TechTrek Academy

TechTrek Academy

Share

19/07/2024

BREAKING NEWS
------------------

ကမ္ဘာလုံးဆိုင်ရာ IT ပြသနာတခုဖြစ်ပေါ်နေခြင်းကြောင့် အမေရိကန် လေကြောင်းလိုင်းများမှ လေယာဉ်များ မြေပြင်ဆင်းသက် ခဲ့ရ ၊ Window computer များ ရုတ်တရက်ပိတ် သွား ခြင်း များ ဖြစ်ပေါ်လျက်ရှိ

19 July 2024

ဗြိတိန်ရှိ လေယာဉ်များလဲ မြေပြင်ဆင်းသက်ခဲ့ရ ပါသည်။ ရထားခရီးစဉ်များ ဖျက်သိမ်းရန် ကြေညာဖွယ်ရှိပြီး Sky News ရုပ်သံလိုင်းပါ ထုတ်လွှင့်မှုပြတ်တောက်သွားပါတယ်။

ထပ်မံသိရချက်အရ Banks များ၊ Radio ထုတ်လွှင့်မှုများ၊ ဖုန်းလိုင်းများနှင့် Supermarkets များရှိ ငွေချေစနစ်များပါ Offline ဖြစ်နေကြောင်း သိရှိရပါတယ်။

ဂျာမနီ ဘာလင်လေဆိပ်မှာလဲ လေကြောင်းခရီးစဉ်အကုန် ရပ်နားလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်မှာလဲ အ​ရေးပေါ်ဖုန်းလိုင်းဖြစ်တဲ့ 911 ကို ပြည်နယ် ၆ ခုမှာ ခေါ်ဆိုလို့ မရတော့ပါဘူး။ စင်ကာပူ ၊ ဩစ‌ တြေးလျ ၊ နယူးဇီလန် ၊ ဂျပန် ထိ IT ပြသနာမှာ ဖြစ်ဖွား လျက်ရှိပါသည်။

Source -Skynews

Photos from TechTrek Academy's post 01/01/2023

Happy New Year To ALL🥳

အားလုံးပဲ မင်္ဂလာပါရှင်

ပြောင်းလဲ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ
အများနည်းတူ International Computing (Programming) Course အား‌ လေ့လာသင်ကြားချင် တဲ့ သားသား ၊ မီးမီး
သို့
မိမိတို့ ရဲ့ အနာဂတ် ရတနာလေးများအား အကောင်းဆုံးမှ ပေးချင်တဲ့ ဖေဖေ ၊မေမေ
တို့အတွက် လက်လွတ်မခံသင့်တဲ့ အခွင့် ရေးတခု ရောက်ရှိလို့ လာပါပြီ
Coding ကိုစိတ်ဝင်စား ‌တဲ့ ကျောင်းသား/သူ များ အတွက် programming concept များ ပိုင်နိုင်စေရန် ရည်ရွယ်ပြီး Oxford Computing International Course မှ ထုတ်နှုတ်ပြီး Scratch Lessons များ ကို အနာဂတ်ရင်သွေး ငယ်များ အတွက် သင်တန်း တခုနှင့်မိတ်ဆက်ပေး ပါရစေ

တခြားတော့မဟုတ်ပါဘူး နည်းပညာခေတ်မှာ သားသား/မီးမီး တိုင်း လေ့လာသင့်သော Coding ဘာသာရပ်ပဲဖြစ်ပါတယ်

Coding သင်ကြားခြင်းဖြင့်
⭐️ကလေးသူငယ်များ အတွက် တီထွင်ဖန်တီးနိုင်စွမ်းအားတိုးတက်စေခြင်း ။
⭐️(Problem Solving Skills) ပြသနာဖြေရှင်းရာတွင် ကိုယ်ပိုင်အတွေးအမြင်များ ဖြင့် ဆုံးဖြတ်ချက်ချနိုင်စေခြင်း။
⭐️ ပြင်ပ အကြောင်းအရာများ နှင့် ဆက်နွယ်သော project များ ပြုလုပ်ရမည်ဖြစ်သောကြောင့် တွေးခေါ် ကြံဆနိုင်စွမ်းအား တိုးတက်လာစေခြင်း
စသည် များစွာ သော skills များတိုးတက်စေနိုင်ပါသည်။

ဘာကြောင့် SD coding school ကိုရွေးချယ်သင့်သလဲ?
⭐️စာသင်ကြားရာတွင် ကျောင်းသား/သူ တိုင်း ကြောက်ရွံ စိုးရိမ် စိတ်များ မရှိပဲ ပျော်ရွှင်စွာ သင်ကြားစေခြင်း
⭐️နားမလည်သည့်စာများရှိပါက ပြန်လည် ဆွေးနွေးမေးမြန်းနိုင်ခြင်း
⭐️meeting record များကို အချိန်မရွေးပြန်လည် ကြည့်ရှူ နိုင်စေရန် Google classroomတွင် ပြန်လည် မျှဝေပေးထားမည်
⭐️projectများဖန်တီးရာတွင် အသင်းဖွဲ့နှင့် သော်လည်းကောင်း၊ တယောက်ချင်း သော်လည်း‌ကောင်း အိုင်ဒီယာ သစ်များ ဆွေးနွေးဖလှယ်နိုင်စေခြင်း
⭐️ သင်တန်းကြေးအား နှစ်ကြိမ်ခွဲသွင်းနိုင်ခြင်း
⭐️ သတ်မှတ်သင်တန်းချိန် အဆင်မပြေပါက အချိန်ညှိနှိုင်း တက်ရောက်နိုင်ခြင်း (စနေ/ တနင်္ဂနွေ သာ)
⭐️ SD Coding Schoolမှ နောင်တွင် ဖွင့်လှစ်မည့် သင်တန်းများ တွင် member discount များရရှိနိုင်ခြင်း

⭐️သင်ကြားမည့်ဆရာမ သည် လက်ရှိ International School တွင် သင်ကြားပေးနေသော၊ သင်ကြားရေး အတွေ့ ကြုံ 8 နှစ် အထက်ရှိသော ဆရာမ မှ သင်ကြားပို့ချပေးသွားပါမည်။

🌟🌟၇.၁.၂၀၂၃ မတိုင်ခင် သင်တန်းအပ်သည့် ပထမဆုံး သင်တန်းသား (early bird) ၅ ‌ယောက် အတွက် ၅၀ရာခိုင်နှုန်း discount ရှိတာမို့ အမြန်ဆုံးလာ‌ေရာက်အပ်နှံရန် လိုအပ်ပါသည်/🌟🌟

သင်တန်း စတင်မည့်ရက် 14 Jan 2023

အသေးစိတ်အား page chat boxတွင်သော်လည်းကောင်း
ဖော်ပြပါ ဖုန်းနံပါတ်သို့ သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

24/10/2020

Microsoft က windows 7 ကို support မလုပ်တော့တဲ့နောက် windows 10 ကိုလူတိုင်းသုံးလာရပါတယ်..
ဒီလို သုံးလာကြတဲ့ windows 10 နဲ့ပတ်သက်ပြီး တော်တော်များများမသိနိုင်တဲ့ tip & trick အချို့ကို ဖော်ပြပေးလိုက်ပါတယ်...

#1. Secret Start Menu
သင်က အရင် windows ပုံစံကိုပဲသဘောကျတဲ့သူတစ်ယောက်ဆိုရင် windows 10 မှာ Start Menu ပျောက်သွားတာကို သဘောမကျမှာ အသေအချာပါပဲ..ဒါပေမယ့် start menu က မပျောက်ပါဘူး..
ဖျောက်ထားတာပါ.။ screen ရဲ့ ဘယ်ဘက်အောက်ထောင့်မှာရှိတဲ့ windows icon လေးကို right click လိုက်ရင် သင်အရင်ကအသားကျပြီးသားဖြစ်တဲ့ Start Menu လေးပေါ်လာပါလိမ့်မယ်..

#2. Show Desktop Button

ဒါကတော့ အရင် windows 7 ကပုံစံအတိုင်းပါပဲ..ဒါပေမယ့် ပိုကောင်းအောင်လုပ်ထားပါတယ်..
Screen ရဲ့ ညာဘက်အောက်ထောင့်က notification icon လေးရဲ့ဘေးမှာရှိပါတယ်..ရုတ်တရက်ကြည့်ရင်မမြင်ရပါဘူး သေသေချာချာလေးဂရုစိုက်ကြည့်မှ မြင်ရပါလိမ့်မယ်။ ဒီ button လေးကတော့ ဖွင့်ထားတဲ့ windows တွေကို minimize လုပ်ပြီး desktop ကိုတန်းရောက်ချင်ရင် နှိပ်ဖို့ဖြစ်ပါတယ်..

#3. Enable Slide to Shutdown

ဒါကတော့ computer ကို ဒီတိုင်း ရိုးရိုးတန်းတန်း shutdown မလုပ်ချင်တဲ့သူတွေအတွက် အပျင်းပြေစမ်းကြည့်နိုင်တဲ့ trick ပါ…
Desktop > Right click > New > Shortcut ဆိုပြီးနှိပ်လိုက်ပါ၊ ပြီးရင် pop up window အသေးလေးပေါ်လာပါလိမ့်မယ်၊ ပေါ်လာရင် ဒီ code လေးထည့်လိုက်ပါ..

%windir%\System32\SlideToShutDown.exe

ထည့်ပြီးသွားရင် desktop ပေါ်မှာ ကြိုက်တဲ့နာမည်ပေးထားလို့ရတဲ့ icon လေးပေါ်လာပါလိမ့်မယ်။အဲ့ icon လေးကို နှစ်ချက်နှိပ် ၊ ပေါ်လာတဲ့ shade လေးကို screen အဆုံးထိဆွဲချလိုက်ရင် shutdown ကျသွားပါလိမ့်မယ်...။

နောက်ထပ် trick တွေအများကြီးရှိသေးပေမယ့် စာရှည်သွားရင် ဖတ်ရတာပျင်းမှာဆိုးလို့ ဒီလောက်နဲ့ပဲရပ်လိုက်ပါတယ်..
နောက်အခေါက်တွေကြုံရင်တင်ပေးသွားပါဦးမယ်…


Crd မှ
တစ်ဆင့်ပြန်လည်မျှဝေပါသည်။
မူရင်းလင့်
https://www.facebook.com/864200080331787/posts/3185460641539041/

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay