OKay

OKay

Share

04/10/2022

စားသုံးဆီ အန္တရာယ် ကြိုတင်ကာကွယ် #

ကျွန်ုပ်တို့နေ့စဉ်စားသုံးနေကြသော အစာအာဟာရများတွင် ကာဗိုဟိုက်ဒရိတ် (Carbohydrates)၊ ပရိုတိန်းဓာတ် (Protein)နှင့် အဆီဓာတ် (Fat) ဟူ၍ပါရှိပါသည်။ လူ့ခန္ဓာကိုယ်အတွက် အာဟာရ ဖြစ်စေရန် စားသုံး ရသော အစားအစာများတွင် Starch ဆိုသည့် ကစီဓာတ် များများပါသော ဆန်၊ ဂျုံ၊ ပြောင်း၊ Starch ဆိုတဲ့ အသားဓာတ်ပါသော အသား၊ ငါး၊ Protein ဟုခေါ်သော ဆီနှင့် အဆီဓာတ်များ ပါ၀င်သော အာဟာရဖြစ်စေသည့် စားသုံးကုန်များ ပါ၀င်ပါသည်။ ဆန်၊ ဆီ၊ ဆားသည် မြန်မာတို့၏ အခြေခံစားသောက် ကုန်များ ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများသည် ဟင်းကောင်းကောင်း မစားရရင်နေပါစေ ထမင်းကို ဆီဆမ်း ဆားဖြူး စားရရင်ပဲ ရောင့်ရဲ ကျေနပ်ကြသည့် လူမျိုးများ ဖြစ်ကြပါသည်။ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့သည် ပြည်တွင်းထွက် ဆီများဖြစ် ကြောင်း အများသိပြီး ဖြစ်ပါသည်။ မြန်မာလူမျိုးများသည် အစား အစာ စားသုံးရာတွင် စားသုံးဆီကို ချက်၍ တစ်မျိုး၊ ကြော်၍တစ်ဖုံ၊ သုပ်စားရာတွင် တစ်နည်းအများဆုံး စားသုံးကြပါသည်။ အခြားသောနိုင်ငံများတွင် စားသုံးဆီကို မုန့် ဖုတ်သော နေရာတွင်လည်းကောင်း၊ ဟင်းချက်သော နေရာတွင် လည်းကောင်း၊ ကြော်လှော်တဲ့ ှညခေု ဆိုသော သရေစာမုန့်များတွင် လည်းကောင်း အမျိုးမျိုး စားသုံးကြပါသည်။ တိုးတက်ထွန်းကားသော နိုင်ငံများတွင် စားသုံးဆီကို လူတစ်ဦးလျှင် တစ်နှစ် ၁၈ ကီလိုခန့် စားသုံးကြောင်း၊ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ၅ဒသမ၂၄ ကီလိုခန့်သာ စားသုံးကြောင်း သိရှိရ ပါသည်။ ကျန်းမာရေး ပညာရှင်များက လူတစ်ဦးလျှင် တစ်နှစ် ၉ကီလို စားသုံးရန် လိုအပ်သည်ဟု ဆိုကြပါသည်။ အဆီဓာတ်သည် အပူစွမ်းအင်ကို အဓိကထုတ်ပေးပါသည်။ အဆီ ဓာတ် များများစားမှကယ်လိုရီ ခေါ် အပူဓာတ်များများ ရရှိနိုင်ပါသည်။ လူတို့အတွက် အရေးပါသော ဗီတာမင်(Vitamin)ခေါ် သက်စောင့် ဓာတ်များသည် ဆီတွင် အလွယ်တကူ ပျော်၀င်နေပါသည်။ ထို့ကြောင့် ဗီတာမင်ဓာတ် ကို ခန္ဓာကိုယ်မှ ရရှိရန် ဆီကို ကြားခံပစ္စည်းအဖြစ် စားသုံးရန် လိုအပ် လာပါသည်။ ကျွန်ုပ်တို့ စားသုံးနေသော စားသုံးဆီကို အပင်တို့၏ ဆီထွက်နိုင်သော အစိတ်အပိုင်းများမှ ဆီကို ထုတ်ယူပါသည်။
သို့သော် လက်တွေ့တွင် အစေ့အဆန်များမှ ထုတ်ယူစားသုံး နေကြ ပါသည်။ အသီးအရွက် အဆီနှင့်ဆီများ Vegetable Fats and Oilျ)တိုင်းကို စားသုံး၍ ရချင်မှရမည်။ သို့သော်လည်း အဆိုပါ ဆီများကို စက်ဆီ ၊ သင်္ဘောဆေး၊ အလှကုန်၊ ဆေးဝါးနှင့် အခြားသော စက်မှု လုပ်ငန်းများတွင် သုံးကြပါသည်။ လူတို့စားသုံးသော ဆီများမှာ ဖွဲနု ဆီ၊ ပဲပုပ်ဆီ၊ အုန်းဆီ၊ မုန်ညင်းဆီ၊ သံလွင်ဆီ၊ ပြောင်းဆီ၊ နေကြာဆီ၊ ဝါစေ့ ဆီ၊ စားအုန်းဆီ၊ နှမ်း ဆီနှင့် မြေပဲ ဆီတို့ ဖြစ်ပါသည်။ ဆီများကို အုပ်စုခွဲခြားကြည့်လျှင် အသီးအနှံမှရသော အဆီနှင့် တိရစ္ဆာန်မှ ရရှိသော အဆီဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါသည်။
အသီးအနှံမှရသောအဆီ
အသီးအနှံမှရသော အဆီများမှာ မြေပဲဆီ၊ နှမ်းဆီ၊ ဝါစေ့ဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ၊ မုန်ညင်းဆီ၊ သီဟိုဠ်သရက်စေ့ဆီ၊ လင်းစေ့ဆီ၊ ကြက်ဆူဆီ၊ ပြောင်းဖူးစေ့ဆီတို့ ဖြစ်ကြပါသည်။

