All Moms Choice

All Moms Choice

Share

Photos from All Moms Choice's post 06/12/2021

5-12-2021
ကလေးကိုချစ်တာလားနှစ်တာလား

ကျိုက်ထိုမြို့ယ်၊ကျိုက္ကသာရွာကအသက်
သုံးရက်သားကလေးငယ်ဆေးရုံလာပြတယ်
အသားဝါပြီးနို့မစို့နိုင်လို့လာပြတာ

ကြည့်လိုက်တော့ကလေးကတကိုယ်လုံး
နီးပါးဝါထိန်နေပြီးပျော့တိပျော့ဖတ်ဖြစ်နေ
သလိုငိုသံလည်းမထွက်နိုင်တော့ဘူး

အကြောင်းရင်းကိုလိုက်ရှာတော့
ဟောတွေ့ပါပြီဗျာကလေးနားရွက်မှာ

မွေးကင်းစသုံးရက်သားကလေးငယ်ကို
အိမ်မှာယောက္ခမလုပ်သူတွေကကလေး
လှပသွားအောင်ဆိုပြီးမိရိုးဖလာအပ်နဲ့နား
ရွက်ကိုဖောက်တယ်

ပြီးတော့ပိုးသတ်မထားတဲ့အပ်ချည်ကြိုး
တွေကိုကလေးနားရွက်အပေါက်ထဲထိုးထဲ့
ထားတာတွေ့ပါတယ်

အပ်ကလည်းမသန့်
အပ်ချည်ကြိုးကလည်းညစ်ပတ်ဆိုတော့
သုံးရက်သားကလေးကခံနိုင်ရိုးလား

နားရွက်မှာအနာဖြစ်ပြီးပိုးဝင်
ပိုးဝင်တော့ကလေးကဖျားပြီးနို့မစို့နိုင်
နို့မစို့နိုင်မှတော့အသားဝါပြီပေါ့

ကလေးကိုအဝါဓာတ်တွေကျသွားအောင်
နှစ်ရက်လောက်မီးပြလိုက်တော့အသံထွက်
လာပြီးနို့စို့လာတယ်

မွေးကင်းစကလေးငယ်ကို
ခေါင်းမတုံးနဲ့ဆိုရင်တုံးတယ်
ဆနွင်းမသုတ်နဲ့ဆိုရင်သုတ်တယ်

ပေါင်ဒါမှုန့်မလိမ်းနဲ့ဆိုလိမ်းတယ်
ထမင်းမကျွေးနဲ့ဆိုကျွေးတယ်
ကွမ်းဝါးထားတဲ့ပါးစပ်နဲ့တောင်ဝါးကျွေး
တဲ့အဖိုးအဖွားတွေကလည်းရှိသေးတယ်

ဒီလိုတော့လုပ်ပေးပါ
ဒီလိုမျိုးတော့မလုပ်ပါနဲ့လို့ဆရာဝန်တွေ
ဆရာမတွေအာပေါက်အောင်ပြောတုန်းက
ဟုတ်ကဲ့ပါဆရာမပဲ

အိမ်ရောက်တော့ဒုံရင်းကဒုံရင်းပဲ
ကလေးကိုချစ်တာလားကလေးကို
နှစ်တာလားမသဲကွဲကြတော့ဘူး

#မြို့နယ်ကျန်းမာရေးဦးစီးဌာန
#ကျိုက်ထိုမြို့နယ်ပြည်သူဆေးရုံ

Want your business to be the top-listed Clothing Store in Magway?
Click here to claim your Sponsored Listing.

Website

Address


မြို့ပတ်လမ်းအနီး၊ ၂၁လမ်း၊ရန်နိုင်ရပ်ကွက်၊ မကွေးမြို့။
Magway
04151

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00