Aung Ko - Forex Advisor

Aung Ko - Forex Advisor

Share

01/06/2023

ကျွန်တော်ဒီနေ့ပြောပြ ပေးသွားမှာကတော့ ကျွန်တော်တို့ forex trading ရဲ့ အားသာချက်များကိုပြောပြ ပေးသွားမှာပဲ ဖြစ်ပါတယ်။

1. Forex Trading ဟာဆိုရင် တခြားစီးပွားရေး‌တွေလို အရင်းအနှီးအများကြီးမလိုပဲ သင့်တင့်တဲ့ ငွေ ပမာဏ ဖြင့်စတင်လုပ်ကိုင်နိုင်ပါတယ်။

2. Full Risk Management မိမိငွေကို ကိုယ်တိုင်စိတ်ကြိုက်စီမံခန့်ခွဲ အသုံးပြုလို့ရပါတယ်။တစ်နည်းအားဖြင့် မိမိငွေကို ဘယ်လောက်အရှုံးခံနိုင်မယ် ဘယ်လောက်အမြတ်ပိုင်းမယ် ဆိုတာတွေကိုလည်း စိတ်ကြိုက်ပြုလုပ်လို့ရပါတယ်။

3. Forex Trading ဟာ liquidity အရမ်းအားကောင်းပါတယ်။မိမိ၀ယ်ချင်ရင် ရောင်းမဲ့သူကို စောင့်ဆိုင်းနေစရာမလိုသလို မိမိရောင်းချင်ရင်လဲ ၀ယ်မဲ့သူကိုစောင့်ဆိုင်းနေစရာမလိုအပ်ပါ။

4.Forex Trading ဟာအခြားစီးပွားရေးတွေနဲ့အနည်းငယ်ကွဲပြားပါတယ်။အဲ့တာက တော့Forex Trading ဟာ Two sided Market ဖြစ်ပါတယ်။ဈေးတက်မယ်ထင်ရင် ၀ယ်ထားပြီးအကျိုးအမြတ်ရှာနိုင်သလို ဈေးကျမယ်ထင်ရင်လည်း ရောင်းထားပြီး အကျိုးအမြတ်ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။

5. Internet ရှိရုံနဲ့ ကမ္ဘာ့ရဲ့ မည်သည့်နေရာမှာမဆိုအရောင်းအ၀ယ် ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

6. Forex Market ဟာ 24 Hours/5 days Market ဖြစ်တဲ့အတွက်ကြောင့် နေ့တစ်နေ့တာရဲ့မည်သည့်အချိန်မှာမဆိုအရောင်းအ၀ယ်ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

7. Forex Market ဟာ Decentralized Marketဖြစ်လို့ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ အတွက်ကြောင့် တစ်ဦးတစ်ယောက်ကချုပ်ကိုင်ထားမှာကိုလဲ စိုးရိမ်စရာမရှိပါဘူး။ဒါပေမယ့် တစ်ခါတစ်လေ ဗဟိုဘဏ် က ၀င်ရောက်ထိန်းညှိပေးသည့် အခါမျိုးတွေတော့ရှိပါတယ်။

8. Bid & Ask price(spread) Forex Trading ဟာအခြား စီးပွားရေးတွေလိုမဟုတ်ဘဲ ရောင်းဈေး ၀ယ်ဈေးအဟ ကလည်းအလွန်နည်းပါတယ်။

9. Leverage အရောင်းအ၀ယ်ပြုလုပ်သူများ ဆတိုးအရောင်းအ၀ယ်ပြုလုပ်နိုင်ရန်အတွက် Leverage ကိုလည်းထားရှိ ပေးထားပါတယ်။
Leverage ဟာအသုံးပြုတတ်ရင် ကောင်းကျိုးတွေရရှိနိုင်သလို အသုံးမပြုတတ်ရင်လည်း ဆိုးကျိုးတွေရနိုင်ပါတယ်။

10.Forex Trading မှာဆိုရင် မိမိရဲ့real money နဲ့မဟုတ်ပဲ paper money (Demo)နဲ့ လည်း အစမ်း လေ့ကျင့်ပြီး Trade ပြုလုပ်လို့လည်းရပါတယ်။

Risk Warning ⚠️
ဘယ်စီးပွားရေးမဆို အရှုံးအနိုင်ဆိုတဲ့ process နှစ်ခုရှိတဲ့အတွက်ကြောင့် Forex Trading ဟာလည်း အရှုံးအနိုင် ရှိပါတယ်။

ကျွန်တော်အကြံပြုချင်တာကတော့ Forex Trading ဆိုတာကိုသေချာလေ့လာပြီးမှ စတင်လုပ်ကိုင်စေချင်ပါတယ်။

Aung Ko-Forex Advisor 🇲🇲
09989533784

Want your business to be the top-listed Business in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay