Insurance by Lae Mon
18/03/2026
အသက်အာမခံ ပေးသွင်းငွေနဲ့ ဝင်ငွေခွန် သက်သာခွင့်🤘
🔶အရင်ဆုံး ပြောရရင် AIA အပါအဝင် မည်သည့် အသက်အာမခံ ပေးသွင်းငွေမဆို မြန်မာနိုင်ငံရဲ့ လက်ရှိ ဝင်ငွေခွန် ဥပဒေအရ အခွန် သက်သာခွင့် (Tax Deduction) ရရှိနိုင်ပါတယ်။
🔶အာမခံ ပေးသွင်းငွေဟာ
· မိမိကိုယ်တိုင်အတွက် အာမခံ ပေးသွင်းငွေ
· မိမိ၏ ခင်ပွန်း သို့မဟုတ် ဇနီးအတွက် အာမခံ ပေးသွင်းငွေ
အဲဒီ နှစ်မျိုးစလုံးအတွက် အခွန် သက်သာခွင့် တောင်းခံလို့ ရပါတယ်။
🔶ဘယ်လောက်အထိ သက်သာခွင့်ရနိုင်လဲ?
အခွန် သက်သာခွင့်ဆိုတာ သင်ပေးဆောင်ရမယ့် အခွန်ပမာဏထဲကနေ တိုက်ရိုက် နုတ်လိုက်တာမျိုး မဟုတ်ဘဲ၊ သင်ရဲ့ အခွန်ကောက်ခံရမယ့် ဝင်ငွေ (Taxable Income) ကို လျှော့ချပေးလိုက်တာမျိုး ဖြစ်ပါတယ်။
ဒါကြောင့် အာမခံ ပေးသွင်းငွေ များလေလေ၊ အခွန်ကောက်ခံရမယ့် ဝင်ငွေ နည်းလေလေ ဖြစ်ပြီး သင့်အနေနဲ့ ဝင်ငွေခွန် သက်သာစွာ ပေးဆောင်ရလေလေ ဖြစ်မှာပါ။
🔶လစဉ် အခွန်ပေးဆောင်ရတဲ့သူတွေအနေနဲ့ဆိုရင်
ပေးရတာချင်းတူတူ ကိုယ်ပေးဆောင်ရမယ့် အခွန်ပမာဏနဲ့ ညီမျှတဲ့ အသက်အာမခံပေးသွင်းငွေကို လစဉ် အခွန်သက်သာခွင့်အနေနဲ့ နှူတ်ယူထားခဲ့ရင်
ပေးရတာချင်းအတူတူ အကာကွယ်လည်းရ
နောက်ဆုံး ပြန်ထုတ်သုံးဦးမလား
တချက်ခုတ် နှစ်ချက်ပြက်
ဘာလိုသေးလဲကွယ်🤘🍀
👩💻AIA ရဲ့ Insurance Products တွေနဲ့ပတ်သတ်လို့
ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့
အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်💛
Crd #
#အသက်အာမခံ
#ကျန်းမာရေးအာမခံ
18/02/2026
#အရင်းနှီးဆုံးမိတ်ဆွေတွေအတွက် အသဲယားလို့ ဒီစာကိုရေးသည်😛အာမခံက ကောင်းမှန်းလည်း သိကြတယ်…
ထားသင့်တယ်ဆိုတာလည်း သိကြတယ်…
ဒါပေမယ့် —
“နောက်မှလုပ်မယ်…”
“အခုတော့ မအားသေးဘူး…”
“နောက်လပေါ့…”
ဆိုပြီး နေ့ရွေ့ ညရွေ့နဲ့ လွတ်သွားတတ်ကြတယ်။
မိတ်ဆွေတို့ရေ…
Risk ဆိုတာ Calendar ကြည့်ပြီး မလာဘူး။
အသင့်ဖြစ်ချိန်ကို စောင့်မနေဘူး။
အချိန်မရွေး တံခါးမခေါက်ဘဲ ဝင်လာတတ်တယ်။
အဲ့ဒီအချိန်မှာ
“ထားထားခဲ့ရင်ကောင်းမယ်နော်"""" ဆိုတဲ့ စကားကို
နောက်ကျသွားမှ မပြောစေချင်ဘူး။
ကျွန်မ စေတနာနဲ့ ပြောတာပါ။
ရောင်းချင်လို့မဟုတ်ဘူး…
မိသားစုတစ်စု မခက်ခဲစေချင်လို့ပါ။
အသက်အာမခံဆိုတာ
ကိုယ်အတွက်မဟုတ်ဘူး —
ကိုယ်ချစ်တဲ့သူတွေ မျက်ရည်မကျစေချင်လို့။
ဒီနေ့ သေးငယ်တဲ့ Premium တစ်ခုက
နောက်နေ့ မိသားစုဘဝကို ကယ်နိုင်တယ်။
ကျွန်မမှာ တခါတလေ
ဂရုဏာဒေါသဖြစ်မိတယ်…
ဘာလို့ဆိုတော့
သိပြီးလည်း မလုပ်သေးတာကို မြင်ရလို့။
မိတ်ဆွေတို့ရေ…
ဘဝအန္တရာယ်က မေးခွန်းမမေးဘူး။
ဒါကြောင့် ကျွန်မကပဲ တိုက်တိုက်တွန်းတွန်းလေးအကြံပေးချင်တယ် —
နေကောင်းကျန်းမာ ငွေရှာနိုင်တုန်း ဝင်ငွေရဲ့ ပမာဏနဲနဲလေးသုံးပီးသင့်တင့်တဲ့ Plan လေးတွေစီစဉ်ထားပါ
Crd_TTW
#လူတိုင်းတွက်အာမခံကအမှန်တကယ်လိုအပ်ပါတယ်
#မိသားစုတိုင်းမှာအာမခံစနစ်တခုကိုတည်ဆောက်ထားပါ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
72st A 112 & 113bet
Mandalay