Magway Software House

Magway Software House

Share

03/10/2020

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အောင်မြင်စွာ စာချုပ် ချုပ်ဆိုပြီးစီးပါကြောင်း....

03/05/2020

ဒီနေ့မှာတော့ နယ်ပယ်အသီးသီးတွင် ရည်ရွယ်ချက်မျိုးစုံဖြင့် ပုံစံအမျိုးအစားစုံလင်စွာ တွေ့တွေ့နေရတဲ့ fingerprint system အကြောင်း ဝေမျှပေးချင်ပါတယ်။
Fingerprintsကို ဘယ်နေရာတွေမှာအများဆုံး အသုံးပြုကြပါသလဲ?????
* Fingerprints system ကို.....
တံခါး၊ ဖုန်း၊ ကွန်ပျူတာ အစရှိသဖြင့် စက်များဖွင့်ရာတွင် security ကောင်းမွန်စေရန်တွဲ၍ အသုံးပြုခြင်း
* ရုံးများ၊ အဖွဲ့အစည်း၊ လုပ်ငန်းများတွင် အဝင်အထွက် စစ်ဆေးရာတွင်အသုံးပြုခြင်း
* အထိခိုက် အဆုံးရှုံးမခံနိုင်သော ပစ္စည်းများတွင်အသုံးပြုခြင်း
တရားရုံးနှင့်ဆက်စပ်၍ ရာဇဝတ်သားများဖော်ထုတ်ရာတွင်အသုံးပြုခြင်း
* Smart devices များနှင့် တွဲ၍အသုံးပြုခြင်း
များတွင် အများဆုံးတွေ့ရလေ့ရှိသည်။
Fingerprints ကို ဘာ့ကြောင့် အသုံးများလာရပါသလဲ?????
Fingerprints ၏ အားသာချက်များ.....
* အသုံးပြုရာတွင် လွယ်ကူရိုးရှင်းခြင်း
* စကားဝှက်များကဲ့သို့ မေ့ခြင်းမှ ကာကွယ်ပေးခြင်း
* လက်ဗွေရာဖြစ်သောကြောင့် မိမိသွားလေရာနေရာ၌ပါလာခြင်း (မေ့ခြင်း၊ ပျောက်ခြင်းမရှိပါ)
* ၂၁ရာစုနှင့်အညီ smartကျခြင်း၊ confidence ရှိခြင်း
လူတစ်ယောက်၏ လက်ဗွေသည် တစ်သက်လုံးတွင် အနည်းငယ်မျှသာပြောင်းလဲသဖြင့် ဓာတ်ပုံ၊ password များထက် ပိုမို ကြာရှည်တည်မြဲခြင်း
* လက်ဗွေသည် unique ဖြစ်ခြင်း
* အတုလုပ်ရန် ခဲယဥ်းခြင်း
* မိမိကိုယ်စား အသုံးပြုခြင်းအား ပယ်ဖျက်ပေးခြင်း (လွှဲပြောင်း၍မရခြင်း)
* အထိခိုက်မခံသော အရာများအား တိကျသော ခြေရာခံစနစ်ဖြင့် လုံခြုံမှုပေးနိုင်ခြင်းများကို လုပ်ဆောင်ပေးနိုင်ပါသည်။

Accountability (တာဝန်ခံမှု) အတွက်လည်း အကျိိုးကျေးဇူးများစွာရှိပါသေးသည်။
လက်ဗွေသည် ဇီဝဗေဒအထောက်အထားဖြစ်သောကြောင့် အဖြစ်အပျက်တစ်ခုခုကြုံပါက ငြင်းခုံရန် ခဲယဥ်းခြင်း (လိုအပ်ပါက သက်သေအဖြစ်အသုံးပြုနိုင်ခြင်း)

နောက်ဆုံးအနေနှင့် Costဘက်မှ ကြည့်ရင်လည်း နည်းပညာစီမံခန့်ခွဲမှုအရ fingerprints systemသည် ပိုမိုတိကျ၍ အသုံးပြုရလွယ်ကူပြီး ကုန်ကျစရိတ် သက်သာသော System တစ်ခုဖြစ်ပါသည်။

မှတ်ချက်။ ။
Fingerprint scannerများသည် အခြား လျှပ်စစ်ပစ္စည်းများနည်းတူ လျှပ်စစ်ပြတ်တောက်မှုကြောင့်ဖြစ်စေ၊ သဘာဝဘေး ကြောင့်ဖြစ်စေ နည်းပညာဆိုင်ရာအားနည်းမှုနှင့် ကန့်သတ်ချက်ရှိပါသည်။

နိဂုံးချုပ်အနေဖြင့် ကိုယ့်နိုင်ငံရာသီဥတုအခြေအနေအရ ပူအိုက်မှုကြောင့် လက်မှ ချွေးများထွက်ခြင်း နှင့် ကူးစက်ရောဂါကဲ့သို့သော ကိစ္စရပ်များအတွက် finger print system မှ နေ၍ faceunlock system ၊ smart card system များအဖြစ် အဆင့်မြှင့်တင်ခြင်းဖြင့် ပို၍ ပြည့်စုံသော စနစ်တစ်ခုအား လူကြီးမင်းတို့အနေဖြင့် ပိုင်ဆိုင်ခွင့်ရရှိပေမည်။
ထို့ကြောင့် အသုံးပြုလိုပါက ဝန်ဆောင်မှုကောင်းကောင်းနှင့် ကုန်ကျစရိတ် သက်သာစေရန် ITပညာရှင်များ (သို့မဟုတ်) ITနှင့်ဆိုင်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးသင့်ပါသည်။
source from: (မြင်ဆရာများ၊ သင်ဆရာများ)

Want your business to be the top-listed Computer & Electronics Service in Magway?
Click here to claim your Sponsored Listing.

Website

Address


Magway
04011