Haru

Haru

Share

15/04/2023

အခြေအနေမပေးလို့သာ ဝေးနေရတာပါ ။
အသွေးထဲက မင်း ဖြစ်သလို
အတွေးထဲမှာလည်း မင်း ပဲ ။

ငါ့ကို ဘယ်ကလဲ မေးရင်
မင်းနှလုံးသားဆီက လို့ ‌ဖြေမယ် ။

ဘာလုပ်တတ်လဲဆိုရင် မင်းကို ချစ်တတ်တယ်ပေါ့ ။
ငါ့ကို ဘာရလဲ မမေးနဲ့ မင်းကို သတိရတယ် ။

မတွေဝေဘူး ဟန်မဆောင်ဘူး
ဘာဖြစ်ချင်လဲဆိုပါက မင်းနဲ့ပဲအတူရှိချင်တယ် ။

သိပ်လှတဲ့ သံသရာက မင်းဖြစ်နေသရွေ့
အဲ့ဒီသံသရာမှာ ငါဆိုတာဟာလည်း
ဘယ်တော့မှ ကျွတ်တန်း မ၀င်မယ့် ကောင် ။

14/04/2023

တစ်စုံတစ်ယောက်က ကိုယ့်ကိုမရွေးချယ်ခဲ့တာကိုလည်း လက်ခံနိုင်ရမယ်

13/04/2023

နိဗ္ဗာန်ဆိုတာ ကိုယ်နဲ့ အဝေးကြီးပဲ
မင်းကိုချစ်မိလို့ ကျမယ့်ငရဲဟာ ဘယ်နှစ်ထပ်ရှိလဲ
ငါ ခုန်ဆင်းခဲ့ပါမယ်။

#ကြည်ဇော်အေး

Want your business to be the top-listed Clothing Store in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay