NebwinTech
05/08/2025
ကမ္ဘာ့လူဦးရေ ၈.၂ ဘီလီယံကျော်ရှိတဲ့ထဲကမှ လူဦးရေ ၃.၀၇ ဘီလီယံကျော် အသုံးပြုနေကြတဲ့ Facebook ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်ဗျူဟာတွေ ရှိနေလဲ❗️
၁။ အစပြုရာ - Harvard တက္ကသိုလ်
🔹၂၀၀၄ ခုနှစ်မှာ Mark Zuckerberg ဟာ Harvard တက္ကသိုလ်က ကျောင်းသားတွေအချင်းချင်း Online ကနေ ချိတ်ဆက်နိုင်ဖို့ “Thefacebook” လို့ ခေါ်တဲ့ website လေးတစ်ခုကို စတင်ဖန်တီးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကျောင်းသားတစ်ဦးချင်းစီရဲ့ နာမည်နဲ့ ဆက်သွယ်ရေးအချက်အလက်တွေကို အလွယ်တကူမျှဝေနိုင်ပြီး အချင်းချင်းပိုမိုရင်းနှီးစေဖို့ပါ။
၂။ စိန်ခေါ်မှု - Desktop ကနေ Mobile သို့ ကူးပြောင်းခြင်း
🔹Thefacebook ဟာ Harvard တက္ကသိုလ်မှာတင်မဟုတ်ဘဲ တခြားတက္ကသိုလ်တွေအထိပါ တဖြည်းဖြည်း ချဲ့ထွင်အသုံးပြုနိုင်တဲ့ Desktop ပေါ်က Social Platform တစ်ခုအဖြစ် အောင်မြင်ခဲ့ပါတယ်။
🔹ဒါပေမဲ့ ၂၀၁၂ ခုနှစ်လောက်မှာ Smartphone အသုံးပြုမှုဟာ သိသိသာသာ မြင့်တက်လာတာကြောင့် Desktop user တွေအတွက်ပဲ အဓိကထားပြီး ဖန်တီးခဲ့တဲ့ Platform ကို Mobile Platform အဖြစ် ပြောင်းလဲနိုင်ဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
🔹အဲဒီအချိန်မှာ Mobile First ဆိုတဲ့ ဗျူဟာကို စတင်ချမှတ်ပြီး ပြိုင်ဘက်တွေနဲ့အပြိုင် ဈေးကွက်နေရာဦးနိုင်ဖို့ ပြီးပြည့်စုံတဲ့ Application တစ်ခုကို အချိန်ကုန်ခံပြီး တည်ဆောက်မယ့်အစား အမြန်ဆုံးစတင်စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၃။ HTML5 လမ်းကြောင်းပေါ်က သင်ခန်းစာ
🔹Facebook ဟာ သူတို့ရဲ့ Mobile Application ကို HTML5 နဲ့ ရေးသားဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲဒီအချိန်က HTML5 နည်းပညာရဲ့ အကန့်အသတ်ကြောင့် Mobile Application က နှေးကွေးပြီး အသုံးပြုရတာ အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် CEO Mark Zuckerberg ကိုယ်တိုင် HTML5 ပေါ် အလွန်အားထားခဲ့တာဟာ အမှားကြီးတစ်ခုပဲ လို့ ထုတ်ဖော်ပြောခဲ့ပြီး Mobile Application တွေကို Native (iOS အတွက် Objective-C, Android အတွက် Java) နည်းပညာတွေနဲ့ ပြန်လည်ရေးသားခဲ့ပါတယ်။
🔹နောက်ပိုင်းမှာ HTML5 က တိုးတက်လာပြီး Web Video Player လိုမျိုးတွေအတွက် HTML5 ကို အသုံးပြုလာပါတယ်။ ဒါ့အပြင် Facebook ကနေ ဖန်တီးတဲ့ React လို နည်းပညာတွေဟာ HTML5/ JavaScript ကို အခြေခံထားတာဖြစ်ပါတယ်။
၄။ အောင်မြင်မှုနဲ့ ဗျူဟာမြောက်ဆုံးဖြတ်ချက်များ
🔹HTML5 ကို စမ်းသပ်အသုံးပြုခဲ့တာကြောင့် Facebook က သူတို့ရဲ့လုပ်ဆောင်မှုတွေဟာ အားနည်းနေတယ်ဆိုတာကို အမြန်ဆုံးသိရှိခဲ့ရပြီး Native App ကို ပြောင်းလဲဖို့ အချိန်မီဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီလို အလျင်အမြန်စမ်းသပ်လေ့လာခြင်းကြောင့် အရင်းအနှီးတွေ သဲထဲရေသွန်မဖြစ်အောင် အချိန်မီ ပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။
🔹အရေးကြီးဆုံး Core Feature တွေပေါ်မှာ အာရုံစိုက်ခဲ့တဲ့အတွက် App ရဲ့ User Experience (UX) ကိုလည်း အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်ခဲ့တဲ့အပြင် ရလဒ်အနေနဲ့ သုံးရလွယ်ကူပြီး စွဲဆောင်မှုရှိတဲ့ ကမ္ဘာကျော် Application တစ်ခု ဖြစ်လာခဲ့ပါတယ်။
🔹ဒါကြောင့် လုပ်ငန်းမှာ idea တွေကို စတင်အကောင်အထည်ဖော်တဲ့အခါမှာ “ပြီးပြည့်စုံခြင်း” ထက် “အမြန်ဆန်ဆုံးစတင်ပြီး ဈေးကွက်လိုအပ်ချက်ကို လေ့လာခြင်း” က ပိုအရေးကြီးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိရှိနိုင်ပါတယ်။
အခုရောက်ရှိနေတဲ့ ၂၀၂၅ ကနေ Facebook ရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်လိုက်တဲ့အခါ လူတိုင်းလိုလို သုံးနေကြတဲ့ Facebook ဟာ ကျောင်းသားအချင်းချင်း ချိတ်ဆက်ဖို့ကိုပဲ ရည်ရွယ်ခဲ့တဲ့ ရိုးရှင်းတဲ့ idea ကနေ အမြန်ဆုံးစတင်စမ်းသပ်ပြီး လိုအပ်သလို Develop လုပ်နိုင်တဲ့ဗျူဟာကို အသုံးပြုခဲ့တယ်ဆိုတာ တွေ့ရှိနိုင်ပါတယ်။ 💯
Software Application Product တွေကို ဖန်တီးဖို့ဆိုရင် MVP (Minimum Viable Product) ရဲ့ အားသာချက်တွေကို အသုံးပြုသင့်တယ်ဆိုတာကိုလည်း ပြသနေပါတယ်။
ဒါဆိုရင်တော့ Facebook Mobile App ဘယ်လိုဖြစ်ပေါ်လာခဲ့တာလဲ ဆိုတာကို ချက်ကျလက်ကျ သိရှိသွားပြီလို့ မျှော်လင့်ပါတယ်။ 👨💻
ဒီလို Tech Insight တွေ၊ App Development Strategy တွေကို အချိန်နဲ့တပြေးညီ သိရှိလိုတယ်ဆိုရင် 𝗡𝗲𝗯𝘄𝗶𝗻 𝗧𝗲𝗰𝗵 Page ကို Like and Follow လုပ်ထားနိုင်ပါတယ်။
Smartly start.
Test fast.
Scale later.
𝗗𝗲𝘀𝗶𝗴𝗻 𝗧𝗵𝗲 𝗙𝘂𝘁𝘂𝗿𝗲 ✨
📧 [email protected]
📞 +959 7567 84887
📞 +669 50 58 30 87
📍 18 Street, Between 81st & 82nd Street
စိတ်ကူးထားတဲ့ Project အတွက် အကောင်အထည်ဖော်ဖို အချိန်၊ ငွေကြေးတွေကို လောင်းကြေးထပ်ပြီး ပုံအောစရာ မလိုပါဘူး။
ကြက်ကန်းဆန်အိုးတိုးသလို မဟုတ်ဘဲ MVP ဖန်တီးပြီး ဈေးကွက်ထဲကို ယုံကြည်မှုရှိရှိ တိုးဝင်လိုက်ပါ။
💡𝗡𝗲𝗯𝘄𝗶𝗻 𝗧𝗲𝗰𝗵💡
❛ 𝗗𝗲𝘀𝗶𝗴𝗻 𝗧𝗵𝗲 𝗙𝘂𝘁𝘂𝗿𝗲 ❜
📧[email protected]
☎️+959 7567 84887
☎️+669 50 58 30 87
🌐www.nebwintech.com
📌18 street , bet 81st & 82nd Street ,
Aungmyaetharsan Tsp ; Mandalay
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Nebwin Tech, 18th Street/Bet 81st & 82nd Street, AungMyayTharZan Tsp,, မြန်မာ
Mandalay
05013