Cony Blog

Cony Blog

Share

06/07/2021

" ပဋ္ဌာန်းရွတ်တိုင်း တစ်ခုခု ကံဆိုးမိုးမှောင်ကျတဲ့အကြောင်း ခုမှနားလည်တော့တယ်
သံသရာတိုအောင် ခွာချနေတာတဲ့"

ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဖတ်ရာမှာ ( မိမိတစ်နိုင် အကျဉ်းဖြစ်စေ၊ အကျယ်ဖြစ်စေ၊ ပဉှာဝါရ ဖြစ်စေ ပဋ္ဌာနပါဠိ ငါးအုပ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ပူဇော်ရွတ်ဖတ် သရဇ္ဇျယ်ခြင်းဟာ)

မိမိရဲ့သံသရာဘဝအဆက်ဆက်မှာရှိခဲ့သော သိ၍ ဖြစ်စေ မသိ၍ဖြစ်စေပြုခဲ့မိတဲ့ အကုသိုလ် အညစ်အကြေးတွေကို ခွာချနေခြင်းနဲ့တူတယ်ဆိုတာ သတိလေးကပ်ထားဖို့လိုပါတယ်။

တစ်ချို့ရှိကြပါတယ် ပဋ္ဌာန်းရွတ်မှ ပူလောင်လာတယ်၊ ပြဿ နာတွေတစ်ခုမဟုတ်တစ်ခုဖြစ်ကြတယ်၊ စီးပွားတွေကျကုန်တယ်ဆိုတာ ရံဖန်ရံခါရှိတတ်ပါတယ်။.တကယ်လည်းလက်တွေ့ပါ။ ဒါပေမယ့် သတိထားရမှာက ဒါဟာ ပဋ္ဌာန်းဒေသနာတော်ကြောင့်မဟုတ်ပဲ မိမိရဲ့ အကုသိုလ်အညစ်အကြေးကို မိမိကိုယ်တိုင် အသက်သာဆုံးနည်းနဲ့ သံသရာတိုအောင်ခွာချနေတယ်ဆိုတာပါ။

သံသရာမှာ မိမိရဲ့ အကုသိုလ် ဝဋ်ကြွေးအညစ်အကြေးတွေမကုန်စင်သေးပဲ သံသရာကနေထွက်သွားလို့ရရိုးထုံးစံမရှိပါ။ ဒါကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမှအစ အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးများပါမကျန် သက်သေပြခဲ့ကြပြီးပါပြီ။

ပဋ္ဌာန်းဒေသနာတော်ကြီးကိုရွတ်ဖတ်ပူဇော်ခွင့်ရနေပြီဆိုကတည်းက မိမိမှာ ကံကြီးငါးပါးထိုက်သူထဲ မပါဖို့ ရာခိုင်နှုန်းများပါတယ်။ ဒီတော့ ရှိသမျှ အကုသိုလ်ဝဋ်ကြွေးကို တောင့်ခံပြီး မြန်မြန်ဆပ် နာနာဆပ် ပေတေပြီးတော့ သဒ္ဒါတရားအပြည့်နဲ့သာ ဖြေးဖြေးမှန်မှန်ရွတ်ဖတ်ကြဖို့တိုက်တွန်းလိုပါတယ်။

အဲ့ဒီလို ပူဇော်လေ မိမိသန္တာန်မှာ အနှေးနဲ့အမြန် အငြိမ်းဓါတ် အအေးဓါတ် တစ်မျိုးကို တစ်ဦးနှုင့်တစ်ဦး စရိုက်ပေါ်မူတည်ပြီး တော့ ခံစားရမှာမလွဲဧကန်ပါ။

ပဋ္ဌာန်းတရားတော်ကြီးရဲ့ ကျိုးကြောင်းဆင်ခြင်သုံးသပ်မှု ဒေသနာ ပစ္ဆဝေက္ခဏာ စွမ်းအားအာနုဘော်ကြောင့် မိမိရဲ့ သန္တာန်မှာ အကုသိုလ်အညစ်အကြေးကင်းစင်လာတာနဲ့အမျှ ....

အကုသိုလ် ဝဋ်ကြွေးဖြစ်မယ့် အရာမှန်သမျှ လုပ်ကိုင်လိုစိတ်လည်း တစ်ဖြေးဖြေးလျော့နည်းပျောက်ကွယ်သွား ပြီး အကုသိုလ်ကို လုံးဝလုပ်ချင်စိတ်လည်းမရှိတော့မှာလည်း လက်တွေ့ ဒိဌဓမ္မ သေချာတဲ့ အကျိုးရလဒ်ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ မထင်မှတ်လောက်အောင် မိမိရဲ့ ယုံကြည်မှုသဒ္ဒါတရားနဲ့ အေးမြမှုတို့ဟာ မထင်မှတ်လောက်အောင်ခိုင်မြဲနေတာကိုတွေ့ရပါလိမ့်မယ်။

မိမိရဲ့ လူမှုစီးပွားဘဝလည်း အေးချမ်း တည်ငြိမ်ပြီး အရာရာ ပြည့်စုံနေတာကို မျက်မြင်တွေ့ရပါလိမ့်မယ်။

ဒီထက်မကထပ်ပြီးတော့ မှ အနက်အဓိပ္ပါယ်တို့ကို လေ့လာချင်စိတ် သဒ္ဒါတရားတွေ တဖွားဖွားပေါ်လာပြီး အနက်အဓိပ္ပါယ်တို့ကို အနုလုံ ပဋိလုံ သိမြင်နားလည်လာတဲ့အခါ အလိုလိုနေရင်း တရားက သူ့အလုပ်သူလုပ်ပြီး ခန္ဓာဥာဏ်ရောက် သွားတာကို အံ့သြဖွယ်ကောင်းစွာထပ်မံတွေ့ရပါမယ်။

မိမိရဲ့ ဝါသနာ စရိုက်နဲ့ ကိုက်ညီတဲ့ ကမ္မဋ္ဌာန်းနည်းပြ၊ အနီးကပ်လမ်းညွှန်ပေးမယ့်ဆရာလည်း ရောက်လာပါလိမ့်မယ်။

ဒါဟာဘာကို ပြသလဲဆိုတော့ မိမိသန္တာန်မှာ အကုသိုလ်အညစ်အကြေးတွေကို အကြွေးမထားပဲ အဖတ်လိုက် အဖတ်လိုက်ခွာချလိုက်တဲ့အခါ မိမိဘဝအဆက်ဆက် အနမတဂသံသရာအဆက်ဆက်ကပါခဲ့တဲ့ အထုံပါရမီတွေဟာ ဒီဘဝမှာပြန်ပေါ်လာပြီး မဂ် ဖိုလ်လမ်းကြောင်းပေါ်ကို မဂ္ဂင်ရှစ်ပါးနဲ့အညီ ခပ်မြန်မြန် ရောက်သွားခြင်းသာ ဖြစ်ပါကြောင်း ထပ်မံ ရေးသားရင်း

သံသရာအဆက်ဆက်က အကုသိုလ် အညစ်အကြေးများကို မဆုတ်မနစ်တဲ့ ဇွဲ သတ္တိ ဝီရိယ တို့နှင့် တရားအလုပ် အားထုတ်ရင်း ဒီဘဝမှာတင် ခွာချကြရအောင်

ပဋ္ဌာန်းဒေဿနာတော်ကြီးရဲ့ လက်တွေ့တန်ခိုး အာနုဘော်ကြီး ဖြစ်ပါတယ်......

Credit-Original Up Loader
Via...ဓမ္မရေချမ်းစင်

29/06/2021

ကိုဗစ်ပိုးကူးစက်ဖို့ရန် ခက်ခဲသောလူများ

(1)ကိုယ်ခံအားကောင်းသူ
(2)ရေနွေးကြမ်းအမြဲသောက်သူ
(3)ကြက်သွန်ဖြူ/နီစားသူ
(4)ထမင်းပူဟင်းပူစားသုံးသူ
(5)အိမ်ထဲအမြဲနေသူ
(6)လူစု၊ လူဝေးရှောင်ရှားသူ
(7)ရေခဲရေအမြဲရှောင်ရှားသူ
(8)သဘာဝစစ်စစ်ဂျင်းရေပြုတ်သောက်သူ
(9)ငရုပ်သီးအသင့်အတင့်စားသူ
(10)maskကိုနည်းစနစ်မှန်စွာအသုံးပြုသူ
(11)ရောဂါအခံမရှိသူ(နှလုံး၊ပန်းနာရင်ကျပ်၊သွေးတိုး၊ဆီးချို၊ကင်ဆာ)
(12)ပုံမှန်အားကစား(သို့)လေ့ကျင့်ခန်း၊ယောဂကျင့်သူ

မြန်မာပြည်ကြီး ကပ်ဘေးမှ ကင်းဝေးပါစေ🙏

13/06/2021

Hello ...မင်္ဂလာပါရှင့်....ဝိတ်ကျစေနိုင်တဲ့၊ ကျန်းမာရေးအတွက်ပါ သောက်သင့်တဲ့ ‘Detox Water အကြောင်းနဲ့ ပြုလုပ်ပုံလေးကိုပြောပြပေးသွားပါမယ်......

Detox Water ဆိုတာ အသီးအရွက်တွေနဲ့ စိမ်ထားပြီးသောက်ရတဲ့ရေတစ်မျိုးပါ။ လူရဲ့ခန္ဓာကိုယ့်အတွင်းမှာ ရှိနေတဲ့ အဆိပ်အတောင့်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ကျန်မားရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်.....

Detox Water ကိုနေ့တိုင်း ရေအစားထိုးသောက်ပေးရင် တော့ ဝိတ်ကျစေနိုင်ပါတယ်။ Detox Water ဆိုတာ အသီးအရွက်တွေနဲ့ စိမ်ထားတဲ့ရေပဲဖြစ်တယ်။ အစားမစားခင် ဒီ Detox Water ကို သောက်ပေးလိုက်ရင် ဗိုက်ပြည့်သွားနိုင်တာကြောင့် အစာခံပါတယ်။ နောက်ပြီး ခန္ဓာကိုယ်မှာ ရှိတဲ့ အဆိပ်အတောင့်များကို ဖြေပေးပါတယ်။ Detox Water ကိုသောက်ပေးခြင်း ကျန်မားရေးကောင်းစေပါတယ်.. ...

Detox Water ပြုလုပ်နည်းလေးကတော့.🥒🍎🍋🍃🥐

1liter ရေတစ်ဗူးစာ အတွက် သံပုရာသီး( တစ်လုံး) ပါးပါးလှီး ၊ သခွားသီး (တစ်လုံး) ပါးပါးလှီး ၊ ပူစီနံ (ငါးပင်) ၊ပန်းသီး (တစ်လုံး) ၊ဂျင်း (အနည်းငယ်) ပါးပါးလှီး အားလုံးကိုရော ဗူးထဲထည့် ပြီးရင် ရေထည့်လိုက်ပါ....

ရေခဲသေတ္တာထဲထည့် တစ်ညစိမ်ပြီးပါက သောက်လို့ရပါပြီရှင့်........,🍶🍶🍶

🙅‍♀️🙅‍♀️🙅‍♀️သတိပြုရမှာက တစ်ရက်စာတစ်ရက်လုပ်သောက်ရမှာဖြစ်ပီး....စိမ်ပြီးသား အသီးအနှံတွေကို ပြန်သုံးလို့မရပါဘူးနော်........

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay