Magway Highlight

Magway Highlight

Share

Photos from Magway Highlight's post 27/06/2023

ကန်ပြားနတ်ကြီးပွဲ ရိုးရာနတ်ပြဓလေ့ပုံရိပ်များ --

Photo-Zaw Moe Tun
27-6-2023
မ​ကွေးမြို့၊ကန်ပြား​ကျေးရွာ

Photos from Magway Highlight's post 14/05/2023

မန်းချောင်းအထက်ပိုင်းရှိ အိုင်းမရေလွှဲဆည် ရေပိုလွှဲမှ ရှစ်ပေနီးပါးအထိ ရေကျော်နေသောကြောင့် မန်းချောင်းအောက်ဘက် ချောင်းဘေးနား နေထိုင်သူများ အချိန်မီပြောင်းရွှေ့ရန် နှိုးဆော်

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မန်းချောင်းအထက်ပိုင်းရှိ အိုင်းမရေလွှဲဆည် ရေပိုလွှဲမှ မေ ၁၄ ရက် (ယနေ့)မွန်းလွဲပိုင်းတွင် ရှစ်ပေနီးပါးအထိ ရေကျော်နေသောကြောင့် မန်းချောင်းအောက်ဘက် ချောင်းနံဘေးနေထိုင်သူများ ဘေးကင်းရာသို့ အချိန်မီပြောင်းရွှေ့ရန် အဆိုပါဆည်၏ တာဝန်ရှိသူတစ်ဦးက facebook လူမှုကွန်ရက်မှ နှိုးဆော်ထားကြောင်း သိရသည်။

မန်းချောင်းသည် ငဖဲမြို့အထက်ဘက် ရခိုင်ရိုးမ၏ အရှေ့ဖျားတောင်စွယ်တောင်တန်းများအခြေတွင် အစတည်စီးဆင်းပြီး မင်းဘူးမြို့နယ် မန်းကျိုးကျေးရွာအနီးတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သော ချောင်းဖြစ်ကြောင်း ထိုချောင်း၏အထက်ပိုင်းတွင် အိုင်းမရေလွှဲဆည်တည်ရှိပြီး ဆိုင်ကလုန်းမုန်တိုင်း မိုခ၏အရှိန်ကြောင့်ရွာသွန်းသောမိုးများဖြင့် အဆိုပါဆည်၏ရေပိုလွှဲမှ ရေလျျှံကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆည်၏ ဆည်ထိပ်တာဝန်ရှိသူ ဦးစီးမှူး ဦးဝင်းဇော်ထွန်းက သူ၏ Bo Winzawhtun အမည်ဖြင့် facebook လူမှုကွန်ရက်တွင် ” အိုင်းမရေလွှဲဆည်အောက်ဖက် မန်းချောင်းကမ်းဘေးမှ ဒေသခံများခင်ဗျာ။ ဆည်ထိပ်တွင် ရေတိုးမှုများပါသည်။ ဆည်ထိပ်မှတ်၂၄၂.၀၀ ပေ။ မွန်းလွဲ ၁း၀၀ နာရီ၊ ရေမှ တ်၂၄၉.၅၀ ပေ။ ဆည်ပေါ်မှ ၇.၅၀ ပေ ရေကျော်နေပါသည်။ အများဆုံး ၁၁.၅၀ ပေ ရေကျော်ခဲ့ဘူးပါသည်။ (ရေကျော်ခဲ့ဘူးပါသည် ၂၀၁၈/၆) ရေတိုးမှုဆက်တိုက်မြင့်က်လာနေ ပါသဖြင့် မိမိတို့ဒေသအလိုက် ဘေးကင်းရာသို့ အချိန်မီပြောင်းရွှေ့စေလိုပါသည်။
ရေတိုးမှုအားဆက်လက်တင်ပြပေးပါမည်” ဟု မေ ၁၄ ရက် မွန်းလွဲ ၃ နာရီခန့်က ရေးသားခဲ့ကြောင်း သိရသည်။

မန်းချောင်း၏ အောက်ဘက်ရှိ ရွှေစက်တော်ဘုရား အောက်စက်တော်ရာတန်ဆောင်းကြမ်းပြင်ပေါ်အထိ ချောင်းရေများစီးဝင်လျက်ရှိကြောင်း မန်းချောင်းအပြင် မုန်းချောင်း၏အောက်ဖျားပိုင်းတွင်လည်း ကမ်းလုံးပြည့်သည်အထိ ရေများစီးဆင်းလျက်ရှိကြောင်း မုန်းချောင်း၏အထက်ပိုင်းတွင် မုန်းတမံ၊ ကြီးအုံကြီးဝဆည်နှင့် မဲဇလီရေလွှဲဆည်တို့ တည်ရှိကြောင်း ၂၀၁၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုန်းချောင်းနှင့် မန်းချောင်းနံဘေးဝဲယာရှိ မြို့များနှင့်ကျေးရွာများ ရေကြီးရေလျှံမှုကြုံခဲ့ရကြောင်း သိရသည်။

သတင်း - အောင်သူငြိမ်း

Photo - အိုင်းမရေလွှဲဆည် ရေပိုလွှဲမှ ရေလျှံကျနေစဉ် (ဓာတ်ပုံ - Bo Winzawhtun facebook)

Eleven Media Group မှ ​ဖော်ပြသတင်း

Want your business to be the top-listed Media Company in Magway?
Click here to claim your Sponsored Listing.

Telephone

Address


Magway