Universal Technology

Universal Technology

Share

25/12/2025

Merry Christmas(25-12-2025)
===================
ခရစ္စမတ် ပွဲတော်နေ့သည် ခရစ်ယာန်ဘာသာဝင်များ ယေရှုခရစ်တော် ဖွားမြင်သည့် နေ့ကို အထိမ်းအမှတ်ပြုသည့် နေ့ထူးနေ့မြတ် ဖြစ်သည်။ ယခုခေတ်တွင် ခရစ္စမတ်ပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပကြသည်။ ခရစ်တော် မပေါ်မီကလည်း ထိုနေ့ကို ဆောင်းရာသီ၏ နေနှင့် အဝေးဆုံးအချိန်ဖြစ်၍ အဒိုနစ်၊ ဒီယွန်နီဆပ် စသော နတ်ဘုရားများ၏ မွေးနေ့များ ကျင်းပခဲ့ကြသည်။ ခရစ္စမတ်ပွဲတော်ကျင်းပမည့်ရက်နှင့် ပတ်သက်၍ ခရစ်တော် ကွယ်လွန်ပြီးနောက် အနှစ် ၃၀၀ အတွင်း ခရစ်ယာန်တို့အချင်းချင်း သဘောထား ကွဲလွဲမှုများ ရှိခဲ့သည်။ ရှေးဦးစွာ ခရစ္စမတ်ပွဲတော်ကို မေလတွင် ကျင်းပကြသည်။ ထိုနောက် ဧပြီလတွင် ကျင်းပပြန်သည်။ ထိုမှတဖန် ဇန်နဝါရီလတွင် ကျင်းပခဲ့သေးသည်။ အေဒီ ၃၀၀ ပြည့်နှစ်ကျမှသာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ပွဲတော်နေ့အဖြစ် အတည်တကျ သတ်မှတ်ခဲ့ကြသည်။ ထိုအခါမှစ၍ ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပလာကြသည်။

ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်များ၏ အထွတ်အမြတ်ဆုံး ပွဲတော်ဖြစ်သည်။ ခရစ္စမတ်ပွဲတော်၏ ဓလေ့ထုံးစံများသည် ဘာသာရေး ပွဲတော်သက်သက် အဖြစ်မှ တဖြည်းဖြည်း ပြောင်းလဲကာ မိရိုးဖလာ အယူဝါဒ၊ အမျိုးသားရေး စသော လောကီဓလေ့များ ပါဝင်သော ပွဲတော် ဖြစ်လာသည်။ ခရစ်ယာန်နိုင်ငံ အသီးသီး၌ ခရစ္စမတ်ပွဲတော်ကို ကျင်းပရာတွင် မိမိတို့နိုင်ငံ မိမိတို့လူမျိုးဆိုင်ရာ ဓလေ့ထုံးစံများအတိုင်း ကျင်းပကြသည်။ ပွဲတော်နေ့တွင် ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ်မရွေး မိမိတို့၏ လုပ်ငန်းများကို ရပ်စဲလျက် ပျော်ပွဲရွှင်ပွဲ စားသောက်ပွဲများကို တခမ်းတနား ကျင်းပကြသည်။ ခရစ်ယာန်နိုင်ငံတိုင်း၌လိုလိုပင် ခရစ္စမတ်သီချင်းများကို တပျော်တပါး သီဆိုလေ့ရှိသည်။ ဗြိတိန်တွင် ပွဲတော်မတိုင်မီ အကြိုညတွင် ပြတင်းများအောက်၌ သီချင်းများ သီဆိုကြသည်။ ပွဲတော်တွင် အရေးပါသည့် ခရစ္စမတ်သစ်ပင်ကိုလည်း မီးပွင့်များဖြင့် လှပစွာ အဆန်းတကြယ် တန်ဆာဆင်ကြသည်။

ခရစ္စမတ်ပွဲတော်နေ့တွင် ခရစ်ယာန်များသည် မိမိတို့ခင်မင်သော မိတ်ဆွေများ၊ ဆွေမျိုးများထံ လက်ဆောင်များ ပေးပို့လေ့ရှိသည်။ ထိုအလေ့အထမှာ ရှေးရောမခေတ်ကပင် အစပျိုးခဲ့သော အလေ့အထဖြစ်သည်။ ခရစ်ယာန် ကလေးသူငယ်များသည် ပွဲတော်အခါတွင် သူတို့အား စန်တာကလော့သည် လက်ဆောင်ပစ္စည်းများ လာရောက်ပေးလေ့ရှိသည်ဟု ယုံကြည်ကြသည်။ စန်တာကလော့မှာ ကက်သလစ် ခရစ်ယာန် ဘုန်းကြီးတစ်ဦးဖြစ်သူ စိန့်နီကိုးလပ်ဖြစ်သည်။ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတွင် ကလေးသူငယ်များသည် ခရစ္စမတ်အကြိုည၌ စန်တာကလော့လာ၍ လက်ဆောင်ထည့်နိုင်ရန် ခြေအိတ်ရှည်များကို အလွတ်ချိတ်ဆွဲထားလေ့ရှိသည်။ ပြင်သစ်နိုင်ငံတွင် ကလေးများသည် လက်ဆောင်များကို ခံယူရန် သစ်သားဖိနပ်များကို မီးဖိုပေါ်တွင် တင်ထားလေ့ရှိသည်။ နော်ဝေးနိုင်ငံတွင်မူ ကလေးသူငယ်များသည် လက်ဆောင် ကစားစရာများကို အိမ်တွင်းအိမ်ပြင်များ၌ တပျော်တပါး လိုက်လံရှာဖွေ တတ်ကြသည်။
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၅ရက်နေ့တွင် ကျရောက်သော ခရစ္စမတ်နေ့တွင် မြန်မာပြည်တွင်းမှီတင်းနေထိုင်ကြကုန်သော ခရစ်ယာန်ဘာသာဝင်များနှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး၊ ပျော်ရွှင်သာယာသော နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ UTC IT Solutionမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Address


ဖဖ၇/၉၁၊ 110Eလမ်း၊ 47လမ်းနှင့် 48လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
Mandalay
05021

Opening Hours

Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00
Sunday 08:30 - 17:00