Alexander - Forex Advisor
February 11
⚡⚡⚡⚡⚡
ကမ္ဘာ့ရွှေအဖွင့်ေစျး 1826 $
ဒေါ်လာဈေး 1990 MMK
10/02/2022
အိုမီခရွှန်နဲ့ ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန် ဆိုပြီး အသက်အန္တရာယ်ပါထိခိုက်နိုင်တဲ့ အချက်အလက်မှားများပြန့်နေ
တွေးပြီးမှယုံ
ကူးစက်မှုနှုန်း သိသိသာသာမြင့်တက်လာတဲ့ အိုမီခရွှန်နဲ့ ပတ်သက်လို့ ဆေးနည်းအမှားတွေဟာ ဖေ့ဘွတ်ခ်မှာ တဟုန်ထိုးပြန့်နှံ့နေပါတယ်။
ဒီသတင်းကို ဒေါက်တာသစ်လွင်ဆိုတဲ့ ရင်းမြစ်တခုကို ကိုးကားဖော်ပြထားတာဖြစ်ပြီး ဖြန့်ဝေသူတွေထဲမှာ Ei Tone နာမည်နဲ့ အကောင့်တခုဆီကနေ ပြန်လည်ဖြန့်ဝေသူ ၃၀၀၀ ကျော်ရှိသည်အထိ အများဆုံးတွေ့ရပါတယ်။ အခုချိန်မှာတော့ ဖြန့်ဝေထားခဲ့တဲ့ Ei Tone နာမည်နဲ့ အကောင့်က ပြန်လည်ဖြုတ်ချသွားခဲ့ပေမဲ့ ထပ်ဆင့်ကူးယူဖော်ပြသူအများအပြားရှိနေပါသေးတယ်။
ပြန့်နှံ့နေတဲ့ သတင်းမှာဆိုရင် ငှက်သိုက်၊ ဖရဲသီး၊ သခွားသီး၊ အုန်းရည်၊ စွပ်ပြုတ် တို့ မစားရ ကနေစလို့ ၄ နာရီတိုင်း ဗိုက်တာမင်ဒီ ၂၀၀၀ သောက်ပါ စသဖြင့် ညွှန်းထားပါတယ်။ ဒါ့အပြင် ဘယ်လိုနေရထိုင်ရမယ်ဆိုတာတွေလည်း ဆက်လက်ဖော်ပြထားပါသေးတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးရာမှာတော့ လူ့အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ အချက်အလက်အမှားတွေကို တွေ့ခဲ့ပါတယ်။ သတင်းတုပါ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်တွေနဲ့ ပတ်သက်လို့ အရေးပါတဲ့ စကားလုံးတွေကို ထုတ်နှုတ်ပြီး ရှာဖွေခဲ့ရာမှာ ဒီလို လိုက်ပါကာကွယ်၊ ကုသရမယ်လို့ ဘယ် ကျန်းမာရေးကဏ္ဍအဖွဲ့အစည်း၊ ကျွမ်းကျင်သူ တဦးတယောက်ကမှ ညွှန်းထားတာကို မတွေ့ခဲ့ရပါဘူး။
ဒါအပြင် တွေးပြီးမှယုံအနေနဲ့ တက်ကြွလှုပ်ရှားသူ CDM ဆရာဝန်တဦးနဲ့ သတင်းတုပါအချက်အလက်တွေကို မေးမြန်းခဲ့ရာမှာလည်း အချက်အလက်အမှားတွေနဲ့ သတင်းအမှားသာဖြစ်တဲ့အကြောင်း၊ Vitamin D လို ဆေးဝါးများကို ၄ နာရီခြားတခါ သုံးစွဲနေရင် ကျောက်ကပ်ပျက်ဆီးပြီး အသက်သေဆုံးနိုင်တဲ့အကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
COVID - 19 ရဲ့ ဗီဇပြောင်းပိုးတမျိုးဖြစ်တဲ့ အိုမီခရွှန်(Omicron) ဟာ အခုရက်ပိုင်းထဲမှာ မြန်မာနိုင်ငံထဲကို ခြေလှမ်းစိတ်စိတ်နဲ့ ဝင်လာနေပါတယ်။ ဒါနဲ့ ပတ်သက်လို့ အိုမီခရွှန်ဆိုတာ ဘာလဲ၊ ဘယ်လိုကာကွယ်ကြမလဲ ဆိုတဲ့ တရားဝင် သတင်းမီဒီယာတွေ၊ ကျန်းမာရေးဌာနတွေရဲ့ ဖော်ပြချက်တွေကိုလည်း စုစည်းဖော်ပြပေးလိုက်ပါတယ်။
UNICEF အဖွဲ့ရဲ့ အိုမီခရွှန်နဲ့ ပတ်သက်လို့ သတိထားဖွယ်ရာများ - https://www.unicef.org/coronavirus/what-we-know-about-omicron-variant
Mizzima သတင်းမီဒီယာမှ တင်ဆက်ပေးထားတဲ့ အိုမီခရွှန်ဆိုတဲ့ ရောဂါအကြောင်း - https://fb.watch/b0oxeJyulr/
ကျန်းမာရေးဆိုင်ရာ သတင်းတွေကို တင်ဆက်ပေးနေတဲ့ Happy Health Myanmar ရဲ့ အိုမီခရွှန်ကူးဆက်ခံရတဲ့ လက္ခဏာများ - https://fb.watch/b0oCbKSkNU/
ကျန်းမာရေးနဲ့ ပတ်သက်လို့ သတင်းအမှားတွေ၊ အချက်အလက်အလွဲတွေ ဖြန့်ဝေတာတွေဟာ မြန်မာနိုင်ငံမှာ မကြာခဏတွေ့ရလေ့ရှိပါတယ်။ ဥပမာ COVID - 19 စတင်ချိန်မှာလည်း ဒီလို အလားတူ သတင်းတွေဟာ အင်တိုက်အားတိုက်ဆိုသလို ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒီလိုသတင်းအချက်အလက်အမှားတွေကြောင့် အသက်အန္တရာယ် ထိခိုက်ခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင် ဒီလို သတင်းတွေ တွေ့ရင် အလွယ်တကူ မယုံကြည်မိကြဖို့၊ ထပ်မံမဖြန့်ဝေမိကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
Website link=> https://thinkbeforeyoutrust.com/2022/02/07/omicron_fakenews/
Telegram link=> https://t.me/tb4ut/80
Click to Here 👇👇
https://www.facebook.com/alexanderforexadvisor/
Credit
February 10
ကမ္ဘာ့ရွှေအဖွင့်ဈေး
1 Ounce - 1832 $
1 USD - 1985 MMK
https://www.facebook.com/alexanderforexadvisor/
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay