Web Myanmar
Static Website အတူတူရေးမယ်။
Web Developmentအတွက် ပထမဆုံး ခြေတစ်လှမ်းဖြစ်တဲ့ Static Website Courseမှာ ဘာတွေ သိရမလဲ။ ဘာတွေရေးရမလဲ။
နံပါတ် (1)
Hosting၊ DNS၊ HTTP၊ Browserနဲ့Domain Nameတွေ ဘယ်လိုချိတ်ဆက်အလုပ်လုပ်တယ်ဆိုတာ သိထားရပါမယ်။ သူတို့တွေအားလုံးပါဝင်တဲ့ internetရဲ့ အလုပ်လုပ်ပုံကို သိထားဖို့လိုအပ်ပါတယ်။
နံပါတ်(2)
Web Developmentစတင်လေ့လာပြီဆိုတာ အရင်ဆုံးလေ့လာရမှာက Toolတွေ အကြောင်းပါ။ Text Editorတွေ Browserတွေ Terminal နဲ့ Design Toolတွေကို အခြေခံတော့ သိထားရပါမယ်။ ဥပမာ ကိုယ့်websiteမှာ သုံးမယ့်Designကို ကိုယ်တိုင်ဆွဲဖို့ မပြောနဲ့ sizeလောက်မှ ပြန်မချိန်တတ်ဘူးဆို အဆင်မပြေပါဘူး။ ကိုယ်ဟာ Professionalအဆင့်ထိမဟုတ်တောင် တီးမိခေါက်မိတော့ သိထားရပါမယ်။
နံပါတ်(3)
HTMLကတော့ နာမည်ကိုသိကြပြီးဖြစ်မှာပါ။ လေ့လာရပါမယ်။ HTMLက ဘာလဲ။ ဘယ်လိုအလုပ်လုပ်သလဲ။ Attributeတွေ Hyperlinkingအလုပ်လုပ်တာတွေ၊ Headingတွေ၊ Listတွေ၊ Divတွေ၊ HTML Tableတွေ၊ HTML Formတွေ၊ စတာတွေ လေ့လာရမယ်။ HTMLက မကုန်သေးဘူးနော် ရှိသေးတယ်။ အကုန်မရေးပြတော့ဘူး။ အဓိကက HTMLကို ကျွမ်းကျင်အောင် လေ့လာရမယ်။
နံပါတ်(၄)
CSSပေါ့ဗျာ။ Transitionတွေ Animationတွေ၊ Responsive Designနဲ့ ပါတ်သတ်တာတွေ Viewportတို့ Media Queryတို့စတာတွေနဲ့ အခြားကျန်သေးတာတွေပေါ့ ၊ Flexbox၊ CSS Grid၊ Custom Properties၊ စတာတွေ အများကြီး အများကြီး လေ့လာရပါမယ်။
ကဲ ဒါတွေကို ကျွန်တော်က သင်ပြပြောပြပေးပါမယ်။ static websiteတစ်ခုကို ကျွန်တော်နဲ့အတူ code ရေးပါမယ်။ တစ်ရက်ချင်း ဖြည်းဖြည်းချင်း သွားပါမယ်။ သင်ခန်းစာ တစ်ခုချင်း သေချာလိုက်လုပ်ဖို့ လိုပါမယ်။
သင်တန်းစည်းကမ်းလေးရှိပါတယ်။ Course တစ်ခုကို ခွင့်ရက် ၂ရက်ထိပဲ ခွင့်ပြုမှာဖြစ်ပါတယ်။ Personel Case or something တစ်စုံတစ်ရာအကြောင်းပြချက်ကြောင့် သင်တန်း၂ရက်နဲ့အထက် ခွင့်မတိုင်ကြားပဲ ပျက်ကွက်ရင် လက်ရှိbatchကနေ ထုတ်ပယ်ပါမယ်။ နောက်batchတွေမှာတော့ ဆက်တက်ခွင့်ရှိပါမယ်။
page messenger ကနေ လာရောက် ပြီး နာမည်နဲ့ ဖုန်းနံပါတ် ပို့ပြီး စာရင်းပေးလို့ရပါပြီ။Google Formကနေ စာရင်းပေးချင်သူတွေအတွက် အောက်မှာ Google Form linkပေးထားပါတယ်။
feesရှိပါမယ်။ ၁၀၀၀၀(တစ်သောင်း)ကျပ် သတ်မှတ်ထားပါတယ်။Google Formကနေ ပထမဆုံးလာ joinတဲ့ ၁၀ယောက်ကို 50% discount (ငါးထောင်)နဲ့ လက်ခံပေးပါမယ်။
https://docs.google.com/forms/d/e/1FAIpQLSevRlmYC0qTvqR41vvLrOdv1XtDdWnOAXWJU5UIjL7mJQEdaw/viewform
Web Developer ဖြစ်ချင်ကြလား?
ကျွန်တော် ပထမဆုံး Web Developmentလုပ်မယ်ဆိုတုန်းက ပထမဆုံးအခက်အခဲက ဘယ်ကစပြီး ဘယ်လိုလေ့လာရမှန်းမသိတာပေါ့လေ။ဒါနဲ့ ဟိုဟာလေ့လာ ဒီဟာလေ့လာနဲ့ သိပ်ခရီးမရောက်ခဲ့ဘူး။ အဲဒါနဲ့ သင်တန်းတတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သင်တန်းခတွေကလည်း ဈေးကြီးပါတယ်(ကျွန်တော့အတွက်)။အရင်အကြောင်းတွေ ပြန်တွေးရင်း စိတ်ကူးတစ်ခု ရလာတယ်။ ဘာတွေကို ဘယ်မှာလေ့လာသင့်လဲ ဆိုတာ မသိသေးတဲ့ ညီငယ်၊ညီမငယ်တွေအတွက် Groupလေးတစ်ခုလုပ်ပြီး အစကနေ သင်ပြပေးဖို့ တွေးမိတယ်။ အပြင်မှာ သင်တန်းတတ်ဖို့ အခက်အခဲဖြစ်နေသူတွေအတွက်လည်း ကျွန်တော် လေ့လာခဲ့သမျှနဲ့ အပြင်လုပ်ငန်းခွင်မှာ တွေ့ကြုံခဲ့သမျှ ပေါင်းစပ်ပြီး Web development လမ်းကြောင်းပေါ် တင်ပေးချင်တယ်။ အခုမှ စလေ့လာမယ့်သူတွေအတွက် အစ အလယ် အဆုံး တွဲခေါ်ပေးချင်တယ်။ ကိုယ်တိုင် websiteတွေ ရေးနိုင်ကြတဲ့ အဆင့်ထိ သွားနိုင်အောင် သင်ပြကူညီပေးချင်တယ်။ စိတ်အားထက်သန်တဲ့ ညီငယ်၊ ညီမငယ်တွေ ဘယ်လောက်ရှိလဲ သိချင်ပါတယ်။ joinချင်တဲ့သူများတယ်ဆို ဒီ projectလေးကို စမယ်ဗျာ။ လောလောဆယ်တော့ HTML, CSS နဲ့ Static Websiteလေး အရင်ဆောက်တာပေါ့။ ပြီးရင် WordPress နဲ့ e-commerce websiteတစ်ခု၊ Personal blog တစ်ခု ဆောက်မယ်ပေါ့။ ပြီးရင် JavaScript, PHP, Bootstrapနဲ့ Dynamic Website ဆောက်တာပေါ့။ စာသင်မှာ မဟုတ်ပါဘူး။ အတူတူ codeရေးကြမှာပါ။
12/05/2020
web developerတစ်ယောက်က ဒါတွေသိထားဖို့ လိုတယ်
(1) HTML/CSS
Web Developer တစ်ယောက်အနေနဲ့ အခြေခံ coding ပိုင်းနဲ့ markup language ကိုတော့ မဖြစ်မနေ တတ်မြောက်ထားဖို့လိုပါမယ်။ Markup languageတွေ အားလုံးထဲမှာ HTML က standard အဖြစ်ဆုံးပါ။ ကျွန်တော်တို့တွေ့ဖူးသမျှ website အားလုံးနီးပါး HTML ပါပါတယ်။ Websiteရဲ့ function တွေဟာ web developerရဲ့ HTML skill ပေါ်မှာ အများကြီး မူတည်ပါတယ်။ နောက်ပြီး website ကို design အလှဆင်ဖို့ CSS ကို သိထားရပါမယ်။ HTML နဲ့ CSS ကို တွဲသုံးရမှာမို့ မဖြစ်မနေ သိထားရပါမယ်။ HTML document တွေကို လှပတဲ့ website အဖြစ်ပြောင်းလဲနိုင်စွမ်းရှိသူက CSS ပါ။ Websiteရဲ့ fontတွေ၊ colorတွေ၊ layout အားလုံးကို CSSနဲ့ အလှဆင်ပါတယ်။ HTML က website ရဲ့ အရိုးအကျောဆိုရင် CSSက Website ရဲ့ အရေပြားအသားအရေ လို့ ဆိုရပါမယ်။ Web Development ရဲ့ အခြေခံအကျဆုံးအပိုင်းဖြစ်လို့ HTMLရော CSSရော အပေါ်ယံပဲ မလုပ်ပါနဲ့။ အရမ်းအရေးကြီးပါတယ်။
(2) JavaScript
HTML နဲ့ CSS ကို အရမ်းပိုင်သွားပြီဆိုရင်တော့ Javascript ကို လေ့လာသင့်ပါတယ်။ Javascript ဟာ programming languageတွေထဲမှာ higher level programming language တစ်ခုပါ။ Website တွေကို ပိုပြီး interactive နဲ့ functional ဖြစ်စေပါတယ်။ Websiteရဲ့ user experience ကောင်းဖို့အတွက် javascript ကို သုံးလို့ရပါတယ်။ Website ထဲမှာ special featureတွေကို javascript နဲ့ တိုက်ရိုက်ရေးလို့ရမယ်။ ဥပမာ search barတွေ၊ social media share buttonတွေ၊ ဒါတွေကို javascript နဲ့ ရေးပါတယ်။ HTML က website ရဲ့ အခြေခံဖြစ်ပြီး javascript က function ပိုစုံပြီး ပြည့်စုံတဲ့ website အဖြစ် ပြောင်းလဲစေမှာပါ။
(3) PHP
Langauge of the internet လို့ နာမည်ကြီးတဲ့အထိ PHPကို သုံးကြတာပေါ့ဗျာ။ လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာရှိတဲ့ websiteတွေရဲ့ 80%ကျော်လောက်ကို PHP programming language နဲ့ ရေးထားတာပါ။ ဟုတ်ပါတယ်။ PHP နဲ့ပါ။ အချိန်ကြာလာလေလေ ပိုပြီး အောင်မြင်ကျော်ကြားလာလေလေပါပဲ။ Back-end Developer တိုင်းအတွက် လေ့လာလို့အကောင်းဆုံးလို့ ပြောလို့ရတဲ့ languageအဖြစ် ရပ်တည်နေဆဲပါ။ လေ့လာရတာ အရမ်းလွယ်ကူပြီး၊ လက်တွေ့အသုံးချဖို့လည်း တော်တော်လေး လွယ်ကူပါတယ်။ အဲဒီလို လွယ်ကူတဲ့အချက်တွေကြောင့်ပဲ အောင်မြင်လာခဲ့တာပါ။ လေ့လာမယ်ဆိုရင်တော့ up to date ဖြစ်တဲ့ courseတွေကိုပဲ လေ့လာပါ။ အရင် version အဟောင်းနဲ့ အခု versionအသစ် (php 7) မှာ တော်တော်လေး ကွဲပြားနေတာတွေ ရှိပါတယ်။ ဝမ်းသာစရာကောင်းတဲ့အချက်က သင်တန်းတွေ အားလုံးနီးပါးက up to date ဖြစ်ကြပါတယ်။
(4) Java
ဘာကြောင့် java ကို ဒီထဲမှာ ထည့်လိုက်လဲဆိုရင် အရင်အချိန်တုန်းက javaဆိုတာ web development ရဲ့ အဓိက အစိတ်အပိုင်းအဖြစ် နှစ်တော်တော်များများ ရပ်တည်ပေးခဲ့ဖူးပါတယ်။ Java ဟာ old language တစ်ခုဖြစ်ပြီး အခုချိန်ထိ နယ်ပယ်တော်တော်များများမှာ သုံးနေကြတာတွေ့ရပါတယ်။ Web Development နယ်ပယ်မှာဆို Java ကို responsive နဲ့ fast website design (web app) တွေအတွက် အသုံးပြုနေကြတာတွေ ရှိပါတယ်။ Back-end Developer တော်တော်များများအတွက် မဖြစ်မနေလေ့လာသင့်တဲ့ စာရင်းထဲမှာ ရှိနေပါတယ်။ လေ့လာရတာ တော်တော်လေးလွယ်ကူပြီး အသုံးပြုမှု့အပိုင်းမှာ အရမ်းလွယ်ပါတယ်။ eBay တို့ ၊ Amazon တို့လို အောင်မြင်ပြီး အရမ်းကြီးမားတဲ့ websiteတွေကို javaနဲ့ ရေးဆွဲထားတာပါ။ နောက်တစ်ချက်က javaဟာ ထိန်းသိမ်းရ လွယ်ကူပါတယ်။ java ကို လေ့လာမယ်ဆို javaကို ဘယ်နေရာတွေမှာ သုံးလဲ၊ server-side တွေကို java နဲ့ ဘယ်လိုဆောက်လဲ၊ java နဲ့ အခြေခံ code ရေးတာတွေ၊ စတာတွေအားလုံးကို လေ့လာပါ။
web developer အဖြစ် ရပ်တည်မယ်ဆို front-endလား ၊ back-end လား ၊ full-stack လား၊ ဘယ်အပိုင်းကို သွားချင်တာလဲဆိုတာ အပန်းမကြီးရင် comment မှာဖြေပေးသွားကြပါဦးဗျာ့။ အဖြေတွေအပေါ်မှာ မူတည်ပြီး နောက်ထပ်အကြောင်းအရာတွေကို ရေးပေးသွားမှာပါ။ ကျေးဇူးတင်ပါတယ်ဗျာ့။
02/05/2020
Companyအတွက် ကိုယ်ပိုင်Websiteရှိထားသင့်လား ?
Company တစ်ခုကို ပိုပြီး အောင်မြင်ချင်တယ်ဆိုရင်တော့ website တစ်ခု လိုအပ်ပါတယ်။ Website တစ်ခုက businessရဲ့ digital marketingပိုင်းနဲ့ ပတ်သတ်သမျှ အားလုံးကို အထောက်အကူဖြစ်စေမှာပါ။
Digital Marketing strategyတွေချတဲ့အခါ website တစ်ခုရှိနေခြင်းက များစွာအထောက်အကူ ဖြစ်စေပါတယ်။ Company ကို ဆက်သွယ်လိုသူတွေအတွက် contentတွေ ထားပေးလို့ရမယ်။ company ရဲ့ informationတွေ ၊ product အကြောင်းတွေ ၊ servicesတွေ ၊ customer တွေကို ပေးချင်တဲ့အရာတွေ အားလုံးချပြပေးလို့ရပါတယ်။ မိမိရဲ့ brand အကြောင်းကို အရှင်းလင်းဆုံးချပြပေးလို့ရမယ်၊ ဘယ်လို product တွေရှိမယ်၊ ဘယ်လို services ရှိမယ်၊ ဒီအချက်တွေကပဲ ကိုယ့်ရဲ့customerတွေ အများကြီး တိုးလာစေမှာပါ။ နောက်ပြီး social media ကနေ marketing လုပ်ကြမယ်။ social media ကနေ ရလာတဲ့ customerတွေ မိမိရဲ့ brand အကြောင်း အခိုင်အမာသိဖို့၊ ဆွဲခေါ်လာပြီ ချပြဖို့ ရှိနေရမယ့် တစ်နေရာက မိမိရဲ့ ကိုယ်ပိုင် websiteပါ။ customer အသစ်တွေကို third-party social media ပေါ်ကနေ ရမယ်၊ ရလာတဲ့ customerအသစ်တွေကို မိမိရဲ့ websiteဆီ ခေါ်လာရမယ်။ ကျွန်တော်တို့ရဲ့ website ဟာ Home Base အနေနဲ့ အလုပ်လုပ်ရမယ်။ ကျွန်တော်အပါအဝင် လူငယ်တွေ အားလုံးနီးပါး သိချင်တဲ့အကြောင်းအရာကို Google ခေါက်ပြီး ရှာလေ့ရှိတယ်။ မိတ်ဆွေရဲ့ product ၊ service နဲ့ ပတ်သတ်ပြီး ရှာဖွေလိုက်တဲ့သူက မိတ်ဆွေရဲ့ customer ဖြစ်လာပါစေ။
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
15 Th Street
Mandalay
05011