General Knowledge

General Knowledge

Share

28/11/2024

( #ပထမံ_ဘိုးဘိုးအောင်_ရွတ်ဆိုခဲ့သော_မူလဘူတ_သမ္ဗုဒ္ဓေဂါထာတော်ကြီး)


ယ္ခုတင်ပြမည့်အကြောင်းအရာသည် နတ်ပေးတဲ့ ဂါထာ နတ်ဝှက်တဲ့ ဂါထာလို့ ပြောမယ်ဆိုရင် မှားမည်မထင် ဤဂါထာသည်ကား သထုံပြည်ကြီး ကောင်းစားနေတဲ့ အခါကာလကပေါ့ ဤမူလဘူတ သမ္ဗုဒ္ဓေဂါထာတော်ကြီးကို သူသူငါငါ ရွတ်ဖတ်သရဇ္ဈာယ်ကြလို့ ဂါထာဝိဇ္ဇာဓိုရ်တွေ အဖြစ်များကြသတဲ့ နောက်တော့ ပုဂံသာသနာခေတ် သာသနာအတွက် ရှင်အရဟံဟာ လူတွေဟာ ဒီဂါထာကိုသာ ရွတ်ပွားနေကြမယ်ဆိုရင် ဘုရားရှင်အလိုတော်နဲ့ ဆန့်ကျင်ဘက်ဖြစ်လာနိုင်တာမို့ ဝိဇ္ဇာဖြစ်စေနိုင်သော နှစ်ပါဒကို ဖျောက်ခါ ဂါထာကို စီစဥ်ပေးလိုက်ပါတယ် ကဲ ရှေ့ဆက်ကြစို့ရဲ့......

ပထမဦးစွာ တွေ့ရှိရသော ဂါထာတော်မြတ်မှာ ရှေးအကျဆုံးပင် ယူဆရပါသည် ထိုဂါထာတော်မြတ်အား ပဌမံ ဦးအောင် ရွတ်ဆိုခဲ့သည်ဟု အမှတ်အသားများ တွေ့ရှိခဲ့ရသည်။

သက္ကရာဇ်(၁၁၄၇-ခုနှစ်တွင်)ရတနာပုံ အင်းဝနေပြည်တော်ကို အုပ်စိုးသော ဘုရင်ကား အလောင်းဘုရား၏ စတုတ္ထ သားတော် ဦးဝိုင်း ဖြစ်ပါတယ်။

ဘိုးတော်ဦးဝိုင်း လက်ထက်မှာ တောင်တွင်းကြီးမြို့အနီး လက်ပံရှည်ရွားသား ဦးအောင်-ရဲ့ ကျော်ဇောသတင်းဟာ ပြန့်လို့နေပါသတဲ့

ဦးအောင်-ဟာ ငယ်စဥ်ကလေးဘဝကပင် ဗုဒ္ဓါနုဿတိ ဘာဝနာကို အခါခပ်သိမ်း ပွားများခဲ့ပါသတဲ့

ဦးအောင် ကလေးဘဝက ကြေးနီကျောင်း ဆရာတော် ဦးသုဇာတထံ မိဘများက အပ်နှံခဲ့ရာတွင် ဦးအောင်ဟာ ညစဥ် ညတိုင်း သမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုပြီးမှ အိပ်စက်ပါသတဲ့

တရံရောအခါမှာ လင်းအားကြီးအချိန် အိပ်မက်မြင်မက်ပါသတဲ့ မောင်အောင် မင်းရွတ်နေတာက သမ္ဗုဒ္ဓေဂါထာက ၂ ဂါထာ-သာ ရှိတယ် မင်းအကြံအထမမြောက်သေးပဲ ရှိနေတယ် ၃ ဂါထာဖြစ်ပါမှ မင်းလိုချင်တဲ့ သိဒ္ဓိလမ်းကို ပေါက်မြောက်ပေလိမ့်မယ်လို့ အိပ်မက်ပေးသွားခဲ့ပါသတဲ့

ထိုအိပ်မက်အကြောင်းကို ဆရာတော်အား လျှောက်ထားရာ ဆရာတော်က အေးဟုတ်ပေသားပဲဟု မိန့်ကာ အပ္ပကံ ဝါဠုကံ ဂင်္ဂ အနန္တံ နိဗ္ဗုတံ ဇိနံ-ဟု ဖြည့်ပေးပါတယ် ယင်းသို့ ဆရာတော်ပြင်ပေးသော ဂါထာကို ရွတ်ဆို၍ ဘုရားရှိခိုး၍ နေပါတယ်

အဲ့ဒါ မဟုတ်သေးဘူးဟု အိပ်မက်က ပြန်မက်ရာ ဆရာတော်ကို မိမိမက်သော အိပ်မက်ကို လျှောက်ထားရာ ဒါဆိုလည်း ပြင်ပေးရတာပေါ့ကွာလို့ မိန့်ပါသတဲ့

ဂင်္ဂယံ ဝါဠုက စုဏ္ဏေ ပရာဇေတွာ ဗဟုဖုလ္လေ ၃ ဂါထာ ပြည့်အောင် ပြင်ပေးလိုက်ပါတယ်

ထိုအခါ သမ္ဗုဒ္ဓေဂါထာတော်မြတ်ဟာ ၃ ဂါထာ ပြည့်မြောက်သွားပါတယ်....

( #သမ္ဗုဒ္ဓေဂါထာ_ပါဠိတော်)
( #ကျမ်းပြုသူ_အရှင်သုသုက)
( ၁ )သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟဿ ကေ။
ပဉ္စ သတ သဟဿာနိ၊
ဂင်္ဂါယံ ဝါဠုက စုဏ္ဏေ။

( ၂ )ပရာဇေတွာ ဗဟု ဖုလ္လေ၊
နမာမိ သိရသာ မဟံ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာ ဒရနေ နမာ မဟံ။

( ၃ )နမက္ကာရာ နု ဘာဝနေ၊
ဟိတွာ သဗ္ဗေ ဥပ ဒ္ဒဝေ။
အနေကာ အန္တရာယာ ပိ၊
ဝိ နဿန္တု အ သေသတော။

( #ပါဠိ_မြန်မာ_အနက်)

(၁-၂)အဋ္ဌဝီသံနှစ်ကျိုပ်ရှစ်ဆူကုန် သမ္ဗုဒ္ဓေစသစ္စာဉေယ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းကိုသိမြင်တော်မူသော ဘုရားရှင်တို့ကိုလည်းကောင်း ဒွါဒသဉ္စ၊သဟဿကေ တသောင်း နှစ်ထောင်ကုန်သော သမ္ဗုဒ္ဓေစ နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း ပဉ္စသတသဟဿာနိ ငါးသိန်းအတိုင်းအရှည် ရှိကုန်သော သမ္ဗုဒ္ဓေစလရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းကောင်တို့ကိုလည်းကောင်း ဂင်္ဂါယံဂင်္ဂါမြစ်၌ ဝါဠုက-စုဏ္ဏေသဲလုံးတို့ကို ပရာဇေတွာရှုံးစေပြီး၍ ဗဟုဖုလ္လေဂင်္ဂါသဲလုံးထက် အလွန်များစွာပွင့်တော်မူကြကုန်သော သမ္ဗုဒ္ဓေစနေရောင်လရောင် တန်ဆောင်တောက်လင်း ပြိုင်ဘက်ကင်းအောင် ထွန်းလင်းပြောင်သော ဘုရားရှင်တို့ကိုလည်းကောင်း အာဒဒေနရိုသေစွာ အဟံတပည့်တော်သည် သိရသာဥက္ခောင်းရတနာ မြတ်အင်္ဂါဖြင့် နမာမိလက်စုံချီမိုး ရှိခိုးပါ၏ အရှင်ဘုရား။
. တေသံထို ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိုပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့၏ ဓမ္မဉ္စ တရားတော်မြတ်ကိုလည်းကောင်း သံဃဉ္စရှစ်ယောက်သော အရိယာသံဃာတော်မြတ်ကိုလည်းကောင်း အဟံတပည့်တော်သည် နမာမိ သဒ္ဓါရိုကြိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား။

