Jade Union

Jade Union

Share

28/03/2024

ကျောက်တစ်လုံးတွေ့လို့ ဝယ်မယ်စိတ်ကူးရင် ကျောက်မျိုးရင့်ရဲ့လားလို့ အရင်ကြည့်ပါ

အရည်ကျောက်ဖြစ်စေ
အသားကျောက်ဖြစ်စေ
ကျောက်မျိုးနုရင် မဝယ်သင့်ပါဘူး

ကျောက်တစ်လုံးမှာ
အရည်ဘယ်လောက်ပါပါ

ကျောက်မျိုးနုရင် မရဘူး

ယမ်းပေါက်ကျဲနေရင်လည်း မရဘူး

ယမ်းကြမ်းနေရင်လည်း မရဘူး

ငချိပ် ၊ အနာများနေရင်လည်း မရဘူး

ရှင်းများနေရင်လည်း မရပါဘူး

အရည်ကျောက်ဆိုတာ အရည်ပါနေတိုင်းကျောက်ကောင်းဖြစ်တာ မဟုတ်ပါဘူး

အရည်ကျောက်ကောင်းတစ်လုံးဖြစ်ဖို့က
ကျောက်သားဆန်းရမယ်
ကျောက်သားမကျဲပဲ အမြုပ်အဆံရှင်းဖို့လိုပါတယ်

အရည်ကျောက်ဖြစ်စေ ချွမ်ဖြစ်စေ အသားကျောက်ဖြစ်စေ မည်သည့်ကျောက်မျိုးမဆို ကျောက်သားကျောက်ဆီကောင်းမှ ကျောက်ကောင်းဖြစ်တာပါ

ချုပ်ပြီးပြောရရင် ကျောက်သား ကျောက်ဆီ ကောင်းဖို့ ကျောက်သားညှက်ဖို့ ဆိုရင် ကျောက်မျိုးရင့်ဖို့ လိုအပ်ပါတယ်

19/03/2024

ဝါရှာ 💛💜💚🩵

12/03/2024

🥬Jadeite Cabbage(ကျောက်စိမ်းမုန့်ညင်း)🥬🥬🥬

သမိုင်းပညာရှင်တွေက မူလပိုင်ရှင်ဟာ
ချင်မင်းဆက်ရဲ့ (၁၀)ဆက်မြောက်ဧကရာဇ် ဂွမ်ရှူရဲ့ကြင်ယာတော် ကျင်ဖေးဖြစ်တယ်လို့
ဆိုကြတဲ့ တရုတ်မုန်ညင်း(Bokchoy Cabbage)ပုံစံထွင်းထုပြုလုပ်ထားတဲ့
ဒီလက်ရာမြောက်ပန်းပုအနုလက်ရာဟာ
National Palace Museum (Taiwan)ရဲ့ နာမည်ကျော်ရတနာတစ်ပါး ဖြစ်ပါတယ်။

ဖန်တီးသူလက်မှုပညာရှင်ဟာ ကျောက်စိမ်းတုံးရဲ့ သဘာဝအရောင်ကိုလိုက်ပြီး အဖြူရောင်အပိုင်းကို မုန်ညင်းရဲ့ပင်စည်အဖြစ်အသုံးပြုထားကာ အစိမ်းရောင်ရှိတဲ့အပိုင်းကိုတော့ မုန်ညင်းရွက်များအဖြစ် ပုံဖော်ထုဆစ်ထားပါတယ်။

ကျောက်စိမ်းတုံးရဲ့ အဖြူရောင်အပိုင်းအောက်ခြေမှာ အက်ကွဲရာနဲ့ မသန့်စင်တဲ့အနာအဆာအချို့ရှိပေမယ့်လည်း လက်မှုပညာရှင်က ကျွမ်းကျင်စွာဖြတ်တောက်ပြီး မုန်ညင်းထုပ်ရဲ့အညှာပုံဖြစ်အောင် ပုံသွင်းပြုပြင်ထားပါတယ်။

ဒါ့အပြင် ထွင်းထုသူပညာရှင်က သူ့လက်ရာကို ပိုပြီးအသက်ဝင်အောင် မုန်ညင်းရွက်ရဲ့ထိပ်မှာ ဟင်းသီးဟင်းရွက်တွေကိုနှစ်သက်တဲ့ ကျိုင်းကောင်၊ နှံကောင်လေးတွေက တွယ်ကပ် စားသောက်နေပုံကိုပါ ထည့်သွင်းထုလုပ်ထားပါသေးတယ်။

ဒါကြောင့်လည်း ဒီကျောက်စိမ်းပန်းပုဟာ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ပြီးခါစ မုန့်ညင်းထုပ်အစစ်အလား ထင်မှတ်မှားရလောက်အောင် လက်ရာမြောက်အသက်ဝင်လွန်းတာကြောင့် ထိုင်ဝမ်နိုင်ငံနဲ့ ပြတိုက်ရဲ့ အဖိုးတန်ရတနာတစ်ပါးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရတာ ဖြစ်ပါတယ်။

08/03/2024

စပ်တူလုပ်တာပဲဖြစ်ဖြစ်

ကိုယ်တစ်ယောက်ထဲလုပ်တာဖြစ်ဖြစ်

ကျောက်တစ်တုံး ရဲ့ အဖြစ်အပျက် ပေါ်က ပညာရအောင် ယူပါ

အောင်တယ် …. ဘာကြောင့် အောင်တယ်

ရှုံးတယ် …. ဘာကြောင့်ရှုံးတယ်

ကိုယ်ယူဆတာ ဘယ်အချက်တွေ ကိုက်ညီမှု့ရှိခဲ့တယ် ၊

ဘယ်အချက်တွေတော့ လွဲခဲ့တယ်ဆိုတာ သိအောင်လုပ်ပါ

ပညာ နဲ့ အတွေ့အကြုံရလိုက်မှပဲ အဓိပ္ပယ်ရှိပါတယ်

အဲ့လိုမဟုတ်ရင် ငွေရရုံသက်သက် ၊ ငွေရှုံးရုံသက်သက်ထက် မပိုဘူး

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay