Swallow Hotel
19/04/2026
⚠️ အထူးသတိပေး နှိုးဆော်ချက် (SCAM ALERT) ‼️
ချစ်ခင်ရပါသော Swallow Hotel ဧည့်သည်တော်များနှင့် မိတ်ဖက်လုပ်ငန်းရှင်များရှင့်...
ယခုရက်ပိုင်းအတွင်း Swallow Hotel ၏ တရားဝင် Logo ကို အသုံးပြု၍ "Swallow Hotel - BOSS" ဟူသော အမည်ဖြင့် Viber အကောင့်တု (Fake Account) တစ်ခု ဖန်တီးကာ ငွေလွှဲခိုင်းခြင်း၊ Kpay မှတစ်ဆင့် ငွေတောင်းခံခြင်းများ ပြုလုပ်နေကြောင်းကို စိစစ်တွေ့ရှိရပါသည်။
ယင်း Viber အကောင့်နှင့် ငွေတောင်းခံမှုများသည် Swallow Hotel Mandalay နှင့် လုံးဝ (လုံးဝ) သက်ဆိုင်မှုမရှိကြောင်းကို အများပြည်သူသိရှိစေရန် တရားဝင် အသိပေး ကြေညာအပ်ပါသည်။
Swallow Hotel အနေဖြင့် ဧည့်သည်တော်များထံသို့ဖြစ်စေ၊ လုပ်ငန်းချိတ်ဆက်ထားသူများထံသို့ဖြစ်စေ ဤကဲ့သို့ ကိုယ်ပိုင် Viber အကောင့်များဖြင့် ဆက်သွယ်၍ ငွေတောင်းခံခြင်း၊ တရားဝင်ကြေညာထားခြင်းမရှိသော ပြင်ပပုဂ္ဂိုလ်များ၏ အကောင့်များသို့ ငွေလွှဲခိုင်းခြင်းများကို မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ပါ။
ထို့အပြင် ဟိုတယ်၏ လုပ်ထုံးလုပ်နည်း (SOP) အရ
ငွေပေးချေမှုများ တောင်းခံရာတွင် ဟိုတယ်ဘက်မှ တရားဝင်တောင်းခံလွှာ (Official Invoice) ကို ဦးစွာ ပေးပို့တောင်းခံလေ့ရှိပြီး၊ ငွေပေးချေမှု လက်ခံရရှိပါကလည်း တရားဝင် ငွေရပြေစာ (Official Receipt) ကိုသာ မပျက်မကွက် ပြန်လည် ထုတ်ပေးလျက်ရှိပါသည်။
အကောင့်တုများကဲ့သို့ Chat Box မှတစ်ဆင့် အထောက်အထားမခိုင်လုံဘဲ ငွေလွှဲခိုင်းခြင်းမျိုးကို လုံးဝ ပြုလုပ်လေ့မရှိပါ။
သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေဖြင့်
အဆိုပါ အကောင့်တုမှ ဆက်သွယ်လာပါက
လုံးဝ (လုံးဝ) တုံ့ပြန်ခြင်း၊ ငွေလွှဲပြောင်းခြင်းများ မပြုလုပ်ကြပါရန်နှင့် ငွေကြေးလိမ်လည်မှုများ၏ သားကောင်မဖြစ်စေရန် အထူးသတိပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဟိုတယ်၏ အခန်းခနှင့် ဝန်ဆောင်မှုများအတွက်
ငွေပေးချေရန် လိုအပ်ပါက Swallow Hotel ၏ တရားဝင် page မှတစ်ဆင့်ဖြစ်စေ၊
ကျွန်မတို့၏ တရားဝင် ဖုန်းနံပါတ်ဖြစ်သည့် 09 78 78 38 777 သို့ တိုက်ရိုက်ခေါ်ဆို၍ဖြစ်စေ အတည်ပြုပြီးမှသာ ငွေပေးချေမှုများ ပြုလုပ်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
လိမ်လည်သူများကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Swallow Hotel Mandalay
ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ဟာ
ကမ္ဘာတဝန်းမှာ နေထိုင်ကြတဲ့
တရုတ်လူမျိုးတွေအားလုံး အလေးထားကျင်းပတတ်ကြတဲ့ “တရုတ်ရိုးရာ လမုန့်ပွဲတော် (中秋節) ” နေ့ပဲ ဖြစ်ပါတယ်ရှင်
ဒီနှစ်ရဲ့ တရုတ်ရိုးရာ လမုန့်ပွဲတော်နေ့ဟာ
တိုက်ဆိုင်စွာနဲ့ပဲ မြန်မာလူမျိုးတွေအတွက်သာမက
ထေရဝါဒဗုဒ္ဓဘာသာဝင် တိုင်းရင်းသားလူမျိုးအားလုံးနဲ့ သက်ဆိုင်တဲ့ သီတင်းကျွတ်လပြည့်
အဘိဓမ္မာအခါတော်နေ့လည်း ဖြစ်လို့ နေပါတယ်
တရုတ်ရိုးရာ လမုန့်ပွဲတော်ဟာ တရုတ်ရိုးရာ အဓိကပွဲတော်ကြီးလေးခုထဲက တစ်ခုအပါအဝင်လည်း ဖြစ်တဲ့အတွက်ကြောင့် တရုတ်ရိုးရာ လမုန့်ပွဲတော်ကို တရုတ်ပြက္ခဒိန်ရဲ့ ၈လပိုင်း ၁၅ရက်နေ့မှာ ကျင်းပပြုလုပ်ကြပါတယ်။
တရုတ်ပြက္ခဒိန်အရ ၇ လပိုင်း ၊ ၈ လပိုင်း နဲ့ ၉ လပိုင်း တွေဟာ ဆောင်းဦးရာသီထဲမှာ ပါဝင်တာဖြစ်လို့ တရုတ်ရိုးရာ လမုန့်ပွဲတော်ကို တရုတ်အခေါ်အဝေါအရ “ကျုံးချိုးကျယ် (中秋節) ” လို့ ခေါ်ဝေါ်တတ်ကြပြီး “ဆောင်းဦးရာသီ လလယ်ပွဲတော်”
“Mid Autumn Festival “ ဆိုပြီး အဓိပ္ပါယ်သက်ရောက်ပါတယ်။
ဒီနေ့မှာ တရုတ်လူမျိုးတွေရဲ့ ထုံးတမ်းစဥ်လာအရ မိသားစုတွေဟာ တစုတစည်းတည်း မိမိရဲ့ နေအိမ်မှာ လမုန့်စားရင်း လမင်းကြီးကို ငေးမောကြည့်ရှုတတ်ကြတဲ့ အလေ့အထရှိကြပါတယ်။
ဒါကြောင့် Swallow Hotel မှာ တည်းခိုနေကြတဲ့ Long Stay ဧည့်သည်တော်များအား လမင်းကြီးကို ခံစားကြည့်ရှုရင်း ချစ်ခင်ရသူတွေနဲ့အတူ လမုန့်စားဖို့
လမုန့်မေတ္တာလက်ဆောင်ဝေမျှပေးဖြစ်ပါတယ်ရှင်
တရုတ်ရိုးရာ လမုန့်ပွဲတော် နှင့် သီတင်းကျွတ်လပြည့်နေ့လေးမှာ ချစ်မိတ်ဆွေဧည့်သည်တော်များအားလုံးပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🤗🤍🙏
Click here to claim your Sponsored Listing.
Category
Contact the hotel
Telephone
Website
Address
60 Street & Corner Of 109 Street, Chanmyatharzi Township
Mandalay
05041