PSM Distribution Group

PSM Distribution Group

Share

Timeline photos 07/07/2021

ဘက်တီးရီယား နှင့် ဗိုင်းရပ်(စ်)ပိုးတွေဟာ လေထုထဲမှာ (သို့မဟုတ်) အစားအစာတွေပေါ် (သို့မဟုတ်) အပင် နှင့် တိရစ္ဆာန်တွေအပေါ် (သို့မဟုတ်) မြေကြီး နှင့် ရေတွေထဲသာမက အခြားနေရာမျိုးစုံအပေါ်မှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ လေထု နှင့် အခြား အရာဝတ္ထုပစ္စည်းများအပေါ်ရှိ ပိုးမွှားတွေကို ရှင်းလင်းဖို့ အရေးကြီးပါတယ်။
-
UV-C ဆိုတာ ဘာလဲ? ဘယ်လို အလုပ်လုပ်သလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရင်ဆုံး UV ဆိုတာ Ultraviolet (ခရမ်းလွန်ရောင်ခြည် ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကို ကျွန်တော်တို့ သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်ပါဘူး။ ခရမ်းလွန်ရောင်ခြည်ကိုမှ UV-A, UV-B နှင့် UV-C ဆိုပြီး (၃)မျိုး ခွဲခြားထားပါတယ်။
-
UV-A ၏ လှိုင်းအလျားသည် 315nm မှ 400nm အထိရှိပါတယ်။ UV-A သည် လှိုင်းအလျားရှည်လျားပြီးအရေပြားအိုမင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။
-
UV-B ၏ လှိုင်းအလျားသည် UV-A ထက် အနည်းငယ်တိုပြီး 280nm မှ 315nm ရှိပါတယ်။ UV-B ကိုတော့ အရေပြားဆိုင်ရာ ပြန်လည်ကုသခြင်းတို့တွင် အသုံးပြုပါတယ်။
-
အတိုဆုံး လှိုင်းဖြစ်သည့် UV-C သည် 200nm မှ 280nm ရှိပါတယ်။ UV-C ကိုတော့ ရောဂါပိုးများကို ဖယ်ရှားရှင်းလင်းတယ့် နေရာတွင် အသုံးပြုကြပါတယ်။
UV-C ရောင်ခြည်သည် ဘက်တီးရီးယားများနှင့် ဗိုင်းရပ်(စ်)များ၏ DNA နဲ့ RNA ကို မိနစ်ပိုင်းအတွင်းမှာ ခွဲပစ်လိုက်ပြီး အန္တရာယ်မရှိတယ့် ပိုးမွှားများ ဖြစ်အောင် ပြုလုပ်လိုက်ခြင်းဖြစ်ပါတယ်။
-
Philips မှ ထုတ်လုပ်လိုက်သော UV-C Disinfection Lamp တွင် Safety sensor ပါဝင်သောကြောင့် အရေပြား နှင့် မျက်လုံးတို့ကို ထိခိုက်စေခြင်းမဖြစ်ပါ။ Sensor သည် အနီးအနားရှိ လှုပ်ရှားမှုများ မရှိတော့မှသာ လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ Built-in Timer အနေဖြင့် ၁၅ မိနစ်၊ မိနစ် ၃၀၊ ၄၅ မိနစ် ဆိုပြီး ၃မျိုးပါဝင်ပါတယ်။ ခလုတ်အနေဖြင့်လည်း ပါဝါ ခလုတ် နှင့် Timer ရွေးချယ်သည့် ခလုတ် နှစ်ခုသာ ပါဝင်သောကြောင့် အသုံးပြုရတာ လွယ်ကူ ရိုးရှင်းပါတယ်။
-
UV-C disinfection desk lamp နှင့် ပတ်သက်သော အခြား အချက်အလက်များသိရှိလိုပါ - https://www.facebook.com/progressmyanmarmm/posts/326943642291301
-
UV-C disinfection desk lamp အသုံးပြုပုံ Video အား ကြည့်ရှုလိုပါက https://fb.watch/5Vl4w9FVlU/ တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
-

Want your business to be the top-listed Food & Beverage Service in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay