Consult Plus

Consult Plus

Share

24/01/2026

ဒစ်ဂျစ်တယ်ခေတ်ရဲ့ လုပ်ငန်းခွင်အတွက် မရှိမဖြစ်လိုအပ်တဲ့ Digital Marketing

ဒီနေ့ခေတ်မှာ လုပ်ငန်းတိုင်းဟာ Digital Marketing ကို အသုံးမပြုရင် ရေရှည်မှာ ရပ်တည်ဖို့ ခက်ခဲလာပါပြီ။ လုပ်ငန်းရှင်တွေအနေနဲ့ Digital Marketing ကို ဘာကြောင့်လုပ်သင့်လဲ၊ ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာကို သိရှိဖို့ အရေးကြီးပါတယ်။

၁။ ပစ်မှတ်ပရိသတ်ကို တိကျစွာ ရောက်ရှိစေနိုင်ခြင်

ရိုးရာကြော်ငြာတွေဟာ လူအများကြီးကို ရောက်ပေမဲ့ မိမိ Product နဲ့ သက်ဆိုင်တဲ့ ပရိသတ်ကို တိတိကျကျ ရောက်ရှိဖို့ ခက်ခဲပါတယ်။ Digital Marketing မှာတော့ အသက်၊ ကျား/မ၊ နေထိုင်ရာဒေသ၊ စိတ်ဝင်စားမှု စတဲ့အချက်တွေအပေါ် အခြေခံပြီး Target Audience ကို တိကျစွာ ရွေးချယ်နိုင်တာကြောင့် ကုန်ကျစရိတ်နည်းနည်းနဲ့ အကျိုးအမြတ်များများ ရရှိနိုင်ပါတယ်။

၂။ လုပ်ငန်းရဲ့ Brand Image ကို တိုးမြှင့်နိုင်ခြင်း

Social Media တွေမှာ ပုံမှန် Content တွေတင်တာ၊ Customer တွေရဲ့ Comment တွေကို အမြဲတမ်း ပြန်ဖြေတာက လုပ်ငန်းရဲ့ပုံရိပ်ကို ပိုပြီးခိုင်မာစေပါတယ်။ သင့်ရဲ့ Brand ဟာ ပရိသတ်ရဲ့ စိတ်ထဲမှာ အမြဲရှိနေစေဖို့အတွက် Online Presence ကို အားကောင်းအောင် လုပ်ဆောင်ဖို့ လိုပါတယ်။

၃။ တိုင်းတာနိုင်တဲ့ ရလဒ်များ

Digital Marketing ရဲ့ အကောင်းဆုံး အားသာချက်ကတော့ သင်လုပ်လိုက်တဲ့ Campaign တစ်ခုချင်းစီက ဘယ်လောက်ထိ အောင်မြင်လဲဆိုတာကို တိုင်းတာနိုင်တာပါပဲ။ Website ကို ဝင်ကြည့်တဲ့လူ ဘယ်လောက်ရှိလဲ၊ ကြော်ငြာတစ်ခုကို ကြည့်တဲ့လူ ဘယ်လောက်ရှိလဲ၊ ဘယ် Content က လူကြိုက်အများဆုံးလဲ စတာတွေကို Data အချက်အလက်နဲ့ ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။

သင့်လုပ်ငန်းရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ Financial Management Plan ဒါမှမဟုတ် Digital Marketing Strategy ကောင်းတစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် Consult Plus ကို ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။
☎️09 740862699
☎️09 740862688

Consult Plus
We don't just consult.We focus on result.

Consultplus

20/01/2026

လုပ်ငန်းရှင်တိုင်း သိဖို့လိုတဲ့ Marketing ရဲ့ 4 Ps ဆိုတာ...

