KKT

KKT

Share

Photos from KKT's post 09/04/2022

Toyota Caldina အကြောင်း

ဂျပန် တစ်နိုင်ငံအတွက်သာ ထုတ်လုပ်ရောင်းချတဲ့ brand ကို ပြပါဆိုရင်တော့ Caldina ကိုပဲ ညွှန်ပြရပါလိမ့်မယ်။
ဂျပန်ရဲ့ ပြင်ပ နိုင်ငံတွေမှာ Caldina brand ကို ရောင်းချခြင်း မရှိပါဘူး။
တကယ်လို့ ဂျပန် ပြင်ပမှာတွေ့ခဲ့ရတယ်ဆိုရင်တော့ ဂျပန် used market ကနေ တင်သွင်းလာတယ်လို့သာမှတ်ယူရပါ့မယ်။
Station wagon အနေနဲ့သာထုတ်လုပ်တဲ့ အမျိုးအစား လည်းဖြစ်ပါတယ်။
သူ့အရင် Carina နဲ့ Corona van တွေထုတ်လုပ်မှု ရပ်ဆိုင်းပြီးချိန်မှာ အစားထိုးထုတ်ခဲ့တဲ့ model တစ်မျိုး ဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ ထပ်မံထုတ်လုပ်ခြင်းမရှိတော့ပါဘူး ။
မျိုးဆက်အနေနဲ့ ၃ ဆက်ထိ ရှိပြီး
First generation T190, ( 1992-1997)
မြန်မာအခေါ် ပဲခြမ်း
Second generation T210, (1997-2002)
မြန်မာအခေါ် ကြက်တူရွေး
Third generation T240, ( 2002-2007)
မြန်မာအခေါ် စက်ရုပ်
( မြန်မာတွေကလည်း နာမည်ပေးတဲ့နေရာ မှာတော့ ပြိုင်စံရှားတွေပဲ )
ပထမ မျိုးဆက်မှာ တော့ ရွေးချယ်စရာ အင်ဂျင်ပေါင်း သောင်းခြောက်ထောင် လောက် ပေးထားပါတယ်။
Petrol သုံးထဲမှာ ရနိုင်တဲ့ အင်ဂျင်တွေကတော့
1.5 L 5E-FE I4
1.8 L 4S-FE I4
1.8 L 7A-FE I4
2.0 L 3S-FE I4
2.0 L 3S-GE I4
Diesel ထဲမှာကတော့
2.0 L 2C I4
2.0 L 2C-T I4
2.2 L 3C-E I4 တွေနဲ့ ဖြစ်ပါတယ်။
ထူးခြားချက်အနေတဲ့ semi-independent leaf springs ဆိုတဲ့ suspension system ကို စတင် သုံးစွဲပေးခဲ့ပါတယ်။

Second generation T210 မှာတော့ ရုပ်ထွက်လေးက ပိုမို လုံးဝန်းတဲ့ ရုပ်ထွက်လေးနဲ့ ထုတ်လုပ်ပါတယ်။ ကြက်တူရွေးမှာ ဂရိတ်အနေနဲ့ GT, E စသဖြင့် ခွဲထုတ်ပေးပါတယ်။
သူ့မှာတော့ တာဘိုပါဝင်တဲ့ ဓါတ်ဆီ အင်ဂျင်တွေ စထုတ်ပေးခဲ့ပါတယ် GT-T ဆိုတဲ့ အမျိုးအစားမှာ 3S-GTE အင်ဂျင်နဲ့ တာဘို ပါဝင်ပါတယ်။
သူ့မျိုးဆက်ရဲ့ ရနိုင်တဲ့ အင်ဂျင်တွေကတော့
ဓါတ်ဆီ လိုင်းမှာ
1.8 L 7A-FE I4
2.0 L 3S-FE I4
2.0 L 3S-GE I4
2.0 L 3S-GTE I4 ( Turbo)
ဒီဇယ် လိုင်းမှာတော့
2.0 L 2C-T I4 ( Turbo diesel )
2.2 L 3C-TE I4 ( Turbo diesel )
တွေ တပ်ဆင်ပေးပါတယ်။

အဓိက ဒီ မော်ဒယ်တွေမှာ ဂရိတ်တွေကို ရေးမပြတာကတော့ အားလုံးနီးပါးဟာ တူညီတဲ့ ပါဝင်ပစ္စည်းတွေ ရှိကြပါတယ်။ အဓိက ကွဲလွဲသွားတာကတော့ chassis နဲ့ အင်ဂျင်ပါ ဒါကြောင့် ဂရိတ်တွေပြောလည်း သိပ်မထူးလှပါဘူး။
ကားတိုင်းမှာ PW/ PS / Auto Transmission စတာတွေက တူပါတယ် ကွဲလွဲချက်အနေနဲ့က နောက်wiper / CD player / alloy / 2WD or 4WD စတာတွေပဲ ဖြစ်ပါတယ်။

Third generation, စက်ရုပ် ကိုတော့ ဂရိတ်ကွဲတွေနဲ့ ထုတ်ပေးပြီး sport type ဖြစ်အောင် အဓိက ဆွဲထုတ်သွားပါတယ်။ Diesel engines နဲ့ ထုတ်လုပ်ခြင်း မရှိတော့ပါဘူး။ စက်ရုပ်ကတော့ လူကြိုက်များပြီး လက်ရှိလမ်းပေါ်မှာ အတွေ့များတော့ ပိုပိုသာသာလေး ဖေါက်သည်ချချင်ပါတယ်။

X grade
ရှေ့ယက် 2WD, 1.8 L 1ZZ-FE I4 အင်ဂျင် နဲ့
EFI fuel system
Airbag 2 လုံး
Chassis အနေနဲ့ UA-ZZT241နဲ့ ထွက်ပါတယ်
Z grade ကတော့ X grade နဲ့ အားလုံးတူပါတယ်
Aircon auto ဖြစ်တာ နဲ့ မဖြစ်တာ ပဲကွာပါတယ်။AC Auto ဆို Z ( 1.8) / AC manual ဆို X ( 1.8) ။

Z grade မှာ 2.0 ဆိုရင်
Engine က 1AZ-FSE , D-4 Fuel system နဲ့ Chassis ကတော့ TA-AZT241 ( 2WD) & TA-AZT246 (4WD) ဖြစ်သွားမယ် ။
Original fog lamp ပါလာပါ့မယ်။

ZT grade မှာတော့ Z ( 2.0) နဲ့ အားလုံးတူတယ်
ပိုပါလာမှာကတော့ 17 inch alloy wheel ဖြစ်သွားမယ်။ xenon head lamp ဖြစ်မယ်, front spoiler ပါလာမယ်, လည်သာ စီယာရင် ကြိုးချုပ်ဖြစ်သွားပါ့မယ်။

GT-FOUR Grade မှာတော့ 2WD မရှိတော့ပါဘူး အကုန်လုံး Full time 4WD တွေပဲလာပါတယ်။
2.0 L 3S-GTE I4 engine တပ်ပြီး တာဘိုပါဝင်ပါတယ်။ EFI စနစ်ကိုပြန်သုံး ပြီး Or 6 CD player ပါဝင်ပါတယ်။ ကျန်တာကတော့ ZT မှာပါတဲ့ အတိုင်း အတူတူပါပဲ။ Chassis ကတော့ LA-ST246 နဲ့ထွက်ပါတယ်။
GT-Four C edition ဆိုပြီးလည်းထွက်ပါတယ်, Xenon headlamp နဲ့ front spoiler မပါဝင်ပါဘူး။
GT-Four N edition ဆိုပြီးလည်း ထွက်ပါတယ်, သူကတော့ အစုံဆုံး ဂရိတ်ပါ ။
L*D - Limited Slip Differential ဆိုတဲ့ စနစ်အပိုပါလာပါတယ်။
Rear wiper, Rear spoiler, ABS, TCS, Privacy glass , UV glass , central door lock နဲ့ power window တွေက third generation ကားတိုင်းမှာပါပါတယ်။
2007 ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး crisis ဖြစ်တော့ တချို့ အမြတ်အစွန်းနဲတဲ့ brand တွေ ကို လုပ်ငန်းရပ်ဆိုင်းပြီး လျော့ပစ်ခဲ့တဲ့ထဲမှာ မြန်မာ့ အကြိုက် Caldina လေးလည်း တစ်ခန်းရပ်ခဲ့ရရှာပါတော့တယ်။

ဒီလောက်ဆို တော်တော်လေးလေ့လာမိပြီလို့ မှတ်ယူပါရစေ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏

To Original Upload

Photos from KKT's post 08/04/2022

Toyota Probox /Succeed အကြောင်း

မြန်မာမှာခိုင်းမယ်ဆို Probox သာဝယ်
ယနေ့ တော်တော်များများ ပြောကြသော
ကားလောက အသံများ။
ပရိုဘောက်က ဘာကြောင့် စွတ်ခိုင်းလို့
ကောင်းနေရတာတုန်း, အများစု Probox ကို ရွေးဝယ်နေကြတာလဲ စသဖြင့် လေ့လာမိပါတော့တယ်။
အများစု အသိထပ်နေကြတာက Probox နဲ့ succeed အတူတူ ပဲ လို့ ထင်မြင်နေကြတာပါ။
ရုပ်ချင်း ဆင်တယ်ဆိုရင် ပိုမှန်မလား , အတွင်းပစ္စည်းကျတော့ရော တူနေပြန်ရော ,
ဒါပေမဲ့ နောက်မီးခွက် ကျတော့ ကွဲပြန်ရော ,
အဲ ရှေ့ မီးခွက်ကျ တူပြန်ရော။
ဘာတွေ မှန်းမသိ တော့ဘူး မောင်းကောင်းရင် ပြီးရော ကွာဆိုပြီး အလွယ်သာရွေးလိုက်ရပါလေရော။

🇲🇲 Probox

☑ First generation လို့ ခေါ်တဲ့ ပရိုဘောက်ကို ၂၀၀၂ မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။
Commercial compact car အမျိုးအစား
တံခါး ၅ ပေါက် နဲ့ ရှေ့ယက် သို့ 4WD နှစ်မျိုး
ထုတ်ပါတယ်။အင်ဂျင်ကတော့ ၂ မျိုးထုတ်ပါတယ် 1.3 L နဲ့ 1.5 L တွေပါ။

➽ 1.3 L 2NZ-FE I4
1.5 L 1NZ-FE I4 တွေတပ်ဆင် ထုတ်လုပ်ပါတယ်။
1.3 L အင်ဂျင်တပ် ပရိုဘောက်မှာ
chassis အနေနဲ့ UA-NCP50 လို့ ထွက်ပြီး
1.5 L အင်ဂျင်တပ်ရင်တော့ UA-NCP58G / NCP55 / NCP51လို့ ထွက်ပါတယ်
( 4WD ဆိုရင် NCP59G )။

☑ ဘာဂရိတ်မှ မဖေါ်ပြတဲ့ ကတုံး ဆိုရင်တော့
NCP50 နဲ့ ထွက်လေ့ရှိပြီး မှန်လက်လှည့်/ မှန်ချိုး မပါ/ ဘက်မှန်အသေး နဲ့ လာလေ့ရှိပါတယ်
( DX လို့လည်းတပ်တတ်ပါတယ်)။

➽ DX grade အမှန်အကန် ဆိုရင်တော့
ဒရိုင်ဘာ မှန်တစ်ပေါက် ပါဝါ ဖြစ်သွားမယ်,
မှန်ချိန် ပါလာမယ်,
ဘက်မှန်အကြီး ဖြစ်လာမယ်,
radio FM ပါပါတယ်။

➽ GL grade ကတော့
ရှေ့တံခါး ၂ ပေါက် ပါဝါ ဖြစ်သွားမယ်,
မှန်ချိုး မှန်ခေါက် ခလုပ်လေး ပါလာမယ်,
နောက်wiper ပါလာမယ်,
ကျန်တာကတော့ DX နဲ့ အားလုံးတူပါတယ်။

➽ F grade မှာတော့ 1.3 အနေနဲ့ မလာတော့ပဲ
၁.၅ သာလာတာတွေ့ရပါတယ်။
မန်နူရယ် ဂီယာ ၅ ချက်နဲ့လည်း ထုတ်သလို
ကတုံးလည်း ထွက်ပါတယ်။
မှန်းရအခက်ဆုံး ဂရိတ် လို့တောင် ပြောချင်ပါတယ်။

➽ F extra package မှာတော့
GL နဲ့ ဆင်တူ ပါတယ် ထူးခြားတာကတော့
နောက်ထိုင်ခုံ ခေါင်းမှီ ပါလာတာပါ။
F extra မှာ တံခါး ၄ ပေါက် ပါဝါနဲ့လည်း လာပါတယ်။

🇲🇲 Succeed

☑ Succeed မှာတော့ Probox ကို အဆင့်မြှင့်ထားတဲ့ လူစီး wagon အမျိုးအစား ဖြစ်သွားပါပြီ။ နောက်ဖုံးတံခါး , ရှေ့မီးခွက် , နောက်မီးခွက် နဲ့ အတွင်း ထိုင်ခုံတွေ မတူပါဘူး။

☑ UL, ULX , TX, TXG ဆိုပြီး ဂရိတ် ၄ မျိုး လောက်တွေ့ရလေ့ရှိပြီး
chassis ကတော့ Probox နဲ့ သွားတူနေပါတယ်။ Succeed မှာကတော့
အင်ဂျင်ပါဝါ 1.5L 1NZ-FE I4 ဟာ
standard ပါပဲ( တခြား အင်ဂျင်မတပ်ပါ)။

➽ UL ဂရိတ်မှာ က
အကွဲ ၂ မျိုးလောက်တွေ့ရပါတယ်။
ရှေ့ပါဝါ ၂ ပေါက် , မှန်ချိန် နဲ့ လာသလို ,
လက်လှည့်နဲ့လည်း လာပါတယ်။

➽ ULX ကတော့
ရှေ့ပါဝါ ၂ ပေါက် သို့ ၄ ပေါက် ပါပြီး
ကျန်တာကတော့ အားလုံး နီးပါးပါဝင်ပါတယ်။

➽ TX grade ကတော့
ပါဝါ ၂ ပေါက် နဲ့ ထူးခြားချက် အဖြစ် မှန်ချိုး
မပါဝင်ပါဘူး။

➽ TXG ကတော့
အစုံဆုံး ဂရိတ်လို့သာ သတ်မှတ်ရမှာပါ။
ပါဝါ ၂ ပေါက် / ၄ ပေါက် , မှန်ချိုး, မှန်ချိန်, Alloy , back mirror heater စသဖြင့် တော်တော်စုံပါတယ်။

☑ Succeed တိုင်း ရဲ့ ထူးခြားချက်
အနေနဲ့ကတော့
နောက်တုတ် ဂရိတ်တိုင်းမှာပါသလို /
ပါဝါ တစ်ပေါက် မရှိပါဘူး
( လက်လှည့် သို့ ၂ ပေါက် သို့ ၄ ပေါက်)။

➽ Succeed မှာ ဒီဇယ် အင်ဂျင်တပ်
အမျိုးအစားလည်းထုတ်ပါတယ်

1.4L 1ND-TV I4 D4-D ဒီဇယ်အင်ဂျင်ကို
မန်နူရယ် ဂီယာ ၅ ချက်နဲ့ တွဲလာပါတယ်။
Probox ရဲ့ ဆီစားနှုန်း ကလည်း သက်သာလှပါတယ်။ ယနေ့ ရန်ကုန်မြို့လို့ ယာဉ်ကြောကျပ်တည်းတဲ့ နေရာမှာ Probox ရဲ့ ဆီစားနှုန်းဟာ တခြားသော ကားအမျိုးအစားတွေထက် သာလွန် သက်သာနေပါတယ်။

🇲🇲 အောက်မှာ ပျှမ်းမျှ ဆီစားနှုန်းလေးတွေ
ယှဉ်ပြထားပါတယ်,

Probox 41.8 mpg
ADvan 39.9 mpg
Passo 44.8 mpg
Note 48.8 mpg
Fielder 42.8 mpg
Fit GD1 51.4 mpg
Fit GE6 52.3 mpg
Fit GP1 64.0 mpg ( hybrid)
Insight 64.2 mpg ( hybrid)

• 2014 July မှာတော့
ပုံပြောင်း Probox နဲ့ Succeed ကို စတင်ရောင်းချ ခဲ့ပါတယ်။ လက်ရှိ ဂျပန်မှာ ရောင်းချနေတဲ့ မော်ဒယ် ဖြစ်ပါတယ်။
F, GL, DX comfort , DX ဆိုပြီး ရောင်းချလျှက်ရှိပါတယ်,
chassis အနေနဲ့ကတော
့ NCP50 / 51/55/58/59 စသဖြင့် သုံးစွဲနေပါသေးတယ်။

