Sigma Solar

Sigma Solar

Share

19/03/2026

☀️ ပူပြင်းတဲ့နွေရာသီကို ရောက်ပြီဆိုတော့ သတိထားဖွယ် ဘတ္ထရီပေါက်ကွဲမှုအန္တရာယ်အကြောင်းကို မျှဝေပေးချင်ပါတယ်။ ⚠💥

သိန်းရာချီတန်တဲ့ Lithium-ion (ဒါမှမဟုတ်) LiFePO4 ဘတ္ထရီတွေကို စနစ်တကျ အသုံးမပြုရင် အန္တရာယ်ရှိနိုင်သလို ပျက်စီးသွားရင်လည်း အရမ်းနှမြောဖို့ကောင်းပါတယ်။ ​​ဒါကြောင့် ဘတ္ထရီတွေ မတော်တဆ ပေါက်ကွဲပျက်စီးတာမျိုး မဖြစ်ရလေအောင် ဒီအချက်တွေကို ကြိုတင်သတိပြုသင့်ပါတယ်။ ⚡

​⚙️ ဘတ္ထရီတိုင်းမှာ အရည်အသွေးကောင်းမွန်တဲ့ BMS ပါဝင်ဖို့ လိုအပ်ပါတယ်။
BMS လို့ခေါ်တဲ့ Battery Management System က ဘတ္ထရီရဲ့ ဗို့အား (Voltage)၊ အပူချိန် (Temperature) နဲ့ လျှပ်စီးကြောင်း (Current) ကို အမြဲစောင့်ကြည့်ပေးပြီး ပုံမှန်ထက်ကျော်လွန်လာရင် အလိုအလျောက် ဖြတ်တောက်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ ဘတ္ထရီပေါက်ကွဲမှုအများစုက အရည်အသွေးနိမ့်တဲ့ BMS အားနည်းချက်ကြောင့် ဖြစ်တတ်တာမို့ ဝယ်ယူအသုံးမပြုခင်မှာ နားလည်တတ်ကျွမ်းသူတွေနဲ့ သေချာမေးမြန်း စစ်ဆေးသင့်ပါတယ်။

🛠️ ဘတ္ထရီကို စနစ်တကျ တပ်ဆင်ပါ။
ဘတ္ထရီတစ်လုံးက ​BMS ကောင်းရုံနဲ့လည်း မပြီးသေးပါဘူး။ အပြင်ဘက်က ဝိုင်ယာကြိုးချိတ်ဆက်မှုတွေ မှန်ကန်ဖို့လည်း အရေးကြီးပါတယ်။ ဒါတင်မကဘဲ ဘတ္ထရီရဲ့ အမျိုးအစားနဲ့ ကိုက်ညီတဲ့ အားသွင်းကြိုး (Charger) ဒါမှမဟုတ် အင်ဗာတာ (Inverter Setting) ကိုပဲ အသုံးပြုရပါမယ်။ သတ်မှတ်ထားတဲ့ ဗို့အားထက် ပိုသွင်းမိတာက ဘတ္ထရီဆဲလ်တွေကို ဖောင်းကြွစေပြီး ပေါက်ကွဲနိုင်ခြေ ပိုများစေပါတယ်။

​🌡️ ဘတ္ထရီတွေရဲ့ အဓိကရန်သူက အပူဖြစ်ပါတယ်။
ဘတ္ထရီပေါက်ကွဲရခြင်းအများစုက အပူလွန်ကဲခြင်း (Thermal Runaway) ကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ပူပြင်းတဲ့နွေရာသီမှာ အပူလွန်ကဲတာကနေ ကာကွယ်နိုင်ဖို့ ဘတ္ထရီကို လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့နေရာမှာ ထားပါ။ နေရောင်တိုက်ရိုက်ကျတဲ့နေရာ ဒါမှမဟုတ် လေလုံအခန်းကျဉ်းထဲမှာ လုံးဝမထားပါနဲ့။

👉 𝗦𝗶𝗴𝗺𝗮 𝗦𝗼𝗹𝗮𝗿 ကနေ လက်ရှိရောင်းချပေးနေတဲ့ MegaWatt Battery တွေမှာ Smart BMS စနစ်ပါဝင်ပါတယ်။ ဒီ Smart BMS က ဘတ္ထရီဆဲလ်တစ်ခုချင်းစီကို အတိအကျ ထိန်းညှိပေးပြီး အင်ဗာတာနဲ့လည်း အကောင်းဆုံး ချိတ်ဆက်အလုပ်လုပ်ပေးတဲ့အတွက် အသုံးပြုတဲ့အခါမှာ ပိုမိုလုံခြုံစိတ်ချရပါတယ်။

ဒါကြောင့် မိတ်ဆွေတို့ရဲ့ နေအိမ်/ လုပ်ငန်းခွင်မှာ Backup Power Station (အရန်ဓာတ်အားပေးစနစ်) တပ်ဆင်ချင်တယ်ဆိုရင် ပစ္စည်းအရည်အသွေးပိုင်း စိတ်ချရတဲ့ 𝗦𝗶𝗴𝗺𝗮 𝗦𝗼𝗹𝗮𝗿 ကို ချက်ချင်းသတိရလိုက်ပါ။ 💡

📌 မန္တလေးကမိတ်ဆွေတွေအနေနဲ့ ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆွေးနွေးတိုင်ပင်၊ ဝယ်ယူနိုင်ပါတယ်။

🔍 အသေးစိတ် ဆက်သွယ်စုံစမ်းရန်
📩 Page Messenger မှတစ်ဆင့်
(သို့မဟုတ်)
📞 - 09966335771
📞 - 09968385875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#ဆိုလာ #ဆိုလာတပ်ဆင် #ဆိုလာမန္တလေး #ဘတ္ထရီ

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


64(A) Street, Between 108th X 109th Street, Chanmyatharzi Township
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00