မြေပဲဆီ ။ ။ မြေပဲဆံတွင် ဆီ၄၀ရာခိုင်နှုန်းမှ ၅၅ရာခိုင်နှုန်းအထိ ပါ၀င်ပါသည်။
မိရိုးဖလာနည်းဖြစ်သော နွားဖြင့်လှည့်၍ ကြိတ်ရသည့် ကြိတ်ဆုံများဖြင့် ထုတ်ယူခဲ့ရာမှ ယခုအခါတွင် ဆီကြိတ်စက်များကို အသုံးပြု၍ ထုတ်ယူသည့်နည်းဖြင့် တွင်တွင်ကျယ်ကျယ် ထုတ်ယူရရှိနေပါသည်။ အဓိကအား ဖြင့် စားသုံးရန် အသုံးပြုကြပါသည်။

နှမ်းဆီ ။ ။ နှမ်းစေ့များတွင် ဆီ ၃၅ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းထိ ပါ၀င်ပါသည်။ ဆီကြိတ်စက် များ ဖြင့်ဖိ၍ ညှစ်ထုတ်ယူသော နည်းဖြင့် ထုတ်ယူရရှိပြီး လူတို့စားသုံးရန် အသုံးပြု သည်။

၀ါစေ့ဆီ ။ ။ ဝါစေ့အဆန်တွင် ဆီ ၁၇ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း ပါ၀င်ပါသည်။ ဆီကြိတ်စက် များ ဖြင့် ထုတ်ယူပါသည်။ အဓိကအားဖြင့် ဆပ်ပြာလုပ်ငန်းတွင် အသုံးပြုပါသည်။ ယင်းဆီကို ပြုပြင်ပြီးနောက် အကြော် ဆီအဖြစ်လည်း အသုံးပြုကြပါသည်။

နေကြာဆီ ။ ။ နေကြာပန်းမှ ရရှိသော အဆန်တွင် ဆီ ၂၂ ရာခိုင်နှုန်းမှ ၃၂ရာခိုင်နှုန်းအထိ ပါ၀င် ပါသည်။ ဆီကြိတ်စက်များဖြင့် ထုတ်ယူ ပါသည်။ ရရှိသည့်ဆီကို စားသုံးဆီအဖြစ် အသုံးပြု ကြပါ သည်။

ပဲပုပ်ဆီ ။ ။ ပဲပုပ်စေ့တွင် ဆီ ၁၂ ရာခိုင်နှုန်းမှ ၂၅ ရာခိုင် နှုန်းအထိ ပါ၀င်ပါသည်။ ဆီကြိတ်စက်ဖြင့် ထုတ်ယူပြီးနောက် ကျန်သော ဆီများကို ဓာတ်ပျံဆီနှင့် ဖျော်ထုတ်သည့်နည်းဖြင့် ထုတ်ယူနိုင်ပါသည်။စားသုံးရန်သော် လည်းကောင်း၊အရောင်တင်ဆီအဖြစ် သော်လည်းကောင်း အသုံးပြုကြပါသည်။

မုန်ညင်းဆီ ။ ။ မုန်ညင်းစေ့မှ ထုတ်ယူရရှိပါသည်။ မုန်ညင်း စေ့တွင် ဆီ ၃၅ ရာခိုင်နှုန်း မှ ၄၂ ရာခိုင် နှုန်းအထိပါ၀င်၍ ရရှိသော ဆီကို စားသုံး ဆီအဖြစ် အသုံးပြုကြပါသည်။

သီဟိုဠ်သရက်စေ့ဆီ ။ ။ သီဟိုဠ်သရက်ဆန်တွင် ဆီ ၃၈ရာခိုင်နှုန်း မှ ၄၇ ရာခိုင်နှုန်းအထိ ပါ၀င်ပါသည်။ စီးပွားဖြစ်ထုတ်လုပ်ခြင်း မရှိသေးပါ။

လင်းစေ့ဆီ(Linseed) ။ ။ လင်းစေ့တွင် ဆီ ၂၈ ရာခိုင်နှုန်းမှ ၄၄ ရာခိုင် နှုန်းအထိ ပါ၀င်ပါသည်။ ရရှိသောအဆီသည် ခြောက်သွေ့လွယ်ပြီး အရေခွံတင်းသည့် သတ္တိရှိသောကြောင့် အရောင် တင် ဆီနှင့် သင်္ဘောဆေး လုပ်ငန်းတွင် အသုံးပြု ကြပါသည်။

ကြက်ဆူဆီ ။ ။ ကြက်ဆူစေ့အဆန်တွင် ဆီ ၅၀ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း ပါ၀င်ပါသည်။ အလှကုန် လုပ်ငန်းနှင့် ဆေးဝါးလုပ်ငန်းတွင် အထူး အသုံးပြုပါသည်။

ပြောင်းဖူးစေ့ဆီ ။ ။ ပြောင်းဖူးစေ့ အညှောင့်ပေါက်သော အပိုင်း မှ ဆီထုတ်ယူ၍ စားဆီအဖြစ် အသုံးပြုကြ ပါသည်။

တိရစ္ဆာန်မှရသော အဆီ

တိရစ္ဆာန်မှရသော အဆီများမှာ ထောပတ်ဆီ၊ အမဲဆီ၊ ၀က်ဆီ၊ သိုးမွေးဆီတို့ ဖြစ်ပါသည်။

ထောပတ်ဆီ ။ ။ နွားနို့တွင် ဆီ ၃ဒသမ ၆ ရာခိုင်နှုန်းခန့် ပါ၀င် သည်။ နွားနို့မလိုင်ဟူ၍ အခဲပိုင်း ၃၅ ရာခိုင်နှုန်း ၄၅ရာခိုင်နှုန်း ပါရှိရာ ယင်း မလိုင်ပိုင်းကို လက်တစ်အက်စစ်ထည့်၍ မွှေပေးခြင်းဖြင့် ထောပတ် ဆီကို ရရှိပါသည်။ ထောပတ်ဆီကို စားသုံး ရာတွင်အသုံး ပြုပါသည်။ယင်းဆီကို သိုးနို့၊ ဆိတ်နို့တို့မှလည်း ရရှိပါသည်။

အမဲဆီ ။ ။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့၏ အဆီပြင်ပိုင်းမှ ရရှိပါသည်။ တိရစ္ဆာန်များ၏ ကျောက် ကပ်နှင့် ကပ်နေသည့် အပိုင်းမှရရှိသည့် ဆီကို စားသုံးရန် အသုံးပြုပါသည်။ အများ အားဖြင့် စက်မှုသုံးဆီအဖြစ် ဆပ်ပြာချက် လုပ်ငန်းများတွင် အသုံးပြုပါသည်။