➽ F grade မှာ ကတော့
ပါဝါ ၄ ပေါက် , နောက်ထိုင်ခုံ ခေါင်းမှီ, စီယာရင် logo နီကယ်, ဘီးဖုံး , တံခါးလက်ကိုင် ကားအရောင်တူ, ဘက်မှန် ကားအရောင်တူ,
မှန်မည်း, remote key နဲ့ audio-less cover
တွေ ပါဝင်မှာပါ။

➽ GL မှာတော့
ဘီးဖုံး မပါတော့ပါဘူး, ပါဝါ ရှေ့တံခါး ၂ ပေါက်ပဲ ပါမယ်, FM radio ပါလာမယ်, နောက်ခေါင်းမှီ
မပါတော့ဘူး, စီယာရင် logo ကတော့ နီကယ်
မပါတော့ပါဘူး။ ကျန်တာ အားလုံးကတော့
F grade အတိုင်းပါပဲ။

➽ DX comfort မှာတော့
သံဂွေဘီးဖုံးမပါ, လက်ကိုင် နဲ့ နောက်တံခါး လက်ကိုင်, စီယာရင် လိုဂို အားလုံး အမည်းရောင် , ဘက်မှန် အမည်းရောင် ( အသေး) ဖြစ်သွားပြီး GL နဲ့ ကျန်တာ အားလုံးတူပါတယ်။
DX ကတော့ အနိမ့်ဆုံး ဂရိတ် ပါဝါ တစ်ပေါက် , ရိုးရိုးကီး , နဲ့ မှန်ချိုး မပါတော့ပါဘူး။

➽ Dashboard မှာ
slide table, ABS , driver cup holder
စတာတွေကတော့ ကားအားလုံးမှာပါဝင်ပါတယ်။
1.3L နဲ့ 1.5L အင်ဂျင် ၂ မျိုး ကို
super CVT-i transmission
တပ်ဆင်ထုတ်လုပ်ပါတယ်။ 1.5L အင်ဂျင်မှာသာ 4WD model ကိုရနိုင်ပါတယ်။

➽ ဆီစားနှုန်းကတော့
F & GL ( 1.5L, 2WD) - 18.2 km/L
F & GL ( 1.5L,4WD) - 15.8 km/L
DX ( 1.3L, 2WD) - 17.6 km/L
အသီးသီးရှိတယ်လို့ တိုယိုတာ ဂျပန် မှာ
ပြောထားပါတယ်။

☑ Succeed အနေနဲ့ ထူးခြားသွားတာကတော့
ပုံပြောင်းချိန်မှာ လုံးဝ ပုံစံတူသွားတာပါပဲ။
ဂရိတ်လည်း ၄ မျိုး အတူတူ ထွက်ပါတယ်
TX, UL-X, UL နဲ့ U ပါ။
U = DX , UL= DX comfort, UL-X=GL, TX= F လို့ သတ်မှတ်လို့ ရပါတယ်။
တစ်ခုပါပဲ Succeed မှာ
1.5 L အင်ဂျင်နဲ့သာ ထုတ်ပါတယ်။
အရောင်အနေနဲ့ ၆ ရောင်ထိ ရရှိနိုင်ပြီး
အဖြူ 058, အနက် 209, အစိမ်းနု 6U6 , ငွေမှင် 1E7, ဇီး 3R9 နဲ့ နက်ပြာ 8P4 တို့ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ မြန်မာတွေ သိပ်ခိုင်းကောင်းတယ်ဆိုတဲ့ ပရိုဘောက်အကြောင်း အနည်းငယ်သိရှိပြီလို့ ယူဆမိပါတယ်။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်

ကြိုက်နှစ်သက်ရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏

to Original Upload

Photos from KKT's post 07/04/2022

Toyota Passo အကြောင်း

ဒီတစ်ပတ် ဖော်ပြမယ့်ကားကတော့ Buget ကားတစ်စီးဖြစ်ပြီး ကားစတင်မောင်းနှင်သူတွေ၊ ကားပါကင် ခက်ခဲတဲ့နေရာတွေမှာ အသုံးပြုလိုသူတွေအတွက် တန်ဖိုးနည်းနည်းနဲ့ ပထမဆုံးကား စတင်ဝယ်ယူသူ တွေအတွက် ရေပန်းစားပြီး အထူးကောင်းမွန်တဲ့ Toyota Passo ပဲ ဖြစ်ပါတယ်။Toyota က Toyota Passo ၊ကို ၂ဝဝ၄ ခုနှစ်ကနေ အခုအချိန်အထိ ထုတ်လုပ်နေပြီး Buget ကားလေးအဖြစ် အောင်မြင်နေတာ ဖြစ်ပါတယ်။1.0 နဲ့ 1.3L အင်ဂျင်ဆိုပြီး နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ လက်ရှိ အသုံးအများဆုံး မိုဒယ်တွေကတော့ ၂ဝဝ၇-၂ဝ၁၂ မိုဒယ်တွေပဲဖြစ်ပြီး Grade အနေနဲ့ကတော့ X ၊ L Package ၊ +Hana G Package ၊ Plus Hana ၊ X G Package ၊ G ၊ C Package ၊ X HID Package စတဲ့ Grade ခွဲများစွာ ထုတ်လုပ်ထားတဲ့အပြင် Customer Option Grade ခွဲများစွာလည်း ထုတ်ထားတဲ့အတွက် ရွေးချယ်စရာများပြီး ခွဲခြားရခက်တဲ့ Toyota Passo ရဲ့ Grade တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် Toyota Passo မှာ ပါဝင်တဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေကို ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။

ရေပန်းစား လူကြိုက်များသောအချက်များ
၁။ ကားရဲ့ ဒီဇိုင်းအသွင်အပြင်ဖွဲ့စည်းပုံ
Toyota Passo ရဲ့ ဒီဇိုင်းကို Buget Hatchback ကားတစ်စီးအဖြစ် ထုတ်လုပ်ထားပြီး တန်ဖိုးနည်း ကားတစ်စီးဆိုပေမဲ့ ကားရဲ့ပုံစံ လုံးလုံးလေးနဲ့ ချစ်စရာကောင်းတဲ့ ဝက်ပေါက်လေးလိုပုံ ဖြစ်လို့ ကားစဝယ်မယ့်သူတွေ နှစ်သက်သဘောကျကြပါတယ်။ ဒါကြောင့် Toyota Passo ဟာ ငွေကျပ် သိန်းတစ်ရာကျော်ကျော်နဲ့ အိမ်စီးကား ဝယ်ယူမယ့်သူတွေအတွက် ရေပန်းစားရွေးချယ်စရာ ကားလေးပဲ ဖြစ်ပါတယ်။

၂။ မောင်းနှင်ရလွယ်ကူမှု
Toyota Passo ကို အထူးရေပန်းစားပြီး ကြိုက်နှစ်သက်ကြတာကလည်း ကားရဲ့ ဘော်ဒီအရွယ်အစား သေးငယ် မှုကြောင့် ပါကင် ရှာရလွယ်ကူသလို ကားမောင်းရ လွယ်ကူတဲ့အတွက် ကား စတင်မောင်းသူတွေ၊ ရန်ကုန်မြို့လို ကားပိတ်တဲ့ နေရာတွေမှာ အသုံးပြုဖို့ တန်ဖိုးနည်းနည်းနဲ့ ကားဝယ် ယူလိုသူတွေအပြင် လူကုံထံတွေကပါ မြို့ တွင်းအသုံးပြုဖို့ ရွေးချယ်စရာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။
စက်ယန္တယားတွေအကြောင်း
ကားအကြောင်း တင်ဆက်ပေးမှာမို့
Channelလေးကို Subscribeလုပ်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
https://t.me/mecEngr

၃။ Grade အမြင့်တွေမှာပါဝင်တဲ့
Smart Key
G Grade ၊ Hana Grade နဲ့ Customer Grade တွေမှာ ပါဝင်တဲ့ Smart Key ဆိုရင်လည်း ပေါ့ပေါ့ပါးပါးနဲ့ တန်ဖိုးနည်းကားလေးမှာ Smart ကျကျ အသုံးပြု စေနိုင်တဲ့အတွက်လည်းToyota Passo ရဲ့ Smart Key ပါဝင်တဲ့ Grade တွေက ရောင်းသူ/ဝယ်သူကြား အထူးရေပန်းစားပါတယ်။

၄။ ဆီစားသက်သာစေတဲ့ စနစ်
Toyota Passo ကို အဓိကဝယ်ယူတာဟာ အခြေခံလူတန်းစားတွေ ဖြစ်တဲ့အတွက် ကားစျေးလည်း သက်သာရမယ်၊ ဆီစားလည်းသက်သာ ရမယ် ဆိုတဲ့ အချက်တွေအားလုံး Toyota Passo မှာ ရှိနေပါတယ်။ ကားရဲ့ ဘော်ဒီအရွယ်အစားသေးငယ်မှုကို Toyota ရဲ့ VVT-I Engine နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပုံမှန် အင်ဂျင်ပါဝါတူ ကားတွေထက် ပိုပြီး ဆီစားသက်သာတဲ့အတွက် Toyota Passo က ရေပန်းစား ရွေးချယ်စရာ ဖြစ်လာတာပါပဲ။

၅။ အရှေ့ခုံ တစ်ဆက်တည်းပါဝင်မှု
Toyota Passo ရဲ့ ၂ဝ၁ဝ Late မိုဒယ်မှာတော့ ကားရဲ့ရှေ့ထိုင်ခုံဟာ တစ်ဆက်တည်းဖြစ်သွားပြီး သုံးယောက်ထိုင်လို့ ရသွားတဲ့အတွက် ကားသေးသေးလေးနဲ့ လူများများတင်လိုသူတွေ ရေပန်းစားကြိုက်နှစ် သက်တဲ့ ပါဝင်မှုပဲ ဖြစ်ပါတယ်။

၆။ ကားပါကင်ထိုးရ လွယ်ကူမှု
ကားမောင်းသူအများစုဟာ ကားမောင်းတဲ့အခါမှာ အရှေ့ကိုပဲ မောင်းတာ အားသန်ကြပါတယ်။ ကားပါကင်ထိုးတဲ့အခါမှာ အဆင်မပြေမှုတွေ ရှိတတ်ပါတယ်။ ဒီလိုအဆင်မပြေမှုတွေ ဖြစ်နေရင်တော့ Toyota Passo ကို မောင်းပြီး ကားပါကင် နေရာချလိုက်တဲ့အခါမှာ ထင် မှတ်မထားရအောင် လွယ်ကူပေါ့ပါးနေပါတယ်။ ဒီအချက်ကြောင့်လည်း Toyota Passo ကို ဝယ်ယူသူအများစုက ရွေးချယ်ကြတာ ဖြစ်ပါတယ်။

၇။ သက်သာစျေးနှုန်းနဲ့ အိမ်စီးကား
စာရေးသူတို့နိုင်ငံမှာ ကားစျေးတွေက အခွန်အခကြောင့် စျေးနှုန်း အရမ်းမြင့်ပါတယ်။ သိန်းတစ်ရာကျော်နဲ့ အိမ်စီးကား ဝယ်မယ်ဆိုရင် ရွေး ချယ်စရာကား မရှိသလောက် ရှားပါတယ်။ Toyota Passo ရဲ့ ထူးခြား ချက်ကတော့ ကျပ်သိန်း ၁ဝဝ-၁၅ဝ ဝန်းကျင်သုံးပြီး ဝယ်ယူနိုင်တဲ့ အတွက် ငွေအနည်းငယ်နဲ့ အိမ်စီးကား ဝယ်ယူမယ့်သူတွေအတွက် Buget ကားတစ်စီးအဖြစ် ရေပန်းစားရွေးချယ်လာတဲ့ကားပဲ ဖြစ်ပါတယ်။
Toyota Passo ကို Hatchback ကားထဲမှာ ပါကင်ထိုးရလွယ်ကူမှု၊ တန်ဖိုးနည်း ကားဝယ်ယူလိုသူတွေ ရွေးချယ်စရာ ဖြစ်မှု၊ ပေါ့ပေါ့ပါးပါးရှိပြီး မောင်းနှင်ရလွယ်ကူမှု၊ တန်ဖိုးသင့် ကားတစ် စီးဆိုပေမဲ့ ချစ်စရာကောင်းတဲ့ဒီဇိုင်းနဲ့ ဖန်တီးမှု၊ ဆီစား အထူးသက်သာစေ မှုစတဲ့ အချက်တွေက ရေပန်းစားရွေးချယ်စရာ Buget Hatchbackကားတစ်စီး ဖြစ်လာစေပါတယ်။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏

To Original Upload

Photos from KKT's post 05/04/2022

Toyota Vitz အကြောင်း

Toyota ကုမ္ပဏီကနေ Hatchback ကားအမျိုးအစားဖြစ်တဲ့ Toyota Vitz ကို ၁၉၉၉ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၀၅ မိုဒယ်အထိကို ပထမမျိုးဆက်၊၂၀၀၆ မိုဒယ်ကနေ ၂၀၁၀ မိုဒယ်အထိကို ဒုတိယမျိုးဆက်၊၂၀၁၁ မိုဒယ်နောက်ပိုင်းကို တတိယမျိုးဆက်အဖြစ်သတ် မှတ်ခဲ့ပါတယ်။ Toyota Vitz ကို Toyota Yaris ဆိုတဲ့ အမည်တစ်မျိုးနဲ့ လည်း ထုတ်လုပ်ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတချို့ကို တင်ပို့ရောင်း ချခဲ့ပါတယ်။ ဆီစားနှုန်းသက်သာပြီး ကားကြံ့ခိုင်မှုရှိတဲ့ Toyota Vitz ကို လူကြိုက်များခဲ့တဲ့အတွက်လည်း ၂၀၁၀ မိုဒယ်အထိ နိုင်ငံပေါင်း ခုနစ်ဆယ် ကို အစီးရေ ၃ ဒသမ ၅ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

အင်ဂျင်အမျိုးအစား
Toyota Vitz (ပုံပြောင်း) မှာ အရင်မိုဒယ်တွေလိုပဲ အင်ဂျင်ပါဝါ ၁၅၀၀ စီစီ၊ ၁၃၀၀ စီစီ နဲ့ ၁၀၀၀ စီစီ သုံးမျိုးထုတ်လုပ်ထားပြီး ၂၀၁၀ မိုဒယ် နောက် ပိုင်းမှာတော့ ၁၀၀၀ စီစီကို တင်သွင်းတဲ့သူနည်းပါတယ်။ ၁၅၀၀ စီစီမှာ RS ဂရိတ်နဲ့ Manual ဂီယာ ငါးချက် ထုတ်လုပ်ထားပြီး ကျန်တဲ့အင်ဂျင် တွေမှာတော့ CVT ဂီယာတစ်မျိုးတည်းနဲ့ပဲ ထုတ်လုပ်ထားပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
Toyota Vitz ပုံပြောင်းဟာ အရင်မိုဒယ်ဟောင်းတွေနဲ့ ပုံစံလုံး၀ကွဲပြားသွား ပါတယ်။၂၀၁၁ မိုဒယ်ပုံပြောင်းကားတွေက Sport Type ဆန်သွားပြီး Wiper ကလည်း တစ်ချောင်းတည်းပါသွားပါတယ်။ နောက်ပြီး ဒိုင်ခွက်က လည်း ပုံဟောင်းကားတွေလို အလယ်မှာမရှိတော့ဘဲ ယာဉ်မောင်းရဲ့အရှေ့မှာ ရှိသွားပါတယ်။ အရင်ပုံဟောင်းမှာ I’LL ဂရိတ်ကအမြင့်ဆုံးဖြစ်ပြီး ပုံပြောင်း မှာတော့ Jewela ကအမြင့်ဆုံးဖြစ်သွားပါတယ်။ ဒီဂရိတ်မှာ Push Start ၊ Digital Aircon ၊ Steering Volume Control ဖြစ်သွားပြီး ထိုင်ခုံနှစ်ရောင် စပ်နဲ့ စတီယာရင်ကြိုးချုပ်ဖြစ်သွားပါတယ်။ U ဂရိတ်မှာလည်း Jewela ဂရိတ်မှာပါတဲ့အတိုင်း ပစ္စည်းတော်တော်များများ ပါ၀င်ပါတယ်။ F ဂရိတ် ကတော့ အရင်မိုဒယ်တွေလိုပဲ ဂရိတ်အနိမ့်ဖြစ်လို့ Key Remote နဲ့ Manual အဲကွန်းဖြစ်ပါတယ်....

🚙 Toyota Vitz အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏

to Original Upload

Want your business to be the top-listed Autos & Automotive Service in Magway?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Magway
04016