MayLay

MayLay

Share

29/03/2026

ကထုတ်တဲ့ဆေးတွေကို သုံးသင့်တဲ့အချက် (၄)ချက်

၁ . တရားဝင်ဓာတ်ခွဲစမ်းသပ်အောင်မြင်ထားပြီးဖြစ်လို့ ။

၂ . ထုတ်လုပ်သူကိုယ်တိုင်က ဆံသားအကြောင်းကျွမ်းကျင်တဲ့ Hairstylist ဖြစ်လို့ ။

၃ . VIP ပင်ရင်းရဲ့ ကိုယ်ပိုင် hair salon မှာ
နေ့စဉ် ဆံသားပေါင်းများစွာကို အသုံးပြုပေးနေတဲ့ဆေးတွေဖြစ်လို့ ။

၄ . စျေးနှုန်းသင့်တင့်ပြီး ပေးရတဲ့စျေးနဲ့တန်တဲ့ quality ကို အမှန်တကယ်ရရှိလို့ ။

ဒီ(၄) ချက်နဲ့တင် ဘာမှထပ်ပြီးစဉ်းစားနေစရာမလိုပဲ
စသုံးသင့်တဲ့ဆေးတွေဖြစ်နေပါပြီ 👍

သုံးပြီးသူတိုင်းတဲ့ ကြိုက်နှစ်သက်မှုကလဲ အပြည့်နော်🥰✅
မန္တလေးReseller မှမြို့နယ်အစုံပို့ပေးပါတယ်။
09986194554
0943059930

04/03/2026

“မရေရာတဲ့ အနာဂတ်ကို ရင်ဆိုင်နည်း”

၁။ ပစ္စုပ္ပန်မှာ တည့်တည့်နေပါ။

မှောင်မိုက်တဲ့ အနာဂတ်ကိုလည်း တအားမတွေးပါနဲ့၊ ကြိုမပြင်ခဲ့မိလေခြင်း၊ မလုပ်မိခဲ့လေခြင်းလို့လည်း အတိတ်ကို ပြန်တွေးပြီး နောင်တရမနေပါနဲ့။ လက်ရှိကိုသာ အာရုံစိုက်လိုက်ပါ။ အသက်၀၀ ရှူသွင်းလိုက်ပါ။ ဒါမှ စိတ်တည်ငြိမ်မှုရပြီး ဦးနှောက်ကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို လုပ်နိုင်လာမှာ ဖြစ်ပါတယ်။

၂။ ရေတိုကို ပိုစဉ်းစားပါ။

တစ်ခါတလေမှာ ရေရှည်အတွက် ဘယ်လိုမှ ကြိုပြင်ဆင်လို့ မရတတ်တာမို့ မီးစင်ကြည့်ကရတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ ဒါကြောင့် ခုလက်ရှိမှာ ကိုယ်ဘာလုပ်နိုင်သလဲ၊ လုပ်တတ်သလဲ၊ ကိုယ့်မှာ ဘာတွေရှိနေသေးလဲ စသဖြင့် အဖြေရှာပြီး ပြင်ဆင်စေချင်ပါတယ်။

၃။ စိတ်ဖိစီးမှုကို လျှော့ချပါ။

ကိုယ့်အတွက် ဘာလုပ်လိုက်ရင် စိတ်ဖိစီးမှု လျော့ကျတတ်သလဲ။ အဲဒါတွေ လုပ်ပေးပါ။ မိမိကိုယ်မိမိ ကြင်နာပါ။ ဂရုစိုက်ပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှုပုံစံကို မွေးမြူပါ။

၄။ ပိုလျှံလွန်းနေတဲ့ အကြံပြုချက်တွေကို ရှောင်ရှားပါ။

အကြံပြုချက်တွေ၊ သတင်းအချက်အလက်တွေ ယူတာ ကောင်းပေမဲ့ များလွန်းရင်လည်း ေ၀ဝါးသွားတတ်တယ်။ စိတ်ညစ်ညူးလာတတ်တယ်။ ဒါ့အပြင် အကြံပြုချက်တွေကလည်း စိတ်ထင်တိုင်း ရေးထားကြတာတွေ ဖြစ်နေရင် ပိုဆိုးပါတယ်။ ဒီတော့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကိုလည်း လျှော့ပါ။ တစ်ညတလေ နားသင့်တယ် ထင်ရင်လည်း နားပါ။

၅။ အတွေးတွေကို ပြောင်းပါ။

ဒီအခြေအနေကြီးက ပင်ပန်းလိုက်တာ၊ စိတ်ဆင်းရဲစရာ ကောင်းလိုက်တာ ဆိုတာမျိုးအစား ငါ ကျော်ဖြတ်နိုင်တယ်လို့ မြင်ပေးပါ။ တစ်ခုရဖို့ ကျန်တစ်ခုကို လက်လွှတ်လိုက်ရတဲ့ Opportunity Cost တွေကိုလည်း မနှမြောပါနဲ့။ ကိုယ့်အသက်ဘေးကင်းဖို့နဲ့ ကျန်းမာဖို့ကသာ ခုလိုအချိန်မှာ အရေးကြီးဆုံးပါ။

၆။ အကူအညီ တောင်းခံပါ။ ကိုယ်တိုင်ကလည်း ကူညီပါ။

အချင်းချင်း ဖေးမကူညီကြတဲ့ ရပ်ဝန်းဟာ အချင်းချင်း ပြစ်တင်ဝေဖန်၊ အမြတ်ထုတ်နေတဲ့ ရပ်ဝန်းထက် ခံနိုင်ရည် ပိုရှိပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က အကူအညီ တောင်းဖို့ကိုလည်း တွန့်ဆုတ်မနေပါနဲ့။ ပေးဖို့ကိုလည်း မပျက်ကွက်ပါစေနဲ့။

၇။ ကိုယ့်ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ အရာတွေကို အာရုံစိုက်ပါ။

လက်လှမ်းမမီနိုင်တာ၊ ကိုယ့်အနေနဲ့ ဘာမှမတတ်နိုင်တာတွေ ရှိသလို၊ ကိုယ်လုပ်နိုင်တာတွေလည်း အများကြီး ရှိပါတယ်။ စိတ်လှုပ်ရှားနေတုန်းမို့သာ သတိမထားမိတာပါ။ အဲဒါတွေကို မြင်အောင်ကြည့်ပါ။ အားထုတ်ပါ။ လုပ်စရာရှိတာ လုပ်ပါ။ တည်တည်ငြိမ်ငြိမ် သတ္တိရှိရှိနဲ့ ဒီမရေရာမှုတွေကို ရင်ဆိုင်တွန်းလှန်ပါ။

၄.၃.၂၀၂၆

🔳 🔳 🔳 🔳 🔳 🔳 🔳

📌 Personal Effectiveness (Batch-2) သင်တန်းအ​ကြောင်း အ​သေးစိတ်ကို ဒီပို့စ်​မှာ ဖတ်လို့ ရပါတယ်။ မတ်လ ၂ ရက်​နေ့က စ​နေပါပြီ။ ၈ ရက်​နေ့ထိ အပ်လို့ရပါတယ်။

https://www.facebook.com/share/p/18XQ6RFxCj/

📌 အပ်ချင်ရင်တော့ ဒီလင့်ခ်ကနေ အပ်ပါ။

https://m.me/61555309377597

အလိုအလျောက် ဖြေကြားတဲ့စနစ် ထားထားတာမို့ လွယ်ကူအဆင်ပြေမယ် ထင်ပါတယ်။

📌 အ​ပေါ်လင့်ခ်က စာပို့မရ ဖြစ်​နေရင်​တော့ ဒီလင့်ခ်ကို ဆက်သွယ်​ပေးပါ​နော်။ Auto-reply မထားထားလို့ ခဏ​​တော့ ​စောင့်​ပေး​စေချင်ပါတယ်။

m.me/pitiaim

Want your business to be the top-listed Convenience Store in Mandalay?
Click here to claim your Sponsored Listing.

Culinary Team

Attire

Website

Address


Mandalay