပ်ဘဲ နိုးနိုးကြားကြားရှိနေချင်သူတွေ စာမေးပွဲအတွက် ညဘက်စာကျက်ရသူတွေ သောက်သုံးလေ့ရှိပါတယ်။
( ထိုသူများအပြင် အသဲကွဲနေသူတွေနဲ့ အလုပ်မရှိ အကိုင်မရှိ FA တွေအတွက်လည်း သင့်လျော်ပါသည် ☺️)

ကော်ဖီဆိုင်ရောက်လို့ espresso မှာမယ်ဆိုရင် Single လား double လား မေးပါလိမ့်မယ်။
(အရက်စကားနဲ့ ပြောရရင်, တစ်ပက် လား နှစ်ပက်လား ဆိုတဲ့ အဓိပ္ပါယ်ပါပဲ)
Single မှာရင်တော့ 1oz (29.5ml) ရပါမယ်။
Double မှာရင်တော့ 2Oz(59ml) ရပါမယ်။
Espresso ကို စမ်းသောက်ကြည့်မယ်ဆိုရင်တော့ မနက်ပိုင်း ဒါမှမဟုတ် အလုပ်နားရက် တွေမှာ စမ်းသောက်ကြည့်သင့်ပါတယ်။ မဟုတ်ရင် ပြင်းထန်တဲ့ ကဖိန်းဓါတ်ပါဝင်မှုကြောင့် အဲဒီ့ညဟာ အိပ်ပျော်ဖို့ အတော်လေး ခက်ခဲပါလိမ့်မယ်။

သင့်ဟာ ၁၀၉/၁၁၀ ဆိုရင်တော့ သင် သောက်ချင်တဲ့အချိန်သောက် အဆင်ပြေပါတယ်။ ။

#၁/espresso အကြောင်း ပြည့်စုံသလောက်ရှိသွားပါပြီ။ နာမ်ပါတ် ၂ ဖြစ်တဲ့ ကော်ဖီအကြောင်း ပြောကြရအောင်ပါ။

ဆက်ရန်
#သိန်းဇော်(starbucks coffee )

Want your restaurant to be the top-listed Restaurant in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay