Do You Know Radiology?

Do You Know Radiology?

Share

13/11/2024

Bronchial Asthma အကြောင်း သိသင့်တဲ့ အချက်လေးတွေ (CME Notes)
📝📝📝📝📝📝📝📝📝📝📝📝📝📝📝📝📝📝

နေ့ခင်းကတက်တဲ့ ဆရာဦးမောင်မောင်ဦးရဲ့ Bronchial Asthma အကြောင်းပြောပြတဲ့အထဲက သိသင့်တဲ့အချက်ကလေးတွေ...

၁။ Theophylline ကို Quinolone အုပ်စုတွေနဲ့ တွဲမပေးသင့်။

၂။ အများစုသုံးနေတဲ့ Ventolin Inhaler က မြန်မာမှာ (Stage 1 အတွက်) သိပ် အသုံးမဝင်။

၃။ Bronchial asthma မှာ Sinusitis ရဲ့ post-nasal drip ကြောင့် asthma ထတဲ့သူ အများကြီးရှိ။

၄။ Sinusitis ကို Treat လုပ်ရင် asthma သက်သာ။

၅။ Sinusitis မှာ Antibiotic တွေရဲ့ role က အခုထိ အငြင်းပွားစရာအဖြစ်ရှိဆဲ။

၆။ sinusitis ကို Systemic decongestant + anti histamine × 2 wk က effective ဖြစ်။

၇။ Asthma ရဲ့ severity ကို access လုပ်ဖို့ PEFR meter ကို သုံးသင့်။

၈။ ဆေးခန်းတွေမှာ nebulizer ထားသင့်။ nebulizer ၂ - ၃ ခါပေးရှူလို့မှ PEFR တက်မလာသေးရင် COPD ဖြစ်နိုင်။

၉။ asthma pt တိုင်းကို Xray ရိုက်နိုင်ရင်ပိုကောင်း။ cos' Koch's lungs တွေနဲ့ တွဲပြီးတွေ့ရလေ့ရှိလို့။

၁၀။ ventolin (salbutamol) က tolerance မြင့်လို့ ပေးလည်း သိပ်မထူး။ 2tds, 3tds လောက်အထိတက်သွားနိုင်၊ palpitation ဆိုး။ Aminophylline ပေးနိုင်။
Theophylline က toxicity ဆိုးပေမယ့် မြန်မာတွေကတော့ အဲ့ဒဏ်ကို ခံနိုင်ရည်ရှိ။ Theophylline က Disease modifying action လည်းရှိလို့ ရေရှည်မှာ ပိုသက်သာ။

၁၀။ Decongestant ကို local ရှောင်သင့်၊ systemic ပဲပေးသင့်။ Phenylephrine ကို short term ပေးနိုင်။

၁၁။ pt တစ်ယောက်ဟာ post nasal drip အကြောင်း ဘယ်တော့မှမပြော၊ သူ့အခြေအနေ ပုံပန်းနဲ့ စကားပြောတာကို သေချာကြည့်ရင် ရိပ်မိနိုင်။

၁၂။ Br. Asthma မှာ cough က non-productive၊ COPD မှာ viscous sputum ရှိတတ်။ Viscous sputum က လေပြွန်မှာပိတ်တတ်။

၁၃။ Inhaler ကို အသုံးပြုနည်း သေချာသင်ပေးပြီး ကိုယ့်ရှေ့မှာတင်လုပ်ခိုင်း။

၁၄။ Bronchial asthma + Sinusitis + GERD ၃ မျိုးတွဲတတ်။

၁၅။ ASBA မှာ nebulizer ၃ ခါလောက် ပေးကြည့်လို့ မသက်သာရင် ဆေးရုံလွှတ်။

မှတ်မိသလောက်ပြန်ရေးထားတာမို့ ကျန်ခဲ့တာတွေ အများကြီးရှိပါသေးတယ်... နောက်ပြီး ကျနော်သိသလောက်ထပ်ဖြည့်ရရင် Br. Asthma မှာ

Inhaler မှာ Preventor နဲ့ Reliever ရှိ။ Preventer က မဖြစ်ခင်ကြိုကာကွယ်။ Reliever က ဖြစ်တဲ့အချိန်မှာ သုံး။ ညရေးညတာအတွက် Reliever သုံးတတ်အောင် သင်ထားပေး။

Systemic decongestant ဖြစ်တဲ့ Phenylephrine ကလည်း Hypertension သမားမှာ ရေရှည်သုံးရင် ICHဖြစ်ပြီး stroke ရနိုင်တယ်လို့သိရပါတယ်...

Cardioselective Beta blocker တွေကလည်း Br. Asthma မှာ မဖြစ်မနေကလွဲရင် မသုံးသင့်၊

Montelukast က ဈေးကြီးသလို Brand ပေါ်လိုက်ပြီးလည်း effectiveness ကွာတတ်ပါတယ်။ အမြဲစွဲသောက်နေရင် အဆင်ပြေပေမယ့် မေ့လို့ပဲဖြစ်ဖြစ်၊ ဝယ်မရလို့ပဲဖြစ်ဖြစ် ဆေးပြတ်ရင် ၂ ဆ ပိုကြပ်တတ်ပါတယ်။
ဒါကြောင့် Monte သုံးမယ်ဆိုရင် အမြဲတမ်းသောက်ဖို့ တတ်နိုင်မတတ်နိုင်၊ ဆေးက အမြဲတမ်းဝယ်လို့ လွယ်၊ မလွယ် စတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

27th Jan 2019
Dr. Nay Linn Aung (Pyaw Bwe)

Photos from Do You Know Radiology?'s post 02/06/2024

ကမ္ဘာ့ ပထမဆုံးအနေနှင့်
အမျိုးအစား ၂ ဆီးချိုရောဂါကို
အမြစ်ပြတ်ပျောက်ကင်းအောင်ကုသနိုင်သည့်
"အထူးပြုပြင်ထားသော ပင်မဆဲလ်ကုထုံး"ကို
တရုတ်နိုင်ငံမှ သုတေသနပညာရှင်များက
အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီဟု သိရပါသည်။

အဆိုပါလေ့လာမှုကို
၁။ Shanghai -the Shanghai Changzheng Hospital
၂။ the Centre for Excellence in Molecular Cell Science under the Chinese Academy of Sciences
၃။ Renji Hospital တို့ စုပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်လို့ သိရပါတယ်။

https://www.dailymail.co.uk/health/article-13464941/chinese-patient-diabetes-cure-stem-cells.html

Want your business to be the top-listed Health & Beauty Business in Mandalay?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


Mandalay
Mandalay