၀က်ဆီ ။ ။ အထက်ဖော်ပြပါကဲ့သို့ ၀က်၏အဆီပြင်ပိုင်းမှ ရရှိသောဆီပြင်ကို အတုံးငယ်က လေးများပြုလုပ်၍ အပူပေးခြင်းဖြင့် ၀က် ဆီကို ထုတ်ယူရရှိပါသည်။ စားသုံးရန်နှင့် စက်မှုသုံးဆီအဖြစ် အသုံးပြုကြပါသည်။

သိုးမွေးဆီ ။ ။ သိုးမွှေးဆီတွင် ဆီ ၂၀ရာခိုင်နှုန်းမှ ၃၀ရာ ခိုင်နှုန်းထိ ပါ၀င်ပါသည်။ ကော့စတစ် ရေတွင်ပြုတ်ခြင်းဖြင့် လည်းကောင်း၊ ဓာတ် ပျံဆီဖြင့် ဖျော်ထုတ်ခြင်းနည်းဖြင့် လည်းကောင်း ထုတ်ယူရရှိပါသည်။

အဆီနှင့် ဆီ (Lactic Acid)ကို အသုံးပြုရန်အတွက် သုတေသန ပြုလာကြရာ ဆပ်ပြာ၊ အသားအရေထိန်းဆေး၊ ဖယောင်းတိုင်၊ ရေ မွှေး၊ အလှကုန်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများနှင့် လောင်စာဆီ (င်္Fuel) ပါမကျန် ပါ၀င်ပစ္စည်းများ ဖြစ်ပါသည်။

လူ့ခန္ဓာကိုယ်အတွက် အားအင်ကို အဆီဓာတ် (Fats)၊ ကစီဓာတ် (Carbohydrates)နှင့် ပရို တိန်း (Protein)တို့မှ ရရှိပါသည်။ စားသုံးဆီများကို ပြည့်၀ဆီ (Unsaturated Oils)နှင့် ပြည့်၀ဆီ မဟုတ်သောဆီ (Unsatu-rated Oil) ဟူ၍ ခွဲခြားထားပါသည်။တစ်ဖန် ပြည့်၀ဆီမဟုတ်သောဆီ (Unsatu-rated Oil )ကို ပေါင်းစုအဆီ (Poly Unsaturated Oil) နှင့် တစ်မယ် တည်း အဆီ (Mono Unsaturated Oil)ဟူ၍ ထပ်မံခွဲ ခြားထားသည်။ ပြည့်၀ဆီတွင် တိရစ္ဆာန်မှရသော အဆီ ထောပတ်၊ အုန်းဆီ၊ စားအုန်း ဆီတို့ပါ၀င်ပြီး စားသုံးမှု လွန်ကဲပါက ကျန်းမာရေးကို ထိခိုက်နိုင် ပါသည်။

စားသုံးရန် သင့်တော်သည့် အဆီဖြစ်သည့် ပြည့်၀ဆီမဟုတ် သော အဆီ (Unsaturated Oil) အမျိုးအစား (Poly Unsaturated Oil) များဖြစ်သည့် ပဲပိစပ်ဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပြောင်းဖူးဆီတို့ဖြစ်၍ စားသုံးကြဆဲ ပင် ဖြစ်သည်။ ပြည့်၀ဆီမဟုတ်သော ဆီအမျိုးအစား (Mono Unsaturated Oil) ဖြစ်သော သံလွင်ဆီနှင့် မြေပဲဆီတို့သည် လူတို့စားသုံးရန် အကောင်းဆုံး ဆီဖြစ်သည်ဟုဆိုပါသည်။ သို့ဖြစ်၍ စားအုန်းဆီသည် ပဲဆီ ထက် ပြည့်၀အဆီ ပါ၀င်နှုန်း နှစ်ဆကျော် မြင့်မားသောကြောင့် ချင့်ချိန် စားသုံးကြရန် လိုအပ်ပါသည်။

အချို့သော စီးပွားရေး လုပ်ငန်းရှင်များ၊ စျေးဆိုင်များ၊ အကြော်ဆိုင်များတွင် စားသုံးဆီကို မသမာမှု အမျိုးမျိုးပြုလုပ် ရောင်း ချလျက် ရှိသည်ကို တွေ့မြင် နေရပါသည်။

အချို့က စားအုန်းဆီကို ပဲဆီအနံ့ပါသော ဓာတုဆေးများ ထည့်၍ ပဲဆီအဖြစ် လည်းကောင်း၊ အချို့ကစားသောက်ဆိုင်၊ ဟိုတယ်များမှ ကြော်ပြီးဆီများကို ပြန်ချက် ၍လည်းကောင်း၊ အချို့ သော အကြော်ဆိုင်များမှာ ကြော်ရာတွင် အကြော်ခံစေရန် စားသုံးဆီကို အကြံအဖန် အမျိုးမျိုးပြုလုပ်၍ လည်းကောင်း၊ ပဲဆီ၀ယ်ရာတွင် ပဲဆီအစစ်မရဘဲ စပ်ဆီများ ပြုလုပ် ရောင်းချလျက် ရှိပါသည်။

ထို့ကြောင့် စျေးကွက်ထဲတွင် မြေပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီစသည်တို့အပြင် စပ်ဆီဟူ၍ ဆီတစ်မျိုး တိုးလာပါသည်။
ထို့ကြောင့် လူသားတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက် နေသော စားသုံးဆီကို အထူးဂရုပြု စားသုံးကြရန် လိုအပ်လျက် ရှိပါ သည်။ လူသားတို့၏ ကျန်းမာရေးအတွက် စားသုံးဆီသည် သန့်ရှင်း မှုမရှိပါက အန္တရာယ်ကြီး မားကြောင်း၊
ဆီစားသုံးရာတွင် ပြည့်၀အဆီ (Saturated Oil)သည် ကျန်းမာရေးအတွက် မသင့်လျော် ကြောင်း၊ ပုံပြောင်းအဆီ (Trans Fat)သည် လူကို အန္တရာယ်ပေးတတ်ကြောင်း၊ ပြည့်၀ဆီမဟုတ်သောအဆီ (Unsaturated Oil)ကို စားသုံး သင့်၍ တစ်မယ်တည်းအဆီ (Mono Unsaturated Oil))ကိုသာ ဦးစားပေး၍ စားသုံးသင့်ကြောင်း ဓာတ်ခွဲ ပညာရှင်များက ဆိုထားပါသည်။

စားသုံးဆီ စားသုံးမှုတွင် FDA အဖွဲ့အစည်းက အဆီစားသုံးလျှင် ကယ်လိုရီနည်းနည်း (သို့) ပါ၀င်မှု ၃၀ရာခိုင်နှုန်း စားသုံးသင့်ဟု ထောက်ခံချက်ပေးကြသည်။
အာဟာရ ပညာရှင်များက ဆိုရာတွင် လူတစ်ယောက် အနေ ဖြင့် အဆီကရသည့် ကယ်လိုရီကို ၁၀ရာခိုင်နှုန်းထက် မပိုသင့်ဟု ဆိုပါသည်။ မည်သို့ပင်ဆိုစေ ဆီစားသုံးမှု များပြားပါက ကျန်းမာရေး ကိုထိခိုက်နိုင်ပြီး အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါများ ရရှိနိုင်ကြောင်း လူတိုင်း သိပြီး ဖြစ်ပါသည်။ ထို့ကြောင့် စားသုံးဆီ (Edible Oil)ကို ''တန်ဆေးလွန်ဘေး'' ဆိုသည့်အတိုင်း ချင့်ချိန်စားသုံးကြရန် လိုအပ်ပါကြောင်း တင်ပြလိုက်ပါသည်။

(ကိုးကားချက်။ ။ ဖွဲနုဆီစက်ဌာန၏ ဆီအမျိုးမျိုးနှင့် ဖွဲနုဆီမှ စားဆီထုတ်လုပ်ခြင်း။)
Crd #

Want your business to be the top-listed Grocery Store in Magway?
Click here to claim your Sponsored Listing.

Telephone

Website

Address


Magway
09976252811