Phyu

Phyu

Share

01/05/2024

နောက်အိမ်ထောင် --- !
----- ---- -- ----- --
နောက် အိမ်ထောင် ပြု တဲ့ ဖခင် တိုင်း လိုလို
အများစု ဘဝဇာတ်သိမ်း မကောင်းကြပါဘူး။

ကျန်ရစ်ခဲ့တဲ့ အမေ့ ကို အသနားပိုပြီး သားသမီးများက ပို ချစ်ကြတယ်။

အသိစိတ်က အဖေ ဆိုပေမယ့်

မသိစိတ် က ကြည်ညို လို့မရ တဲ့ ဖခင် ဖြစ်နေတာပါ။

အသိစိတ်က သွေးသား တော်စပ်ပေမယ့်

မသိစိတ် က သူစိမ်း တစ်ယောက် လို ဘာ ခံစားချက်မှ မရှိ သလောက် ဖြစ်နေတော့တာပါ။

အသက် အရွယ် ကြီး လာတာနဲ့ အမျှ

သား ရင်း သမီး ရင်း ဆိုတာ အနား မှာ ကပ်ကြမှာ မဟုတ်တော့ပါဘူး။

ကိုယ့်ကိုပစ်ထားခဲ့တဲ့ နာကြည်းချက် အနာဟောင်း က ပြန်ကုစား လို့ မရ နိုင်တော့လို့ပါ။

" အဖေ မှားပါပြီ " လို့ မျက်ရည် ကျ ပြ လည်း သားသမီး များ က ဒီ မျက်ရည် ကို ခံစား ပေးနိုင်မှာ မဟုတ်ပါဘူး။

-- ---- ---- ----- ------ ------ -----

နောက် အိမ်ထောင်ပြု တဲ့ ဖခင် တိုင်း လိုလို

အများစု အိုဇာတာ မကောင်း တတ်ကြပါဘူး။

ဖခင် ဆိုတဲ့ ဂုဏ်ထူး ဟာ လူ မှန် နေရာ မှန် တာဝန် ကျေခဲ့ရင်

အိမ်ဦးနတ် ဘဝ နဲ့ အိမ်ဦးခန်း မှာ ကျက်သရေ ရှိရှိ

တစ်သက်တာ တင့်တယ် နေတော့ မှာပါ။

အိမ်ထောင်ရေး ဖောက်ပြန် တတ် တဲ့ ဖခင် တိုင်း အတွက် တော့

ကံကြမ္မာ ရဲ့ တန်ရာ တန်ကြေး

သစ္စာမဲ့မှု့ဒဏ်တော့ အနည်း နဲ့ အများ ခံစား ရမှာ ပါပဲ။

----- ------ ------ ------ ------- ------- -------

စိတ်ဆန္ဒ ကို ဦးစားပေး ခဲ့တဲ့ ဖခင် တိုင်းဟာ

စိတ်ဒဏ်ရာ ရ သွားတဲ့ သားသမီး များရဲ့ လျစ်လှူရှု့ မှု့ အောက်မှာ မရှု့မလှ ကျဆုံး ရတော့ မှာပါ။

မျက်ရည် များရဲ့ ဝဋ် ကို လည်း

အချိန် ရ လာတာနဲ့ အမျှ ---

အရှိန် ရ လာတာနဲ့ အမျှ ---

ကိုယ်တိုင် ရှိုက်ကြီး တငင် ငိုကြွေး ဖို့

ကာလ ဟာ နီးနီး ကပ်ကပ် ရှိလာတော့မှာပါ။

ကိုယ်ကိုယ်တိုင် အားကိုးရာ မဲ့ တဲ့ ဘဝ ရောက်ချိန်မှာ

ကိုယ်ထားခဲ့တဲ့ ဇနီး က ကိုယ်တာဝန် မကျေခဲ့တဲ့

သားသမီး များ ဝန်းရံ လျက်

သာယာတဲ့ ဘဝ လေး ကို ပိုင်ဆိုင် နေတဲ့အချိန် ရောက်ရှိနေပါပြီ။

----- ------- ------- ------- ------- ------ ------

ဘဝ မှာ လမ်း မ မှန် တဲ့နည်း နဲ့ အပျော် ရှာ နေတဲ့

သူငယ်ချင်း ရေ -- !

မင်း ရော မင်း ဖန်တီး ခဲ့တဲ့ မိသားစု ရော

မျက်ရည် ကျ မယ့် အရာ အားလုံး ရပ်လိုက်ပါ။

ဆန္ဒ သစ် ရဲ့ နောက်အိမ်ထောင် ဆိုတာ ကို ကျောခိုင်း လိုက်ပါ။

မိသားစု ဂုဏ်သရေ ညှိုးနွမ်းစေမယ့် ဖောက်ပြန်မှု့ ကြီး ကို စွန့်လွှတ်လိုက်ပါ။

ကိုယ့် မိသားစု ကို ပြန်လည် မျက်နှာ မူ ဖို့ --

တစ်ဖန် လည်ပြန် နွေးထွေး ပေးဖို့ -- ကို

တိုက်တွန်းစကား ဆို လိုက်ရပါတယ် သူငယ်ချင်း။

မေတ္တာ ဖြင့် --

ဟန်သား ကင်းသား (ပုသိမ်)

ပြည်လည်မျှဝေသည်

17/09/2023

😍

16/09/2023

နှင့် Charm in Studio – သူ့ရဲ့ အမာခံပရိသတ်တစ်ဦးအဖြစ် ကျွန်ုပ် အခုပဲ အသိအမှတ်ပြုခံခဲ့ရပါတယ် 🎉

12/09/2023

Share တာနဲ့ ငွေဝင်မယ် ငွေဝင်မယ်နဲ့ ထိုင်သာ Share နေ ဘာအလုပ်မှလုပ်စားမနေနဲ့ 😒😒

12/09/2023

ဆံပင် အကောက်လေးနဲ့လှတယ်နော်တဲ့

ခေါင်းဖြီးတဲ့အချိန်လာကြည့် နွားသတ်တဲ့အတိုင်းပဲ 😂😂

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay