Magway.ECD
08/06/2026
(၈-၆-၂၀၂၆) ရက်နေ့တွင် သရက်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်အိနန္ဒာအောင်၊ ဒုတိယဦးစီးမှူး ဦးဆောင်သော ၀န်ထမ်းအဖွဲ့၀င် (၂) ဦးတို့သည် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှု (Monday stop) အနေဖြင့် သရက်မြို့ "မြို့မဈေး"ရှိ ဈေးသည်များနှင့် ဈေးဝယ်သူများအား ဈေးရောင်းဈေးဝယ်ရာတွင် ကြွပ်ကြွပ်အိတ်များသုံးစွဲခြင်းမပြုဘဲ ကြွပ်ကြွပ်အိတ်အစားထိုးပစ္စည်းများအားအသုံးပြု၍ ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်းများ ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းအား သရက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သရက်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သရက်ခရိုင်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ပလတ်စတစ်အိတ်အစားထိုး အင်ဖက်များကို ကျား (၁၅)ဦးနှင့် မ(၃၅)ဦး စုစုပေါင်း (၅၀)ဦးတို့အား ဝေငှခြင်းလုပ်ငန်းဆဆောင်ရွက်ခဲ့ပါသည်။
06/06/2026
၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား နံနက် ၉:၀၀ အချိန်တွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပိတောက်ရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင်ပခုက္ကူခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်နိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video clip များဖွင့်လှစ်ပြသခြင်း၊ ပခုက္ကူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်းကြားရေးမှူး၊ဒေါ်ထားထားဝေမှ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိကြသော အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်း၊ ပတ်ဝန်းထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာများ ဌာနဆိုင်ရာ အကြီးအကဲများမှ လှည့်လည်ကြည့်ရှု့ခြင်း၊ အခမ်းအနားတက်ရောက်လာကြသော ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအားကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်တံဆိပ်ပါ Note Book များလက်ဆောင်ပေးအပ်ခြင်း၊ ဆက်လက်ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၂၇၀) အားအထိမ်းအမှတ်တံဆိပ်ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
ဘိုးရတနာဇက်ဆိပ်လမ်း၊ အောင်မေတ္တာ(က)ရပ်ကွက်၊ မကွေးမြို့
Magway
04011
Opening Hours
| Monday | 09:30 - 16:30 |
| Tuesday | 09:30 - 16:30 |
| Wednesday | 09:30 - 16:30 |
| Thursday | 09:30 - 16:30 |
| Friday | 09:30 - 16:30 |