( ၃ )နမက္ကာရာနုဘာဝေနလက်စုံချီမိုး ရှိခိုးပူဇော် ကောင်းမှုကံ စေတနာကြောင့် သဗ္ဗေခပ်သိမ်းကုန်သော ဥပဒ္ဒဝေဥပဒ္ဒဝေါတို့ကို ဟိတွာစွန့်ပင်ပယ်ဖျောက်ပြီး၍ သဗ္ဗေအလုံးစုံကုန်သော အန္တရာယာပိအန္တရာယ်အပေါင်းတို့သည်လည်း အ-သေသတောအကြွင်းအကျန်မရှိသောအားဖြင့် ဝိနဿန္တုပြောက်ပျက်ပါစေကုန်သတည်း။

ဤကဲ့သို့ ဆရာတော်ပြင်ပေးလိုက်သည့် ဂါထာအတိုင်း ညစဥ်ရွတ်ဆို၍ ဘုရားရှိခိုးပါတယ်

အဲ့ဒါမှ အမှန်ဖြစ်ပါတယ် သထုံပြည် ကောင်းစားစဥ်က အဲ့ဒါတွေ ရွတ်ဖတ်သရဇ္ဈာယ်ပြီး ကျင့်ကြံကြလို့ ဝိဇ္ဇာဖြစ်တာကွလို့ အိပ်မက်ထဲမှာ မောင်အောင်ကို ပြောသွားပါသတဲ့

(ပဒေသာ)ကျွန်တော့အနေနဲ့ ဤကျမ်းစာကို ဝတ္ထုအသွားအလာ စကားရပ်ကို အဓိကမထား သမ္ဗုဒ္ဓေဂါထာ ပါဠိတော်နဲ့ အနက်အဓိပ္ပါယ်ကိုသာ အလေးထားပြီး ရေးသားခြင်းဖြစ်တာမို့ ဝတ္ထုအသွားအလာက စာအုပ်နဲ့ တထပ်တည်းမကျနိုင်ပါ သဘောချင်းတူတယ် မိမိအဆင်ပြေသလို ရေးသားပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။

အမျိုးသား အမျိုးသမီးတွေ ဝိဇ္ဇာလမ်းကို တကယ်လိုက်စားကြသူများ ဤသမ္ဗုဒ္ဓေဂါထာတော်ကြီးဖြင့် ပေါက်မြောက်အောင်မြင်နိုင်ကြပါစေကုန်သတည်း။

( #ပဒေသာ_ထံမှပြန်လည်မျှဝေပါသည်)

19/11/2024

"ထုံးစံ"

အလုပ်မလုပ်ချင်တဲ့ လူတွေကြားမှာ
အလုပ်ကိုတာဝန်ကျေချင်သူက
အမုန်းခံရတာ ထုံးစံ။

မဟုတ် မမှန် အမုန်းစကားပြောတတ်တဲ့
လူတွေကြားမှာ
မှန်ရာကိုပဲပြောတတ်သူက
အမုန်းခံရတာ ထုံးစံ။

အပျော်အပျက် မက်မော ခုံမင်တဲ့ လူတွေကြားမှာ
ထိန်းထိန်းသိမ်းသိမ်း ပျော်တတ်သူက
အမုန်းခံရတာ ထုံးစံ။

စည်းလွတ် ဝါးလွတ်နေတတ်တဲ့ လူတွေကြားမှာ
ကျင့်ဝတ်စောင့်ထိန်းတတ်သူက
အမုန်းခံရတာ ထုံးစံ။

ဘယ်သူပျက်ပျက်
ဘယ်လိုမုန်းမုန်း
လူမုန်းများမှာ ကြောက်တဲ့ စိတ်နဲ့
ကိုယ့်သိက္ခာနဲ့ကိုယ်ကျင့်တရားကို မဖျက်စီးလိုက်နဲ့ ။

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay