TradeX
24/01/2023
#ပိုက်ဆံ(သို့မဟုတ်)စကားပြောသောသက် မဲ့
သေရင်အပါ ယူသွားလို့ မရပေမယ့်
မင်းမရှိလို့ အသက်ပေါင်းများစွာ
ဆုံးရှုံးသွားကြတယ် ''ပိုက်ဆံ''. ။
အချစ်စစ်ကို ဝယ်ယူလို့ မရပေမယ့်..
မင်းမရှိရင်
ဘယ်သူမှအနားမကပ်ချင်ကြဘူး ''ပိုက်ဆံ''..။
ကောင်းမွန်သော အိပ်စက်ခြင်းမျိုးကို
မင်းဖန်တီးမပေးနိုင်ပေမယ့်.
မကျန်းမာတဲ့ အချိန်မှာ
မင်းကို အလိုရှိပြန်တယ် ''ပိုက်ဆံ''။
အတတ်ပညာ အသိပညာများစွာကို
ဝယ်ယူလို့ မရပေမယ့်.
ပညာတွေတတ်ဖို့တွက် မင်းကိုအသုံးပြုရပြန်တယ် ''ပိုက်ဆံ''...။
မင်းရှိနေရင်
လူအ က လူတော် ဖြစ်သွားနိူင်ပေမယ့်...
မင်းမရှိရင်
လူတော်တွေက လူအ ဖြစ်သွား
ကြရပြန်တယ် ''ပိုက်ဆံ''...။
မင်းက လူတိုင်းရဲ့ မျက်ရည်ကို
သုတ်မပေးနိုင်ပေမယ့်
မင်းကြောင့်
လူတစ်ချို့ မျက်ရည် ကျခဲ့ရတယ် ''ပိုက်ဆံ''... ။
နွေးထွေးတဲ့
မိသားစုကို ဖန်တီးမပေးနိုင်ပေမယ့်
မင်းကြောင့်
လူတစ်ချို့က မိဘရင်ခွင်ရဲ့
အဝေးနေရာကို...
ထာဝရ ထွက်ခွာသွားကြရတယ် ''ပိုက်ဆံ''...။
မင်းက ဖန်ဆင်းရှင် မဟုတ်ပေမယ့် ..
အချို့သောလူတွေကမင်းကို ဖန်ဆင်းရှင်လို
ကိုးကွယ်နေကြတယ် ''ပိုက်ဆံ''...။
ပိုက်ဆံ မင်းက သက်မဲ့ဆိုပေမယ့်...
အရာရာအတွက် စကားပြောတတ်တယ်နော်...။
ကျွန်တော်တို့တင်သမျှ အချိန်နှင့်တပြေးညီဖတ်နိုင်ရန် page ကို like & follow လုပ်ပေးခြင့်ဖြင့် ကျွန်တော်တို့ကို ကူညီနိုင်ပါတယ်ဗျ🤩
22/01/2023
ရေမရောတဲ့ မန္တလေးသား စစ်စစ်ဖြစ်ကြောင်း သက်သေပြနိုင်မယ့် အချက် (၁၀) ချက်
မန္တလေးသား၊ မန္တလေးသူ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနိုင်မယ့် အချက် (၁၀)ချက်။ မန္တလေးသား၊သူ စစ်ရဲ့လား ရေရောနေသလားဆိုတာကို ဘယ်လို ခွဲကြမလဲ။ အောက်မှာဖော်ပြထားတဲ့ အချက် (၁၀)ချက်နဲ့သာ တိုက်ဆိုင် စစ်ဆေးကြည့်ပါဗျ။ အဲဒီ အချက်တွေကတော့ (ကျွန်တော်တို့လို မန္တလေးမှာ မွေးပြီး မန္တလေးမှာ ကြီးပြင်းခဲ့တဲ့ သူတွေအတွက်တော့ ဘာမှ မထူးဆန်းပေမယ့် မသိသေးတဲ့သူတွေ သိရအောင် ဖော်ပြပေးလိုက်ပါတယ်။)
၁။ ကား၊ ဆိုင်ကယ်မောင်းရင် နားလည်မှုနဲ့သာ မောင်းပါတယ်။ မန္တလေးမှာ လမ်းသွယ်ကပဲ ဖြတ်လာတဲ့ ယာဉ်ဖြစ်ဖြစ် အရင်သွားချင်လို့ လမ်းတောင်းချင်ရင် ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်ရုံပါပဲ။ မီးပွိုင့်စောင့်ရင်လည်း ကိုယ့်လမ်းကြောထက် သူများလမ်းကြောက အစိမ်းအနီကို မျက်ခြေမပြတ် ကြည့်ကြပါသေးတယ်။
၂။ ဂဏန်းသင်္ချာကျွမ်းပါတယ်။ ဂဏန်းသင်္ချာဆိုလို့ ဖဲရိုက်တတ်တာ၊ နှလုံးထိုးတာကို ဆိုလိုတာမဟုတ်ပါဘူး။ မန္တလေးမြို့ရဲ့ လမ်းတိုင်းရဲ့ လမ်းမတွေကို ဂဏန်းတွေနဲ့ဖော်ပြထားသလို လမ်းသွယ်တိုင်းကိုလည်း အစဉ်လိုက်ဖြစ်တဲ့ လမ်းမကြီးရဲ့ နံပတ်နဲ့အတူ အင်္ဂလိပ်အက္ခရာတွဲပြီး ဖော်ပြကြတာမို့ ဂဏန်းသင်္ချာမှာ ကျွမ်းကျင်နေတာတော့ မဆန်းလှတော့ပါဘူး။
၃။ အအေးဒဏ်မခံနိုင်ကြပါဘူး။ နွေရာသီ ကြိုက်သလောက်ပူပါ မန္တလေးသား၊သူအစစ်တွေက အေးဆေးပါပဲ။ ဒေါင်ဒေါင်မြည်လျက်ပေါ့။ ဆောင်းရာသီ နဲနဲလေး အေးလာတာနဲ့ နှာစေးပါပြီ ချောင်းဆိုးပါပြီ ဖျားပါပြီ။ ကျွန်တော်တောင် အခု နှာစေးနေတာပါ။
၄။ မုန့်ဟင်းခါးသောက်ရင် ဟင်းရည် အဆစ်တောင်းတတ်ကြပါတယ်။ မုန့်ဟင်းခါးကို ဘယ်ဆိုင်မှာပဲသောက်သောက် တစ်ပွဲသောက်မကုန်ခင် အဖတ်နည်းနည်းချန်ပြီး ဟင်းရည်အဆစ်တောင်းကြတာ ဟိုးယခင်ကနေ အခုထိပါပဲ။ မန္တလေးက ဆိုင်တွေကလည်း ဟင်းရည်အဆစ် ပေးကြသလို မုန့်ဟင်းခါးကို စားတယ် မပြောဘဲ သောက်တယ်ပြောတာကလည်း ထူးခြားမှုတစ်ခုပါ။
၅။ ကွန်ဒိုတိုက်ခန်းတွေမှာ နေရတာထက် လုံးချင်းနေရတာကိုပဲ နှစ်သက်ကြသူတွေပါ။ ဘယ်လိုပဲ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တွေထဲက တစ်ခုအပါအဝင်ဖြစ်ဖြစ် အထပ်မြင့်ကွန်ဒိုတွေ ဘယ်လောက်ဆောက်ဆောက် မန္တလေးသူ မန္တလေးသားတွေက ကိုယ့်အိမ် ကိုယ်ခြံလေးတွေနဲ့ နေရတာကိုသာ နှစ်သက်ကြပါတယ်။ အခြေအနေအရ တိုက်ခန်းမှာ နေကြတဲ့သူတွေ ရှိပေမယ့် လုံးချင်းအိမ်လေး တစ်လုံးကိုတော့ ရည်မှန်းထားသူတွေချည်းပါပဲ။
၆။ မန္တလေးသားရော မန္တလေးသူရော ကျွန်တော်ဆိုတဲ့ နာမ်စားကိုပဲ သုံးကြပါတယ်။ ဒါကတော့ ရာဇဝင်နဲ့ သမိုင်းနဲ့ လာတာမို့ သိချင် ရှာဖတ်ပါလို့။ မန္တလေးသူတွေ ကျွန်တော်ဆိုပြီး ပြောဆိုကြတာတော့ ကြားဖူးကြတယ်လို့ ယူဆမိပါတယ်။ မန္တလေးသူတွေ ထူးရင်လည်း ရှင့်လို့ ထူးမယ့်အစား ဗျလို့ပဲ အထူးများကြပါတယ်။
၇။ အရပ်မျက်နှာကို အလေးထားကြပါတယ်။ မန္တလေးမြို့ကို အလည်ရောက်လို့ လမ်းမသိရင် အရှေ့ဘက်သွား မြောက်ဘက်သွား စသဖြင့် ညွှန်ပြတဲ့သူတွေနဲ့ပဲ တွေ့မှာ သေချာပေါက်ပါပဲ။ ဒီကြားထဲ အရှေ့တစ်ပြ၊ တောင်ဘက်ကအပြ အဲလိုတွေပါ ညွှန်လိုက်ရင် ဘာတွေပြောနေလဲမသိ ဖြစ်သွားမယ်နော်။ ဆိုတော့ မန္တလေးကို လာမယ်ဆိုရင် တစ်ပြ နှစ်ပြဆိုတာ လမ်း၂ခုကြား အကွာအဝေးကို ပြောတာလို့သာ အလွယ်မှတ်ထားတော့နော်။
၈။ မတူညီတဲ့ အစားအသောက် အခေါ်တွေ ပြောတတ်ပါတယ်။ မန္တလေးသားတွေဖြစ်ဖြစ် မန္တလေးသူတွေဖြစ်ဖြစ် ပလာတာနဲ့ ထပ်တရာကို ခွဲခြားကာ မှာတတ်ကြပြီးတော့ ကောက်ညှင်းကျည်တောက်ကို ခဲတံချောင်း လို့ ခေါ်ကြသေးတယ်။
မုန်လာဥနီကို ခါကြက်ဥ၊ ပဲပင်ပေါက်ကို တိုရ၊ ပန်းပွင့်ကို ပန်းမုန်လာ၊ ပဲငံပြာရည်အပျစ်ကို ကြာညို့ စသဖြင့်လည်း အခြားဒေသနဲ့ မတူညီတဲ့ အခေါ်အဝေါ်တွေကို ခေါ်ဝေါ်ကြတာတွေ တွေ့ရမှာပါ။ မုန့်တီကိုလည်း နန်းကြီး၊ နန်းလတ်၊ ခိုတောင်နန်း၊ နန်းသေး၊ နန်းပြား ဆိုပြီး ခွဲခြားခေါ်ဆိုကြပါသေးတယ်။
၉။ တခြားမြို့ရွာက သူတွေနဲ့ အချစ်ဇာတ်လမ်းတွေ ဖြစ်ရင်တောင် မန္တလေးကို ချစ်တတ်အောင်ပဲ သင်ပေးကြသူတွေပါ။ ဒီအချက်ကတော့ အက်ဖ်အေတွေကို ခွဲခြားဆက်ဆံသလို ဖြစ်မှာစိုးလို့ ရှင်းမပြတော့ပါဘူး။
၁၀။ စကားကြွယ်သူတွေနေထိုင်ရာ မန္တလေးမြို့ပါ။ မန္တလေးဒေသခံတွေဟာ အနုပညာမှာ ပါရမီပါကြသလို စကားကြွယ်ချက်ကလည်း မားကတ်တင်းသမားတွေ နေခဲ့တော့ပဲ။ မယုံရင် စီဘီသာ ကြွခဲ့တော့ဗျို့။ ဒီတော့ ဒီလောက်ပါပဲဗျ။
အချက် ၁၀ ချက်မက ကိုက်ညီတဲ့ မန္တလေးသူ မန္တလေးသား အစစ်ဆုံးတွေ ရှိနိုင်သေးသလို အချက်အနည်းငယ်ပဲ ကိုက်ညီတဲ့ ရေရောလေးတွေ ရှိနိုင်တာမို့ မန္တလေးသူ မန္တလေးသား စစ်စစ်ကိုမှ ချစ်ချင်တယ်ဆိုသူများအတွက် တိုက်ဆိုင် စစ်ဆေးကာ ရွေးချယ်လို့ ရပြီဆိုတဲ့အကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ။
21/01/2023
တောင်ကိုရီးယားမြို့တော် ဆိုးလ်က ပျံကျရပ်ကွက် မီးလောင်
တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်က ပျံကျရပ်ကွက်မှာ မနေ့ ဇန်နဝါရီလ ၂၀ ရက်တုန်းက မီးလောင်မှုဖြစ်ခဲ့တာကြောင့် ရာနဲ့ချီတဲ့လူတွေ ဘေးလွတ်ရာရွှေ့ပြောင်းနေရပါတယ်။
မီးလောင်မှုဟာ မြို့တော်ဆိုးလ်က ဂါယုံကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်ပေါင်း ၆၀ လောက် မီးထဲ ပါသွားခဲ့ပါတယ်။
တဟုန်းဟုန်းတောက်နေတဲ့မီးကို ငြိမ်းသတ်နိုင်ဖို့ မီးသတ်သမား ၉၀၀ ကျော်နဲ့ ရဟတ်ယာဥ်တွေရဲ့ အင်အားကိုပါ သုံးခဲ့ရတာဖြစ်ပါတယ်။
အဲဒီနေရာဟာ ဆိုးလ်မြို့မှာ နောက်ဆုံးကျန်နေတော့တဲ့ ပျံကျရပ်ကွက်ဖြစ်ပြီး ယာယီတဲတွေ ကျပ်ကျပ်တည်းတည်း ကပ်ဆောက်ထားတဲ့နေရာဖြစ်တယ်လို့ တောင်ကိုရီးယား မီဒီယာတွေမှာ သတင်းဖော်ပြပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းကို မသိရသေးပေမဲ့ သစ်သားပြားတွေ၊ ကတ်ထူပြားတွေနဲ့ ယာယီတဲတွေ ဆောက်နေထိုင်ကြတဲ့ အဲဒီနေရာဟာ မီးဘေး၊ရေဘေး မကြာခဏသင့်တဲ့နေရာဖြစ်ပါတယ်။
ကိုရီးယားတိုင်းမ် သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် အဲဒီကျေးရွာဟာ ၂၀၀၉ ခုနှစ်ကတည်းကဆိုရင် မီးလောင်မှု ၁၆ ကြိမ်ထက်မနည်းဖြစ်ပွားထားပါတယ်။
#တောင်ကိုရီးယား #ဆိုးလ်
Click here to claim your Sponsored Listing.
Website
Address
Mandalay