Thet Cho - Life Insurance

Thet Cho - Life Insurance

Share

22/03/2023

လုပ်ငန်းရှင်ကောင်းများအတွက်ပါ
💐🌹🥀🌺🌷🪷🌸💮🏵️🪻

စီးပွားရေးလုပ်ငန်းတစ်ခုကောင်းမွန်စွာလည်ပတ်နေနိုင်ဖို့အတွက် ဝန်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်မှုစွမ်းရည်က အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။

ဒ့ါကြောင့် ဝန်ထမ်းများအားလုံး စွမ်းဆောင်ရည်မြင့်မားလာစေရန် ပျော်ရွှင်စရာကောင်းပြီးအလုပ်တွင်တဲ့လုပ်ငန်းခွင်တစ်ခုအဖြစ်ဖန်တီးပေးဖို့လိုအပ်ပါတယ်။ ထိုသို့သော လုပ်ငန်းခွင်တစ်ခု ဖြစ်စေဖို့အတွက် ဝန်ထမ်းတွေအပါအဝင် သူတို့ရဲ့မိသားစုတွေအတွက် လုံခြုံစိတ်ချရတဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်မှသာ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာနဲ့ အလုပ်တာဝန်တွေကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးထားရတဲ့လူကြီးမင်းတို့ရဲ့ ဝန်ထမ်းတွေအတွက် လုံခြုံစိတ်ချရတဲ့ အနာဂတ်ကို ဖန်တီးပေးထားနိုင်ဖို့အတွက် ကျွန်တော်တို့ Dai-ichi Life ရဲ့ Employee Benefit Program ကို ရယူနိုင်ပြီဖြစ်ပါတယ်။ ​

ကျွန်တော်တို့ရဲ့ Employee Benefit Program မှာ လူကြီးမင်းတို့ရဲ့ ဝန်ထမ်းနဲ့မိသားစုဝင် တွေအတွက် မည်သို့သောအကြောင်းအရင်းကြောင့်ဖြစ်စေ အသက်ဆုံးရှုံးခြင်း သို့မဟုတ် ထာဝစဉ်မသန်စွမ်း ဖြစ်ခြင်းတို့အတွက် အကျိုးခံစားခွင့်ရရှိနိုင်မည့် Dai-ichi Guard၊​ ကင်ဆာကဲ့သို့ ပြင်းထန်ရောဂါများဖြစ်ပွားခဲ့ပါက အကျိုးခံစားခွင့်ရရှိမည့် Dai-ichi CI Plus အပြင် လုပ်ငန်းခွင်မှာဖြစ်စေ၊ သွားလာရင်း အများသုံးယာဉ်စီးနင်းချိန်တွင်ဖြစ်စေ၊ အားကစားပြုလုပ်နေချိန်တွင်ဖြစ်စေ မတော်တဆဖြစ်ပွားမှုကြောင့် အသက်သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းပျက်စီးခြင်း နှင့် ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူခြင်းတို့အတွက် အကျိုးခံစားခွင့်ရရှိနိုင်မည့် Dai-ichi Active Care စသည့် အသက်အာမခံ ဝန်ဆောင်မှုများကို ရယူနိုင်ပြီဖြစ်ပါတယ်။ ဝန်ထမ်းများကို ဘက်ပေါင်းစုံမှ အပြည့်အဝကာကွယ်ပေးနိုင်မည့် အသက်အာမခံ ဝန်ဆောင်မှုများကို ဝယ်ယူခြင်းဖြင့် မိမိရဲ့ဂရုစိုက်မှုကိုပြသရာရောက်သလို ဝန်ထမ်းများအနေနဲ့လည်းလုပ်ငန်းခွင်မှာစိတ်အေးချမ်းသာစွာအလုပ်လုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်။ ​
သင့်တင့်သောပရီမီယံကြေးဖြင့် ဝန်ထမ်း ၁၀ ဦးမှစတင်၍ဝယ်ယူနိုင်မယ့် Employee Benefit Program အကြောင်းအသေးစိတ်သိရှိလိုပါကအသေးစိတ်မေးမြန်းနိုင်ပါတယ်။

Want your business to be the top-listed Finance Company in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay