Thet Swe

Thet Swe

Share

23/08/2024

ကိုယ်ပိုင်ဥာဏ်နဲ့ပိုင်းခြားပါ
**************************

တစ်ခါကညအခါမှာ မျောက်တစ်ကောင်ဟာ ဆော့ကစားရင်း ရေကန်လးတစ်ခုအနားကို ရောက်ခဲ့တာပေါ့။ ရေကန်လေးထဲ ကြည့်မိလိုက်တော့ ရေကန်ထဲက လရိပ်ကို မြင်တာပေါ့။ အဲ့ဒီမှာတင် မျောက်လည်း အလန့်တကြား လ ရေနစ်နေတယ်ထင်သွားတာပေါ့။

မျောက်လည်း ချက်ခြင်းပဲ တောထဲအမြန်သွားပြီး လရေနစ်နေတဲ့ အကြောင်း လိုက်ပြောတော့တာပေါ့။ အဲဒီမှာတင် အိပ်စက်အနားယူနေတဲ့ တိရစ္ဆာန်တွေလည်းအလန့်တကြား ဖြစ်ကြရင်း တဆင့်စကားတဆင့်နဲ့ ဒီသတင်းဟာ တစ်တောလုံးပြန့်နှံ့သွားသတဲ့.လကြီးမရှိတော့ရင် ညပိုင်းအလင်းရောင်မရတော့မှာ စိုးကြောက်ကြတဲ့ တိရစ္ဆာန်တွေရှိကြသလို၊ တောကြီးပျက်စီးသွားမယ်၊ ကမ္ဘာကြီးပျက်စီးသွားတော့မယ်လို့ ကောလဟာလတွေပြောတဲ့ အချို့ တိရစ္ဆာန် ကြောင့် ကြောက်လန့်သူတွေလည်းရှိကြတာပေါ့ကွယ်။ ဆင်တွေဟာ သူတို့ နှာမောင်းတွေနဲ့ ကန်ထဲကရေကို စုပ်ယူပြီး အပြင်ကို ခပ်ကြတာပေါ့။ မြေခွေးတွေ ဝက်ဝံတွေကလည်း ရေမြောင်းတွေဖောက်ကြနဲ့ မျောက်အုပ်ကလည်း ကြိုးတွေရှာကြတာပေါ့။

ညပိုင်းမှာ အစာရှာထွက်လေ့ရှိတဲ့ ဇီးကွက်ကြီးဟာ အစာရှာပြီးပြန်အလာမှာ တစ်တောလုံး အလုပ်ရှုတ်နေတာကို မြင်တွေ့တော့ အံ့သြရတာပေါ့။ ဒီအကောင်တွေဟာ ညပိုင်းအိပ်စက်တဲ့ သတ္တဝါ တွေဆိုတာ သူသိတယ်လေ။ အခုမှ ထူးထူးခြားခြား တစ်တောလုံး အလုပ်ရှုပ် နေပုံထောက်ရင် တစ်ခုခုတော့ ထူးခြားနေပြီ သေချာအောင် စုံစမ်းမှပဲဆိုပြီး တောပြောင်းဖို့ ပြင်နေတဲ့ ယုန်ကလေးကို မေးကြည့်တယ်။
" အဆွေယုန် တောထဲမှာ ဘာတွေဖြစ်နေကြတာလဲဗျ။"

အဲ့အခါယုန်က -

" ဒီတောကြီးကို မပျက်စီးအောင် ထိန်းသိမ်း ထားတဲ့ အရာကြီး တောစပ်ကရေကန်ထဲ နစ်နေလို့တဲ့ဗျ။ အဲ့ဒါကြီးအပေါ်ပြန်မရောက်ရင် ဒီတောကြီးပျက်ပြီးဗျ။ တောကြီးမပျက်စီးခင် သိမ်းစရာရှိတာ အမြန်သိမ်းထားဗျို့ " လို့ဆိုသတဲ့။

ဇီးကွက်လည်း ဘာမှမရေမရာသိရကြောင့် အခြားတစ်ယောက်ကို မေးမယ်လို့ စဉ်းစားပြီးတောဝက်ကြီးကို သွားမေးသတဲ့။

" အဆွေတောဝက် တောထဲမှာဘာတွေဖြစ်နေတာတုန်းဗျ "

" မကောင်းဆိုးဝါးတွေက ဒီတောကို သိမ်းပိုက်လိုက်လို့ ဒီတောကြီး ညဆို အလင်းရောင်မရတော့ဘူးတဲ့ဗျ။ တောစပ်ကရေကန်ထဲမှာတော့ မကောင်ဆိုးဝါးကို နိုင်တယ်ဆိုတဲ့သူ ရေနစ်နေတယ်ဆိုလို့ အချို့တွေသွားဆယ်နေကြလေရဲ့" လို့ဆိုပြန်တယ်။

ဇီးကွက် လည်း မတင်မကျစကားတွေဟာ စစ်မှန်သော နည်းလမ်းကိုမပေးနိုင်ဘူးဆိုတာ သိတာကြောင့် ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့တောစပ်က ရေကန်လေးကို သွားကြည့်မှသင့်တော်မယ်လို့တွေးမိသတဲ့။ ဒါကြောင့် ရေကန်လေးဆီထွက်လာခဲ့တာပေါ့။

ရေကန်လေးဆီရောက်တယ်ဆိုရင်ပဲ ရေတွေခပ်နေတဲ့ ဆင်ကြီးကို
" အဆွေဆင် ရေကန်ထဲကရေတွေကို ဘာလို့ ခပ်နေတာတုန်းဗျ " လို့ မေးသတဲ့။

ဆင်လည်း " မသိပါဘူးကွာ မျောက်က ရေအကုန်ခပ်ပေးပါဆိုလို့ ခပ်နေတာကွ " ပြန်ဖြေသတဲ့။

မျောက်ကိုသွားမေးတော့မှ လကြီးရေနစ်နေတဲ့အကြောင်း ဇီးကွက်ကသိရတော့တာပေါ့။ အဖြစ်မှန်ကို သိရတော့ ဇီးကွက်လေးက အားရပါးရရယ်သတဲ့။

" ကျုပ်အစာရှာထွက်တဲ့ တစ်လျှောက်လုံး လက ကျုပ်နဲ့အတူလိုက်နေတာဗျ။ ခင်ဗျားတို့ ကောင်းကင်ပေါ်လည်းမော့ကြည့်ကြပါဦး " လို့ပြောလိုက်တော့မှ အခြား တိရစ္ဆာန် တွေလည်း ကောင်းကင်ပေါ်က လကြီးကို သတိထားမိကြတာပေါ့။ အဲ့တော့မှ ရေကန်ထဲက လဟာ အရိပ်ဆိုတာ သိရှိသွားတော့တယ်။

ပုံပြင်လေးကိုတော့ ဒီနေရာမှာပဲ အဆုံးသတ် လိုက်တော့မယ်နော်။
တစ်ကယ်တော့ လောကမှာ လူတော်တော်များဟာ ကိုယ်တိုင်မမြင်၊ မကြုံတွေ့ဘူးပါပဲ အခြားသူတွေစကားတွေနဲ့တင် လမ်းဆုံးရောက်တက်ကြတယ်။ ကိုယ်တိုင့်လေ့လာပြီး ကိုယ်ပိုင်ဥာဏ်နဲ့ ပိုင်းခြားကြည့်ဖို့ ကိုတော့မေ့လျော့နေတတ်ကြတယ်။



゚viralシalシ

゚viralシfypシ゚viralシalシ
゚viral

Want your establishment to be the top-listed Arts & Entertainment in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


73 Street, Mahar Aung Myay Township
Mandalay