ကျွန်တော်တို့ဟာ ဘာပဲလုပ်လုပ် ရှောင်လွဲလို့မရတာ တစ်ခုရှိပါတယ်...။

ဒါကတော့ “Marketing (စျေးကွက် ချဲ့ထွင်ခြင်း)”ပါပဲ...။

စျေးကွက်ချဲ့ထွင်ခြင်းဆိုတာ လူတွေကို လှပစွာဆွဲဆောင်ခြင်းအနုပညာလို့ ဆိုလေ့ရှိကြပါတယ်...။

ဒါဆို ဒီနေ့မှာ ကျွန်တော်တို့က Marketing ရဲ့ 4Ps ကို သုံးပြီး လူတွေကို ဘယ်လိုလှလှပပ ဆွဲဆောင်ကြလဲဆိုတာ ‌ပြောြပပေးချင်ပါတယ်...။

1)Product

Product လို့ဆိုတဲ့နေရာမှာ ကိုင်တွယ်လို့ရတဲ့ ထုတ်ကုန်တွေနဲ့ ကိုင်တွယ်လို့မရတဲ့ ဝန်ဆောင်မှုတွေအကုန်ပါဝင်ပါတယ်...။ ဒီလို Product ရဲ့ ဒီဇိုင်း၊ ထုတ်ပိုးမှုပုံစံနဲ့ အရည်အသွေးတွေဟာ ကိုယ့် Customer လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဖန်တီးခြင်းဟာလည်း Marketing မှာ First Priority ပါပဲ...။

2)Price

ဈေးကွက်ထဲမှာ ကိုယ့်ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို မှန်ကန်တဲ့ဈေးနှုန်း သတ်မှတ်ခြင်းကလည်း Marketing မှာ မပါဖြစ်ပါ...။ ဒီလိုစျေးနှုန်းသတ်မှတ်တဲ့ နေရာမှာ ထုတ်ကုန်အတွက် ကုန်ကျစရိတ်၊ ပြိုင်ဘက်လုပ်ငန်းတွေရဲ့ စျေးနှုန်းသတ်မှတ်မှုပုံစံနဲ့ ကုန်ပစ္စည်းရဲ့ အရည်အသွေး စတာတွေပေါ်မှာ မူတည်ပြီး စျေးနှုန်းတစ်ခု ချမှတ်ထားရပါမယ်...။

3)Place

ကိုယ်စနစ်တကျ ဖန်တီးထားတဲ့ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေ လက်လှမ်းမှီတဲ့ ဘယ်လိုနေတွေမှာထားရှိမလဲဆိုတာ Marketing ရဲ့ Place ပါ။ ဒီလိုသတ်မှတ်တဲ့ အခါ

ကိုယ်ရဲ့ ကိုယ့်ချင်းစာစိတ်ကို ပြသဖို့အတွက် သုံးစွဲသူတွေအတွက် အဆင်ပြေ လွယ်ကူတဲ့နေရာ ဖြစ်ကိုဖြစ်ရပါမယ်...။

4)Promotion

Promotion ရဲ့ ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ ကိုယ့်ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ကို လူတွေသိလာအောင်၊ လူတွေစိတ်ဝင်စားလာအောင်နဲ့ လူတွေဝယ်ချင်လာအောင် ပြုလုပ်ဖို့ပါပဲ...။



ကျွန်တော်တို့ဟာ လူတွေကို လှပစွာဆွဲဆောင်နိုင်ပြီး Marketing မှာအောင်မြင်ဖို့ဆိုရင် ဒီ 4Ps ကို စနစ်တကျ အသုံးချရပါလိမ့်မယ်....။

အကယ်၍ လူကြီးမင်းတို့ဟာ ဒီ 4Ps ကို သုံးပြီး လူတွေကို လှပစွာ ဆွဲဆောင်ချင်တယ် ဆိုရင်တော့ ကျွန်တော်တို့

Consult Plus- Consulting Firm က အကြံပေးဆွေးနွေး ကူညီပေးဖို့ အသင့်ပါပဲ ခင်ဗျာ...။

Hotline. 09 768 221 443
09 740 862 688
09 740 862 699

Address . 76St, Bet 36x37,Mahar Aung Myay Township, Mandalay.

Want your business to be the top-listed Business in Mandalay?
Click here to claim your Sponsored Listing.

Telephone

Address


Mandalay
05031

Opening Hours

Monday 08:30 - 06:00
Tuesday 08:30 - 06:00
Wednesday 08:30 - 06:00
Thursday 08:30 - 06:00
Friday 08:30 - 06:00
Saturday 08:30 - 06:00
Sunday 08:30 - 06:00