AM Construction

AM Construction

Share

08/03/2026

ပီဇာမျှော်စင်ကြီး ဘာလို့စောင်းနေတာလဲ သင်သိပါသလား? 🍕🗼

🚩အဖြေကတော့ "Foundation" (အုတ်မြစ်) အမှားတစ်ခုကြောင့်ပါ။
သင့်အိမ်မှာရော ဘယ်လိုအုတ်မြစ်မျိုး သုံးသင့်သလဲ? အမျိုးအစားစုံအောင် ကြည့်လိုက်ရအောင်။

1️⃣ Isolated Foundation ( တစ်တိုင်ချင်းစီ အုတ်မြစ် )
အသုံးအများဆုံးနဲ့ ကုန်ကျစရိတ် အသက်သာဆုံးပါ။
◾️အလုပ်လုပ်ပုံ ~ တိုင်တစ်တိုင်ချင်းစီအတွက် ကွန်ကရစ်ခုံ (Footing) တစ်ခုစီ သီးခြားစီ ခံထားတာပါ။
◾️အားသာချက် ~မြေမာတဲ့နေရာတွေမှာ ဆောက်လုပ်ရတာ မြန်ဆန်ပြီး စရိတ်သက်သာစေပါတယ်။

2️⃣ Strip Foundation / Strip Beam (နံရံတစ်လျှောက် အုတ်မြစ်)
နံရံကလာတဲ့ အလေးချိန်ကို မြေကြီးထဲ ညီတူညီမျှ ဖြန့်ချပေးဖို့ သုံးပါတယ်။
◾️အလုပ်လုပ်ပုံ ~ နံရံအောက်ခြေတစ်လျှောက် (သို့မဟုတ်) တိုင်တွေကို ချိတ်ဆက်ပြီး အရှည်လိုက် Beam တန်းကြီး ခံထားတာပါ။
◾️အားသာချက် ~ အုတ်နံရံတွေ အက်ကွဲခြင်း (Cracks) ကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပြီး ခြံစည်းရိုးနဲ့ အုတ်ညှပ်အဆောက်အဦတွေအတွက် အကောင်းဆုံးပါ။

3️⃣ Combined Foundation (တွဲလျက်အုတ်မြစ်)
◾️အလုပ်လုပ်ပုံ ~ တိုင်နှစ်တိုင်က အရမ်းနီးကပ်နေရင် သီးခြားစီခုံမလုပ်ဘဲ တစ်ခုတည်းအဖြစ် ပေါင်းလိုက်တာပါ။
◾️ဘယ်မှာသုံးလဲ ~ မြေကွက်အနားသတ်တွေမှာ အုတ်မြစ်ကို တစ်ဖက်တည်း ထုတ်ရတဲ့အခါမျိုးမှာ အသုံးများပါတယ်။

4️⃣ Mat/Raft Foundation (ဖောင်ဒေးရှင်းအပြားကြီး)
◾️အလုပ်လုပ်ပုံ: အိမ်အောက်ခြေ မြေပြင်တစ်ခုလုံးကို ကွန်ကရစ်အပြားကြီး (Slab) တစ်ခုတည်းအဖြစ် လောင်းချလိုက်တာပါ။
◾️အားသာချက်: အိမ်တစ်လုံးလုံးကို လှေတစ်စင်းလို မြေပေါ်မှာ တင်ထားတာဖြစ်လို့ မြေသားနုတဲ့နေရာတွေမှာ အိမ်ကျွံမှုကို အားလုံးညီတူညီမျှ ဖြစ်အောင် ထိန်းပေးပါတယ်။

5️⃣Pile Foundation (ဘိုးတိုင်/ပိုင်တိုင် အုတ်မြစ်)
◾️ အလုပ်လုပ်ပုံ ~ မြေပေါ်ယံက အလေးချိန်မခံနိုင်တဲ့အခါ မြေအောက်အနက်ကြီးက မြေမာလွှာအထိ တိုင်တွေရိုက်သွင်းတာပါ။
◾️မှတ်ချက် ~ အထပ်မြင့်တွေနဲ့ မြစ်နား၊ ချောင်းနား မြေနုအရပ်တွေမှာ မဖြစ်မနေ သုံးရပါတယ်

💢ပီဇာမျှော်စင်မှာ ဒါကို သုံးခဲ့သင့်တာပါ💢
________________________________________

အုတ်မြစ်မှန်မှ အိမ်ခိုင်မယ်! အိမ်တစ်လုံးဆောက်တော့မယ်ဆိုရင် သင့်မြေသားနဲ့ ကိုက်ညီတဲ့ Foundation ကို ကျွမ်းကျင်အင်ဂျင်နီယာနဲ့ တွက်ချက်ဖို့ လိုပါတယ်။
• Strip Beam ထည့်သင့်သလား?
• Pile ရိုက်ဖို့ လိုသလား?
AM Construction က လူကြီးမင်းတို့အတွက် တိကျသေချာစွာ တွက်ချက်တည်ဆောက်ပေးနေပါတယ်။
________________________________________

သင့်အိမ်မက်အိမ်လေးကို အုတ်မြစ်ကစပြီး စိတ်ချရဖို့...
အခုပဲ AM Construction နဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။

💬 Comment မှာ "Foundation" လို့ ရေးခဲ့ပါ၊ ကျွန်တော်တို့ဘက်က အခမဲ့ ဆွေးနွေးပေးပါ့မယ်။

17/02/2026

🧧🐎2026 မြင်းနှစ်သစ်မှာ AM Construction နဲ့အတူ အောင်မြင်မှုပန်းတိုင်ဆီသို့... 🏗️

​တရုတ်နှစ်သစ်ကူး အခါသမယမှာ မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း AM Construction မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်... ✨

​မြင်းအဟုန်လို အားမာန်အပြည့်နဲ့ ရှေ့ဆက်မယ့် ဒီနှစ်သစ်မှာ လူကြီးမင်းတို့ရဲ့ အိမ်မက်ပရောဂျက်တိုင်းကို ခိုင်မာရုံတင်မကဘဲ စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမယ့် အရည်အသွေးမြင့် လက်ရာများနဲ့ ကျွန်တော်တို့က ဖန်တီးတည်ဆောက်ပေးသွားမှာပါ... 🏠🧧

​🏮 Happy Chinese New Year 2026! 🏮
စီးပွားလက်လာဘ်များ ဒီရေအလား တိုးပွားပြီး လုပ်ငန်းတိုင်း အောင်မြင်ချောမွေ့ကြပါစေ။

Want your business to be the top-listed Engineering Company in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


AM Construction Company
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00