U Chit Pyae - Special Guide For English

U Chit Pyae - Special Guide For English

Share

10/04/2022

အင်္ဂလိပ်စာ အခြေခံ အားနည်းသော အင်္ဂလိပ်စာကို အခြေခံကျကျ လေ့လာချင်သူတွေရောအတွက် သင်တန်းလေး တစ်ခုလုပ်ဖို့ စီစဥ်နေပါတယ်။ သင်တန်းတက်ချင်သူများ ရှိပါက ဆက်သွယ်လို့ရပါတယ်။ ပထမ တစ်သုတ်စာအတွက် သင်တန်းသား ၅ ယောက်ပဲ လက်ခံဖို့ ရှိပါတယ်။
phone- 757735008 ကို ဆက်သွယ်စုံစမ်း နိုင်ပါတယ်။ သင်တန်းကိုတော့ သကြန်ပြီးမှ စပါမယ်။ ဖွင့်မယ့် ရက်နဲ့ အချိန်ကို အသေးစိတ် ပြန်တင်ပေးပါ့မယ်။
ဦးချစ်ပြည့်
အထူးလမ်းညွှန် အင်္ဂလိပ်စာ

08/04/2022

နှစ်သစ်ကူး အခါသမယကို ရောက်ရှိလာပြီဖြစ်တဲ့ အချိန်ကာလမှာ မြန်မာပြည်သူပြည်သားအပေါင်းတို့ ညစ်နေရတဲ့ စိတ်တွေ ရွှင်လန်းကြရပါစေ။ ခံစားနေကြရတဲ့ ဝေဒနာတွေ သက်သာရာ ရကြပါစေ။ မသူတော်တရားများ ကြီးစိုးမှုမှ ဝေးကွာနိုင်ကြပါစေ လို့ ဆုမွန်ကောင်း တောင်းလ်ုက်ပါတယ်။
ဦးချစ်ပြည့်
အထူးလမ်းညွှန် အင်္ဂလိပ်စာ

01/04/2022

Verb To Be အကြောင်းကို အနည်းငယ်မျှ ​ရှင်းပြခဲ့ပြီး ဖြစ်လို့ ဒီတစ်ခါ Verb To Have အကြောင်းကို ဆက်ပြီး ရှင်းပြပေးပါ့မယ်။
Helping Verb (၄)မျိုးထဲမှာ ပါပြီး HV အနေနဲ့ရော MV အနေနဲ့ပါ သုံးလ်ို့ ရပါတယ်။
Verb To Have ( . . .မှာရှိကြိယာ)
*******************************
Verb to have တွေက ဘာတွေလဲ ဆိုတော့
has, have, had ဆိုတာတွေပဲ ဖြစ်ပါတယ်။ တကယ်က သူ့ရဲ့ မူလ Verb form က have ပါ။ ဒါကို singular form ပုံစံနဲ့ ရေးရတဲ့အခါ has ဆိုပြီး ပြုပြင်ယူထား တာပါ။
ဆရာ့အနေနဲ့ Verb to have ကို အသေးစိတ် ရှင်းလင်း တင်ပြဖို့အတွက် စာအနေနဲ့ မရေးဘဲ Video လေးနဲ့ဆို ပိုအဆင်ပြေမယ်လို့ ယူဆပါတယ်။
ဒီတော့ Verb to have အကြောင်းကို Video လေးနဲ့လေ့လာဖို့ စောင့်ပေးကြပါဦး။
*အင်္ဂလိပ်စာစွမ်းရည် ဆထက်ထမ်းပိုး တိုးတက်လာနိုင်ကြပါစေ*
U Chit Pyae
Special Guide For English

17/07/2021

Helping Verb (၄) မျိုး ရှိတယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒီထဲကမှ ပထမဆုံး Verb to be အကြောင်း စပြီး လေ့လာကြရအောင်ပါ။
(1)Verb to be (ဖြစ်/ရှိ ကြိယာ)
am, is, are, was, were, be, been,
being
Verb to be နဲ့ တွဲရေးလို့ရတဲ့ Main Verb နှစ်မျိုးရှိပါတယ်။
လွယ်လွယ်နဲ့ ရိုးရိုး ပြောနေကြအတိုင်း ပြောရရင် V3 နဲ့ Ving ပေါ့။
Verb to be + V3
Verb to be + Ving
Example: The dog is beaten by his
master.
(ခွေးကို သူ့သခင်က ရိုက်လိုက်တယ်)
ဒီမှာဆိုရင် subject နေရာမှာ ရှိတဲ့ ခွေးဟာ အရိုက်ခံရသူပါ။ Verb to be + V3့ ပုံစံ ရေးတဲ့အခါ Passive Verb ဖြစ်သွားပါတယ်။
Bogyoke Aung San was
assassinated by Galon U Saw.
ကိုယ်က အဓိကထား ဖော်ပြချင်တဲ့အရာက ပြုသူ မဟုတ်ပဲ ခံရသူဖြစ်နေရင် Verb to be + V3 ပုံစံကို သုံးပြီး ရေးရပါတယ်။
နောက်တစ်မျိုးက Verb to be+ Ving ပါ။
Example: U Ngwe is writing a story.
(ဦးငွေက ဇာတ်လမ်းတစ်ပုဒ် ရေးနေတယ်)
Present Continuous Tense ဖြစ်ပါတယ်။ လက်ရှိမှာ မျက်စိအောက်တင် ရေးနေတာလည်း ဖြစ်နိုင်သလို ဇာတ်လမ်းအဆုံးမသတ်သေးသရွေ့ကာလပတ်လုံးကို ဒီ Tense သုံးပေးရပါတယ်။
နောက်တစ်ပိုင်းမှာ ဆက်ပြီး ရှင်းပြမယ်နော်။
U Chit Pyae

14/07/2021
Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay