Gold 5ive

Gold 5ive

Share

Photos from Gold 5ive's post 30/09/2020

မနက်ဖြန်..
သင်တို့ရဲ့..အိမ်မက်တွေ..
အကောင်အထည်ဖော်နိုင်ဖို့အတွက်..

#ထီပေါက်ရင် ဘယ်လိုထုတ်ရမလည်းဆိုတာ
sharing လေး လုပ်ပေးချင်ပါတယ် 😘😘

ထီပေါက်ရင် ထီ ရုံးချုပ် ၃၇လမ်းမှာသွားထုတ်ရပါမယ် ဘာတွေထည့်သွားရမလည်းဆိုတော့

1. အိမ်ထောင်စုစာရင်း မူရင်း နဲ့ မိတ္တူ
2. မှတ်ပုံတင်မူရင်း မိတ္တူ
3. ထီလက်မှတ်
4.ပတ်စပို့စ် ပုံ ၃ပုံ ( ၅သောင်းဆုဆိုရင်တော့ ၁ပုံဆိုရပါတယ်)

အပေါ်ကအချက်အလက်များကိုယူသွားရပါမယ်
ရုံးချုပ်ရောက်ရင် အပေါက်ဝမှာ အဝင်အထွက်စစ်ဆေးတဲ့ အန်တီ(သို့)ဦးလေးကို ထီသွားထုတ်မလို့ ပြောပြီး နာမည်ရယ် မှတ်ပုံတင်ရယ်ရေး လက်မှတ်ထိုးရပါမယ် ပြီးရင် ၃လွှာကို ဓါတ်လှေကား (သို့) ရိုးရိုးလှေကားက တတ်သွားပါ ဝင်ဝင်ချင်း ဓါတ်လှေကားဘယ်ဘက်ခြမ်းမှာ ထီဆုငွေများထုတ်ယူရန်ဆိုပြီး ရေးထားတယ်

အာ့မှာ ပေါက်တဲ့ ထီလက်မှတ်တွေကို ထုတ်ပေးရတယ်
အာ့ ထီလက်မှတ်နောက်ကျော ဘယ်ဘက်ခြမ်းမှာ ဘက်လက်မနဲ့ လက်ဗွေနှိပ်ရပါတယ် ပြီးရင် လက်ဗွေနားမှာ လက်မှတ်ထိုးပေးရမယ် အိမ်ထောင်စုစာရင်းမိတ္တူ
မှတ်ပုံတင်မိတ္တူတွေကို ပေးရပါမယ် ပြီးရင် သူတို့တွေက ဖောင်ဖြည့်ဖို့အတွက် ဖောင် ပေးလိမ့်မယ်
ဆုသေးတွေဆိုရင်တော့ တရက်နဲ့ ပြီးပါတယ်

ဆုငွေကြီးရင်တော့ ရက်ချိန်းတရက်ပြန်ချိန်းပါတယ် ချက်လက်မှတ်ရဖို့အတွက်
ဖောင်ထဲက နေရပ်လိပ်စာကို အိမ်ထောင်စုစာရင်းထဲမှာပါတဲ့အတိုင်းထည့်ပေးရမှာနော် ဖောင်ဖြည့်ပြီးရင် ခဏထိုင်စောင့်ရပါတယ် နာမည်ခေါ်တာနဲ့ ဖောင်ထဲမှာ လက်ဗွေထပ်နှိပ်ရပါတယ် တံဆိပ်ခေါင်းဖိုး ၅၀၀ ပေးရပါတယ် ပြီးရင် ဘေးနားက အခန်းကို ဝင်သွားပါ အာ့မှာ စာရေးမ အန်တီကြီးတွေက သူတို့ အဆင့်ဆင့် လုပ်ဆောင်ပြီးနောက် လက်မှတ်ထိုးပေး ဆက်သွယ်ရန် ph no. ရေးပေး ပြီးရင် ချက်လက်မှတ်တစ်ခုပေးလိုက်လိမ့်မယ်
အာ့ ချက်လက်မှတ်ကို လသာလမ်းနဲ့ ကမ်းနားလမ်းက မြန်မာ့စီးပွားရေးဘဏ် ၅ မှာ သွားထုတ်ရပါမယ်

(မှတ်ချက်) ဆုသေးရင်တော့ ကိုယ် သွားထိုးခဲ့တဲ့ ထီဆိုင်မှာပဲ ထုတ်တာ ကောင်းပါတယ် နို့မို့ဆို သွားရမယ့် ကားခ တံဆိပ်ခေါင်းခ လူစောင့်ရတာနဲ့ အရမ်းအလုပ်ရှုပ်ပါတယ် ချက်လက်မှတ်ရလို့ လသာကို သွားထုတ်တော့လည်း ကားခထပ်ကုန်သေး ဗိုက်ဆာလို့ မုန့်ဝယ်စားရင်လည်း ပိုက်ဆံက ထပ်ကုန်သေး
တော်သေးပြီ ဒီလောက်ပါပဲ 😁😁

Crd by

Want your business to be the top-listed Shop in Magway?
Click here to claim your Sponsored Listing.

Website

Address


Magway
9589

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00