Civil Engineering notes

Civil Engineering notes

Share

14/08/2020

Engr တို့ သိထားသင့်သော Column Size ခန့်မှန်းတွက်နည်းနှင့်Theoryဖြင့်Col Sizeရွေးချယ်နည်း
++++++--------+++++++--------+++++

ဒီတစ်ခါတော့ chat box မှာ အမေးများတဲ့ Column size နဲ့ပတ်သတ်တဲ့အကြောင်းလေး ပြောပြချင်တာပါ။
ခုတလော စာတွေလည်း သိပ်မရေးဖြစ်ဘူးဖြစ်နေတယ်။ online မှာရေးဖြစ်တာဆိုတော့ တခါတလေ ကိုယ်ပေးချင်တဲ့ message ကို မရောက်ပဲ တခြားလွဲမှား မှတ်ကြမှာလည်း စိုးရိမ်တယ်။ ဆိုလိုရင်းကို မတွေးဘဲ ဖြတ်လမ်းက မှားမှားယွင်းယွင်း ပုံသေမှတ်နေကြမှာလည်း စိုးတော့ ထိမ်းထိမ်းသိမ်းသိမ်း ရေးဖြစ်ဖုိ့ လိုလာလို့ပါ 🙂 ။
ကဲ .. ဒီတခါ ကျနော်တို့ Column Size ခန့်မှန်းခြင်းနဲ့ ပတ်သတ်လို့ လွယ်လွယ်ကူကူနဲ့ ခေါင်းထဲ အမြဲစွဲနေစေမယ့် General sense လေးတွေ ပြောပါမယ် ။
ကျနော် ခု ပြောပြပေးမှာက General နော် 🙂 🙂
ပုံသေကြီးတော့ မှတ်မထားနဲ့ပေါ့ဗျာ .. 🙂 တကယ့်အမှန်ကတော့ Theory တွေ၊ Code တွေ၊ Structure Designer တွေရဲ့ ယူဆချက်တွေ၊ Local condition တွေ၊ Site condition တွေ စသည်ဖြင့် များပြားလှသော အချက်တွေအပေါ်မှာ မူတည်ပြီး ခန့်မှန်း တွက်ချက်မှ မှန်ကန်မှုအပြည့်ရှိနိုင်မှာဖြစ်ပါတယ်။ (ဒါလေးကိုတော့ အရင်သိထားစေလိုလို့ပါ)
ကဲ ... ဒီလောက်ဆိုရင်တော့ ကျနော်ပြောမယ့် General ဆိုတာလေးကို သိလောက်ပီထင်ပါတယ်။

စလိုက်ကြစို့ဗျာ 🙂
ဆိုပါတော့ ... ကျနော်တို့ Column Size ခန့်မှန်းကြမယ်ဆိုရင် အချင်းချင်း ပြောလို့ရပါတယ်
Eg.. 2 storey (၂ ထပ်တိုက်) ဆောက်မယ်ဗျာ .
Column Size ဘယ်လောက်ထားမလဲ 🙂 🙂
3 storey (၃ ထပ်တိုက်) ဗျာ
5 stories ( ၅ ထပ်တိုက်) ဗျာ
10 stories ( ၁၀ ထပ်တိုက်) ဗျာ
Column Size ဘယ်လောက်ထားမလဲ 🙂 🙂

ဒီလိုမေးလိုက်ရင် သို့လော သို့လော ဇဝေဇဝါ ဖြစ်တတ်ကြပါတယ် 🙂 🙂 (ဒါ သဘာဝပါ)

အမှန်က ကျနော်တို့ Engineer တွေ သိထားရမှာက (ဘယ်နှထပ်တိုက်ဆောက်ရင်.. Column Size ဘယ်လောက်ထားရင် ခိုင်တယ်) ဆိုတာမျိုး ပုံသေမှတ်မထားပါနဲ့.. 🙂
ဆိုလိုရင်းက Column Size ဆိုတာ ..
(1). Storey Height
(2). Span Length
(3). Loading
(4). Material Properties ( can get designated materials supply or not)
ဒီအချက်တွေအပေါ် မူတည်ပြီး တိတိကျကျ တွက်ချက်ရတာပါ။

ခုပြောပြမှာက ခန့်မှန်းကြည့်ကြရုံမျှသာ ဖြစ်ပါတယ်ဗျ (တကယ့် လုပ်တွေ့ဆောက်မယ် ဆိုရင်တော့ Design Engineer နဲ့ သေချာ အပ်နှံ တွက်ချက်ပြီးမှ ဆောက်လုပ်ကြရမှာပါ)

Eg.. 10 stories အတွက် Column Size ခန့်မှန်းကြည့်ကြစို့ဗျ 🙂
ဒါက ပုံမှန် 10'x10' or 12'x12' or 15’x15’ Room တွေအတွက်ပဲ အကြုံးဝင်မှာပါ
Typical နော် .. အရေးကြီးတယ် သတိထားစေလိုပါတယ်ဗျ)

(1). Storey Height
Column Size ဆိုတာ Storey Height(အဆောက်အဦး၏ အမြင့်) အပေါ်မှာ မူတည်ပါတယ်။
သတိထားမိကြမှာပါ .. အောက်ဆုံးအထပ်တွေမှာ Col Size တွေ ကြီးနေကြပြီး အပေါ်ထပ်တွေရောက်လေ Size သေးသွားလေ ဆိုတာ။
> Column Size ခန့်မှန်းမယ်ဆိုရင် အပေါ်ဆုံးအထပ်က စပြီး ခန့်မှန်းပါ။
C9x9 or C10x10 (min)
C10x10 (minimum) ...for seismic design
# every two story > the same size
(အောက်ပါ ပုံမှာ လေ့လာပါ)
(ဒါက ပုံမှန် 10'x10' or 12'x12' Room တွေအတွက်ပဲ Typical နော် .. အရေးကြီးတယ် သတိထားပါ)
ဆိုတော့
C10x10 ( ၂ ထပ်)
C12x12 ( ၂ ထပ်)
C14x14 ( ၂ ထပ်)
C16x16 (၂ ထပ်)
C18x18 (၂ ထပ်) .. >> Variable နော်
>> High rise တွေဆို
every fourth storey > the same size
၄ ထပ်လောက်မှာ Col size တစ်မျိုး၊ နောက် ၄ ထပ်မှာ Col size တစ်မျိုး ထားကြတာလည်းရှိပါတယ်။
ဒီမှာ လာပီ ဒုတိယ အချက် .. 🙂 🙂

(2.) Span Length
Column Size ကတော့ Span Length အပေါ်မှာ အများကြီးမူတည်နေပြန်ပါတယ်။
Eg..
for 18'-0" span,
B12x18 (by rule of thumb)
ဒီလို 18' span မှာ> Beam width က 12" ဆိုမှတော့
Column Size က C12x12 (min) ရှိကို ရှိရမှာပါ။ (စောနက အပေါ်ဆုံးထပ်မှာ C10x10 (min). လို့ပြောခဲ့သော်လည်း ဒီလို 18' Span ဆို အပေါ်ဆုံးထပ်လည်း ဒီ Beam B12x18 ကို ထမ်းရမယ့် Column ကတော့ C12x12 (min) ပါ။ 🙂
Strong Column > Weak beam ဖြစ်ရပါမယ်
Weak Column > Strong Beam မဖြစ်ရပါ။
အိုက်တော့ ဒီ Beam နားက Column ကတော့
C12x12, C14x14, C16x16, C18x18, C20x20

(3). Loading
Column Size တွေ Loading အပေါ် မူတည်တဲ့အချက်ကတော့ စောနက ကျနော်တို့ အပေါ်မှာ ပြောခဲ့သလို
every two storey > the same size
every fourth storey > the same size
ဆိုတာမျိုးလို Typical မဟုတ်တော့ဘဲ Shopping Mall လို မျိုး Heavy public buildings ကြီးတွေမှာဆို 3 stories လောက်ဆိုသော်လည်း
တစ်ထပ်နဲ့ တစ်ထပ် Column Size တွေ ချိန်းချိန်းသွားပီး အထပ်တိုင်းမှာ Column size မျိုးစုံ ရှိနေနိုင်ပါတယ်။ ဆိုလိုတာက
Loading များများ ခံရတဲ့ နေရာဆို Column Size က ပုံမှန် Column တွေထက် ပိုကြီးမှာပေါ့ 🙂 ။

(4). Material Properties ( can get designated materials supply or not)
ဒီအချက်ကတော့ Designated quality materials တွေ မရနိုင် တဲ့ နေရာမျိုးပေါ့။
Eg.
> Sand (သဲကောင်းကောင်း quality ကောင်းကောင်းမရနိုင်တဲ့ နေရာမျိုး)
> Aggregate ( ကျောက်ကောင်းကောင်း မရနိုင်တဲ့ နေရာမျိုး)
> water ( ရေကောင်းရေသန့် ရှားပါးသော နေရာမျိုး )
စသည်ဖြင့် ဒီလို Good Materials ကောင်းကောင်း Supply မလုပ်ပေးနိုင်တဲ့ Location တွေမှာဆိုရင်တော့ Concrete Grade ကောင်းကောင်းလည်း ရနိုင်မှာမဟုတိပါဘူး။ Concrete Grade ကောင်းကောင်းမရနိုင်
Steel strength ကောင်းကောင်း supply မလုပ်နိုင်တော့ Column Size ဆိုတာလည်း ပုံမှန် ခန့်မှန်းရဖို့ ခက်ပါမယ်။ Size ကိုလည်း ပုံမှန်ထက် တိုးပေးရနိုင်ပါတယ်။

မှတ်ချက်။ ။ ခုရွေးထားတဲ့ Column Size တွေကတော့ မှန်မမှန်၊ တကယ် resistance ရှိမရှိဆိုတာတော့ Etabs မှာ Load တင်ပြီး Check ကြည့်ရမှာပါ။ Hand Calculation နဲ့ Check လည်းရပါတယ်။
အားလုံး Check ကြည့်လို့ Ok တယ်ဆိုမှ Reliable Size ကိုရနိုင်ပါမယ်။

ကဲဗျာ 🙂 ...
ဒီလောက်ဆို သာမန်အားဖြင့်တော့ General knowledge လေး ရနိုင်ကြမယ် ထင်ပါတယ်ဗျ ။
တိကျတဲ့ အဖြေနဲ့ တွက်ထုတ်မှု result ကတော့ Structure Designer ကသာ ထုတ်ပေးနိုင်ပါလိမ့်မယ်ဗျ 🙂

#

Want your school to be the top-listed School/college in Magway?
Click here to claim your Sponsored Listing.

Category

Website

Address


Magway