Top Academy
Great job👏🥰♥️
30/01/2023
👏👏🥰🥰
26/12/2022
အားလုံးဘဲ မင်္ဂလာပါရှင်
ကျွန်မနာမည်ကတော့ Tr.Eaint Myat Noe Oo (ခေါ် ) မိဘများ နှင့် ကလေးများအားလုံးသိထားတဲ့ Tr.Myat ဘဲဖြစ်ပါတယ်ရှင့်😊
Top Academy ကျောင်းစဖွင့်တာ ယခုဆို ၁ နှစ်ခွဲ ရှိပြီဖြစ်ပါတယ်
အခုလက်ရှိ Top Academy ကျောင်းမှာ မြန်မာနိုင်ငံအတွင်း အမြို့မြို့အနယ်နယ်မှ ကျောင်းသူ၊ကျောင်းသားများတက်ရောက်နေကြတာဘဲ ဖြစ်ပါတယ်…
ကျွန်မတို့ရဲ့ ကလေးတွေအများစုကတော့ ရန်ကုန်ကဘဲဖြစ်ပါတယ်🥰
ပထမဦးစွာ Top Academy စတင်ဖြစ်ပေါ်လာပုံကို ပြောပြချင်ပါတယ်
ကျွန်မတို့ Top academy ကျောင်းကို 2021 ခုနှစ်
ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဘဲ ဖြစ်ပါတယ်
စဖွင့်တုံးက ကျွန်မတစ်ယောက်တည်းနဲ့ Grammar class (Grade-4 to Grade-11) တွေကို စသင်ကြားခဲ့တာ
ဖြစ်ပါတယ်…
နောက်ပိုင်းမှာ မိဘတွေရဲ့ တောင်းဆို မှုကြောင့် kg to G-11 (Grammar class ) တွေအပြင် Pre-starters, Starters,Movers,Flyers,KET,PET တွေကိုပါ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ် .. ကျောင်းစဖွင့်ပြီး ၃ လမြောက်မှာ ကျောင်းသားဦးရေ အရမ်းများလာသောကြောင့် ဆရာအင်အားမနိုင်တာနဲ့ ဆရာ၊ဆရာမ သစ်တွေခေါ်ခဲ့ပါတယ် ။ ယခုလက်ရှိ Top Academy online ကျောင်းတွင် ဆရာ၊ဆရာမအင်အား ၁၀ယောက်နဲ့ class တွေကို သင်ကြားပြသနေတာပါဘဲ ဖြစ်ပါတယ်..
သင်ကြားရေးပိုင်းမှာလည်း Yangon,Mandalay မှ အရည်အချင်း၊အတွေ့အကြုံများစွာ ရှိတဲ့ ဆရာမတွေနဲ့အတူ တွဲဖက်လုပ်ကိုင်နေတာဘဲဖြစ်ပါတယ်
ကျွန်မနဲ့အတူ ရေရှည်လက်တွဲလာခဲ့တဲ့ TA Teacher team ကိုလည်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအများကြီးတင်ပါတယ်♥️♥️
ဒုတိယအနေနဲ့ ကတော့ ကျောင်းတွေ အများကြီးရှိတဲ့ ထဲမှာမှ Top Academy ကိုယုံကြည် စိတ်ချစွာ အပ်နှံခဲ့တဲ့မိဘတွေကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်….🙏🙏
မိဘတွေသာ မိမိတို့ကလေးတွေကို အတန်းတစ်တန်းပြီးတာနဲ့ နောက်အတန်းသစ်တွေ ဆက်မထားရင် TA ဟာ ဒီအခြေအနေတစ်ခုထိ ရောက်မလာခဲ့ပါဘူး .. မိဘတွေက အတန်းဆက်တက်ချင်ပါတယ်၊ ဘာဆက်ထားရမလဲ တီချယ်ဆိုပြီး ဖုန်းတွေ၊message တွေပို့ပြီး မေးလို့သာ ယခုလို တန်းခွဲများစွာကိုဖွင့်နိုင်တာဘဲဖြစ်ပါတယ်
နောက်ဆုံး အနေနဲ့ကတော့ ကျွန်မရဲ့ ကျေးဇူးရှင် မိဘ၊ဆရာ၊ဆရာမများ နှင့် ကျေးဇူးတင်ထိုက်တဲ့ ကျေးဇူးရှင်များကိုလည်း ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောလိုပါတယ် ..
ကျွန်မကို ၁ နှစ် ခွဲ အတွင်း စိတ်ဓာတ်မကျအောင် စိတ်ရော ၊လူရော ကို အမြဲတမ်းsupport ပေးနေသော ကျွန်မရဲ့ ဆွေမျိုး၊အသိမိတ်ဆွေ များကိုလည်း ကျေးဇူးတင်ပါတယ်…
အခုလက်ရှိမှာတော့ 2023 ခုနှစ်မှာ ရန်ကုန်၊မကွေး၊မင်းဘူးတို့တွင် in person classများဖွင့်နိုင်အောင် အကောင်းဆုံး ကြိုးစားနေပါတယ်… ကျောင်းဘက်မှ ဆရာ၊ဆရာမတွေကလည်း မိမိတို့တပည့်တွေအတွက် ယခုထက်ပိုပြီး အရည်အချင်းပြည့်ဝသော ဆရာ၊ဆရာမများဖြစ်အောင် အကောင်းဆုံးကြိုးစားနေကြပါတယ်….✨
ချစ်ခြင်းများစွာဖြင့်
Tr.Myat
Top Academy 🎓
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Magway
10150