Glorious Magway
24/09/2022
# #မြို့အမည်ကိုကပွင့်ဖြူတဲ့
**မြို့ပေါက်စနလေးပါ၊ မင်းဘူးမြို့နဲ့ ၂၃မိုင်ပဲ ဝေးကွာ။
**ဆက်ထွက် သွားလိုက်တဲ့ခါ၊ စလင်းဖြို့ဖက် ရောက်မှာ။
**မြို့လေးရဲ့ လမ်းများစွာ၊ ပန်းများ အမည်မှည့်ခါ၊ ပိတောက် စိန်ပန်း ကံ့ကော်လမ်းတဲ့။
**ညနေခင်း အပန်းဖြေဖျောက်၊ လမ်းတွေလျှောက်တဲ့ခါ၊ သင်းပျံ့တဲ့ ပန်းယနံ့လေးတွေ ရလိမ့်မှာ။
**ဧရာဝတီမြစ်အတွင်း စီးဆင်းဝင်သွား၊ မုန်းချောင်းက ရေချိုများများရတာ နွေ မိုး ဆောင်းပါ။
**မဲဇလီဆည်တဲ့ မြောင်းလက်တန်တွေ အဖြာဖြာသွယ်ကာ၊ ဆောင်း နွေ မိုး၊ စပါး ပဲ နှမ်း ဝါ စိုက်ပျိုး။
**ဒါကြောင့်မို့သာ စိုက်ပျိုးရေးသိပ္ပံ ကျောင်း ရှိခဲ့တာ၊ ကြာ ကြာလှပေါ့။
**စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား၊ မြောင်းဘောင်အတိုင်း လမ်းလျှောက်သွား ရောက်ပ။
**ခုခါ ကား ဆိုင်ကယ် မြင်းလှည်းနဲ့ သွား၊ ပျော်ကြတယ်ပေါ့ တဟားဟား။
**လမ်း ဝဲယာ၊ စိတ်နေအောင် စိုက်ထားတဲ့ ကုက္ကိုပင်တန်းရိပ်၊ သိပ်နေမပူသာ လေပြေ သင်းထုံစွာ။
**အညာတမာပေမဲ့၊ ဝါတာတာ မဟုတ်ပါ၊ စိမ်းမှောင်နေတာ မြင်တဲ့အတိုင်းပါ။
**ပန်းခြင်းတူရင်တောင်မှ၊ပွင့်ဖြူက ပန်းက ပို,ပီးမွှေးမြတယ် ဂုဏ်ယူကြသူတွေ နေတဲ့မြို့ပါ။
မူရင်း:CRD
Photo:crd
please:like&follow
Glorious Magway page😍
အတူတွဲကာ🤞
Click here to claim your Sponsored Listing.
Category
Website
Address
Magway