Free Dam VLOG

Free Dam VLOG

Share

06/11/2023

#ကိုးကွယ်မှုသာ_မှန်ကန်ပါစေ
============

ဗုဒ္ဓဘာသာလို့အမည်ခံထားပြီး ဘုရားကို
ကိုးကွယ်နေကြသော်လည်း ဘုရားရဲ့
ဉာဏ်တော်ကိုမယုံကြည်၊
ဘုရားအဆုံးအမ
အတိုင်းမလိုက်နာလျှင် ကိုးကွယ်တယ်လို့
ခေါ်လို့မရပါဘူး။

"ဘယ လာဘ ကုလ ကြည်ဝေး၊
သံသရာဘေးမှ လွတ်ရေးရည်မျှော်"
လို့ဆိုသည့်အတိုင်း ဘုရားကိုကိုးကွယ်တဲ့အခါ

-ကြောက်လို့ကိုးကွယ်တာမဖြစ်ရဘူး။

-လာဘ်လာဘလိုချင်လို့ကိုးကွယ်တာမဖြစ်ရဘူး။

-မျိုးရိုးစဉ်ဆက်ကိုးကွယ်လို့ကိုးကွယ်တာမဖြစ်ရ
ဘူး။

သံသရာဝဋ်ဆင်းရဲကလွတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ပဲ ကိုးကွယ်ရပေမည်။
(လုပ်သင့်၊မလုပ်သင့်ဆိုတဲ့ ဟိတနဲ့အဟိတ ခွဲခြား
သိဖို့ပဲ)

ခုခေတ်တော့ လူတော်တော်များများက လမ်းလွဲနေကြတယ်။လာဘ်လာဘလမ်းကိုလိုက်တာကများနေကြတယ်။

အခုတလော...

နဂါးသိုက်ကိုးကွယ်သူတွေပိုများတာတွေ့နေရ
တယ်။အထူးသဖြင့်တော့ ထိုင်းနိုင်ငံဘက်မှာပေါ့။

လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းက
မင်းဘူး သွား တော့ " နဂါးပွက်အိုင် "
ကိုရောက်ခဲ့တယ်။
တစ်ကယ်တော့ နဂါးပွက်အိုင်ဆိုတာ
ရွံ့မီးတောင်(မီးတောင်သေ)ကြီးပါ။

သို့သော်...

လူတွေက နဂါးရှိပါတယ်၊ဆုတောင်းပြည့်ပါတယ်
ဆိုပြီး ပန်းတွေ ကပ်ကြ၊နွားနို့တွေဝယ်ပြီးလှူကြနဲ့
အနောက်နိုင်ငံက လူတွေမြင်ရင် ဟာသတစ်ခုအနေ
နဲ့မြင်မှာ သေချာလှပါတယ်။

အခုလည်းဂျပန်နိုင်ငံက လိင်ဖျော်ဖြေရေး
S*x Doll ကို
ကိုးကွယ်စရာနတ်အနေနဲ့ ပူဇော်ကိုးကွယ်နေတာ
တွေ့ရတယ်။မှန်ကန်မှုရှိလား မရှိဘူးလားဆိုတာ
ဘယ်သူမှမစဉ်းစားကြတော့ဘူး။

စီးပွားဖြစ်မယ်၊ဆုတောင်းပြည့်မယ်ဆိုရင်
မျက်စိစုံမှိတ်ကိုးကွယ်ကြတော့တာပဲ။
ဒီလိုမျက်ကန်းယုံကြည်မှုမျိုးဟာ အလွန်အန္တရာယ်
ကြီးပါတယ်။

ဘုရားကိုကိုးကွယ်တယ်ဆိုတာ
စီးပွားတက်ဖို့မဟုတ်သလို မကိုးကွယ်ဘဲ
စီးပွားတက်နေကြတာတွေအများကြီးကို မြင်နေ
တွေ့နေရတော့
လမ်းလွဲကုန်ကြတာလည်းပါတာပေါ့။

တစ်ကယ်တော့…
"အညာဟိ လာဘူပနိသာ၊အညာ နိဗ္ဗာနဂါမိနီ"
တဲ့
အငြိမ်းလမ်းနဲ့ လာဘ်လာဘလမ်းက
ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။

မြတ်စွာဘုရားက အငြိမ်းလမ်းကို ညွှန်ပြပေးရုံပဲ
တတ်နိုင်တာ။
ဘယ်ဘာသာဝင်ပဲလျှောက်လျှောက် လျှောက်တဲ့သူ
ငြိမ်းချမ်းမှုကိုရမှာပဲ။

မြတ်စွာဘုရားက
"မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊
ဖြူအောင်စိတ်ကိုထား" လို့ ဟောကြားထားတာကို
လိုက်နာမယ်ဆိုရင် ဆုတောင်းတာလည်းပြည့်နိုင်
သလို၊အန္တရာယ်လည်းကင်းစေပါတယ်။

နောက်ပြီး…

ကိုယ့်သန္တာန်မှာ သာသနာတည်အောင် ကြိုးစားသင့်
ပါတယ်။
သာသနာတည်တယ်ဆိုတာ ဗောဓိပက္ခိယ
တရား(၃၇)ပါး၊အကျဉ်းချုပ်ရင် မဂ္ဂင်(၈)ပါး၊
ထပ်ချုံ့ရင် နိဗ္ဗာန်ကိုဦးတည်တဲ့
သီလ၊သမာဓိ၊ပညာ သိကခြာ(၃)ပါး၊
ဒီသူတော်ကောင်းတရားတွေကိုယ့်သန္တာန်မှာတည်ရှိ
တာကို ခေါ်ဆိုတာပါ။

သဒ္ဓါတရားရှိပြီးပညာမရှိရင် လမ်းလွဲနေဦးမှာပါပဲ။
ယုံကြည်မှုသက်သက်က အလုပ်မဖြစ်ပါဘူး။
မှန်မှန်ကန်ကန်သိဖို့ လိုအပ်ပါတယ်။

မြတ်စွာဘုရားက...

မဂ္ဂင်ရှစ်ပါးရဲ့ အစမှာ သမ္မာဒိဌိ
(ကောင်းစွာသိမြင်ခြင်း)ကိုထည့်ဟောခဲ့ပါတယ်။
ဘာလို့လည်းဆိုတော့ အရေးအကြီးဆုံးဖြစ်လို့။
အဝိဇ္ဇာ(မသိမှု)ဟာ သံသရာဒုက္ခရဲ့အစမို့လို့။

သံဃာ့ဂုဏ်တော်ထဲမှာ သန္ဒိဌိကော ဆိုတာပါတယ်။
"သန္ဒိဌိကော"
-ဆိုတာကိုယ်တိုင်သိနိုင်တာကိုပြောတာ။
တခြားအယူဝါဒတွေက ကိုယ်တိုင်သိခွင့်မရှိဘူး။
ယုံကြည်မှုနဲ့တင်လမ်းဆုံးတယ်။
ဗုဒ္ဓဘာသာမှာတော့ ကိုယ်တိုင်သိမှုကို ဦးစားပေး
တယ်။

ကိုးကွယ်တဲ့အခါမှာလည်း...
ရတနာ(၃)ပါးမှလွဲ၍ မကိုးကွယ်ထိုက်ပါဘူး။
ကိုးကွယ်တဲ့အခါရည်ရွယ်ချက်လေးမှန်ဖို့တော့လို
တာပေါ့။

(၁) မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်
ဆည်းကပ်တာဟာဘုရားအဆုံးအမကို
လိုက်နာပါ့မယ်ဆိုတဲ့အဓိပ္ပာယ်။

(၂) တရားကို ဆည်းကပ် ကိုးကွယ်တယ်ဆိုတာ
တရားအတိုင်း လိုက်တာကျင့်သုံးပါ့မယ်ဆိုတဲ့
အဓိပ္ပာယ်။

(၃)သံဃာကို ဆည်းကပ် ကိုးကွယ်တယ်ဆိုတာ
ဘုရားတရားတော်တွေကို မူရင်းမပျက်အောင်
သယ်ဆောင်လာကြတဲ့အတွက်ကျေးဇူးတင်
တယ်။
သူတို့ကြောင့် ဘုရားတရားတော်တွေကို နာကြား
ခွင့်ရတယ်ဆိုတဲ့ အဓိပ္ပာယ်။

ဒီလိုရည်ရွယ်ချက်မျိုးတွေနဲ့သာ ကိုးကွယ်
ဆည်းကပ်ရပေမည်။
ဒီလိုရည်ရွယ်ချက်မျိုးနဲ့ဆည်းကပ်ကိုးကွယ်သူကိုမှ
‌ဥပါသကာ၊ဥပါသိကာလို့ ခေါ်ရမည်ဖြစ်သည်။

ဗုဒ္ဓဘာသာ သူတော်ကောင်းများအားလုံး
ဘုရားအဆုံးအမတွေကို ကိုယ်တိုင်လည်း
သင်ယူနိုင်ကြပါစေ။
ကိုယ်တိုင်းလည်း ကျင့်သုံးနိုင်ကြပါစေ။
သူတစ်ပါးကိုလည်းနားလည်အောင် ပြောပြနိုင်ကြ
ပါစေ။
ဘာသာ၊သာသနာပြန့်ပွားအောင် တရားသောနည်းနဲ့
ဖြန့်ချိနိုင်ကြပါစေ။

#ကျေးဇူးတော်ရှင်
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

ဆုံးမဩဝါဒတရားတော်များမှ နာယူ
ရေးသားမျှဝေသည်။

Credit...

06/11/2023

Listen to this if you feel angry from time to time
.com

06/11/2023

✳️" အစွဲအလမ်း ရှိနေသေး သမျှ "✳️
🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴

✳️အစွဲအလမ်း ရှိနေသေးသမျှ
ဘဝကို ဖြစ်စေတဲ့ ကံတရားကို
ဖန်တီး နေကြဦးမှာပဲ …

လုပ်နေကြဦးမှာပဲ …

ကံတရားတွေကလည်း မိမိသန္တာန်မှာ
စုမိဆောင်းမိ ဖြစ်နေဦးမှာပဲ …

ထို ကံတရားတွေ
စုမိဆောင်းမိဖြစ်နေ သမျှ
ကံတရားရဲ့အကျိုးလို့ ခေါ်တဲ့
ဘဝခန္ဓာတွေဟာ ပေါ်နေဦးမှာပဲ …

✳️ဥပါဒါန်ကို မဖြစ်အောင် လုပ်ဖို့လိုတယ်
တဏှာဆိုတာ မဖြစ်အောင် လုပ်ဖို့လိုတယ် …

#ဥပါဒါန်
ဘာကြောင့် ဖြစ်လာသလဲ ?
#တဏှာ
ဘာကြောင့် ဖြစ်လာသလဲ ?

✳️ဝေဒနာပစ္စယာ - တဏှာလို့ ဆိုတဲ့ အတိုင်း
အာရုံခံစားမှု ဖြစ်တဲ့အတွက်ကြောင့်
#တဏှာ ဖြစ်လာတယ် …

ဝေဒနာဟာ တဏှာဖြစ်လာဖို့ အတွက်
လမ်းခင်းပေးတယ် …

✳️ဒီ ဝေဒနာဟာ
ဘာကြောင့် ဖြစ်လာသလဲ ဆိုရင် -
အာရုံနဲ့စိတ် ဆုံမိတဲ့
ဖဿကြောင့် ဝေဒနာ ဖြစ်လာရတာ …

✳️ဒါဖြင့်
ဖဿက ဘာဖြစ်လို့ ဖြစ်လာရသလဲ ဆိုရင် -

လူတွေမှာ
မျက်စိ , နား , နှာခေါင်း , လျှာ , ကိုယ် , စိတ် ဆိုတဲ့
အာရုံနဲ့ ဆက်သွယ်တဲ့ အရာတွေ ပါလာတယ် …

ဆက်သွယ်မိတယ်
ဆက်သွယ်မိလို့
#ဖဿ ဆိုတာ ဖြစ်လာတယ် …

✳️ဒါဖြင့်
ဒီလိုဆက်သွယ်မိတာ ဘာကြောင့်လဲ ဆိုရင် -
ရုပ်တွေ , နာမ်တွေ ဖြစ်လာတဲ့ အတွက်ကြောင့်ပဲ …

✳️ရုပ်တွေ , နာမ်တွေ
ဘာကြောင့် ဖြစ်လာသလဲ ဆိုရင် -
သန္ဓေစိတ်ကလေးကြောင့်ပဲ …

✳️ဒီ သန္ဓေစိတ်ကလေး
ဘာကြောင့် ဖြစ်လာသလဲ ဆိုရင် -
ဟိုဘဝက ပြုပြင်ဖန်တီးပေးနိုင်တဲ့
သင်္ခါရဆိုတဲ့ စေတနာကြောင့် ဖြစ်လာရတာ …

✳️အဲဒီ စေတနာလေးဟာ
ဘာကြောင့် ဖြစ်လာသလဲ ဆိုရင် -
အဝိဇ္ဇာ ကြောင့်တဲ့ …

✳️အမှန်ကို မသိမှုကြောင့် ဖြစ်လာရတယ်
ပဋိစ္စသမုပ္ပါဒ်မှာ ဒီလိုဟောထားတယ် …

✳️" ဥပါဒါန် ပျောက်လိုလျှင် "

ဒါဖြင့်
ဥပါဒါန်ပျောက်ချင်ရင် ဘယ်လိုလုပ်ရမလဲ ?
အမှန်မသိတဲ့ အဝိဇ္ဇာကို ဖယ်ရှားရမယ် …

✳️အမှန်မသိတဲ့ အဝိဇ္ဇာချုပ်သွားရင်
သင်္ခါရဆိုတာ မလာတော့ဘူး …

✳️သင်္ခါရ ချုပ်ရင်
ဝိညာဉ်ဆိုတာ မလာတော့ဘူး …

✳️ဝိညာဉ် ချုပ်သွားရင်
နာမ်ရုပ် ဆိုတာ ဆင့်ပွားပြီး မလာတော့ဘူး …

✳️နာမ်ရုပ်ချုပ်ရင် သဠာယတန ဆိုတဲ့
မျက်စိ , နား , နှာ , လျှာ , ကိုယ် , စိတ်တွေ
မလာတော့ဘူး …

✳️အဲဒါတွေ ချုပ်သွားရင်
အာရုံနဲ့ဆက်သွယ်တဲ့ ဖဿ ဆိုတာ
မလာတော့ဘူး …

✳️ဖဿ မလာတော့ရင်
အာရုံနဲ့ အတွေ့အကြုံရှိတဲ့
ဝေဒနာ မလာတော့ဘူး …

✳️ဝေဒနာမလာရင်
တဏှာ ဆိုတာ မလာတော့ဘူး …

✳️တဏှာ မလာရင် ဥပါဒါန် ဆိုတာ
လာစရာ မရှိတော့ဘူး …

✳️ဥပါဒါန် မလာရင်
ဘဝကို ဖြစ်စေတတ်တဲ့
ကံတရားတွေ မလုပ်တော့ဘူး …

✳️ကံတရားတွေ မလုပ်တော့ရင်
ဘဝတွေ မဖြစ်လာတော့ဘူးလို့
မြတ်စွာဘုရားက -
ကြောင်းကျိုးဆက်ပြီးတော့ ပြထားတယ် …

✳️အဲဒီလို
ကြောင်းကျိုးတွေ ဆက်ပြီးတော့
မလာအောင် … လုပ်ရမယ့်
နည်းလမ်း ရှိသလား ဆိုတော့
နည်းလမ်းက " မဂ္ဂင်ရှစ်ပါးပဲ " …

✳️မဂ္ဂင်ရှစ်ပါး တရားဟာ
သမၼာဒိ႒ိလို့ ဆိုတဲ့
အမှန်မြင်မှုကို ဦးဆောင်ပြီးတော့ -

✳️မှန်ကန်စွာ မြင်လို့
မှန်ကန်စွာ တွေးတောပြီး
မှန်ကန်စွာ လုပ်ဆောင်မယ်
မှန်ကန်စွာ အမှတ်ထားပြီးတော့
မှန်ကန်စွာ စိတ်တည်ငြိမ်အောင်ထားမယ် ဆိုရင် …

✳️ထိုမှန်ကန်မှုပေါ်မှာ အခြေခံထားတဲ့
မဂ္ဂင်တရားဟာ
ခုနကပြောတဲ့ အဝိဇ္ဇာချုပ်မှုကို
ဦးဆောင်ပြီး သွားလိမ့်မယ် …

✳️အဝိဇ္ဇာ ချုပ်တာနဲ့
နောက်က ဆက်တိုက် ဆက်တိုက်
အဝိဇ္ဇာ မရှိတော့ရင်
သင်္ခါရတွေ မရှိတော့ဘူး ဆိုပြီး
နောက်ဆုံးမှာ ဥပါဒါန်တွေ
ပျောက်သွားလိမ့်မယ် …

✳️အဲဒါ
#ဘဝနိရောဓ ဆိုတာ #နိဗ္ဗာန်ပဲ …

✳️" ဥပါဒါနပစ္စယော ဘဝေါ "
ဥပါဒါန်တွေ ရှိနေသေးသမျှ
ဘဝဆိုတာ လာနေဦးမှာပဲ …

✳️" ဥပါဒါနနိရောဓာ ဘဝနိရောဓော "
ဥပါဒါန်တွေ ချုပ်သွားပြီ ဆိုရင်
ဘဝလည်း ချုပ်သွားပါပြီတဲ့ …

🙏🙏🙏 #ပါချုပ်_ဆရာတော်_ဘုရား🙏🙏🙏
တရားချစ်ခင်သူ မျှဝေပူဇော်ပါသည်
Credit , Original Uploader
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
Metta Vasi

22/10/2023
Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Kyaukse
Mandalay
5143