Sport View
19/09/2023
UEFAနဲ့တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့ရဲ့သဘောတူညီချက်အရ အာဂျင်တီးနားအသင်းရဲ့မတ်လအတွက်ခြေစမ်းပွဲနှစ်ပွဲဟာ ပေါ်တူဂီနဲ့အင်္ဂလန်အသင်းတို့ ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။
တကယ်လို့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ကစားဖို့ သဘောတူညီချက်ရမည်ဆိုပါက အဆိုပါခြေစမ်းပွဲကိုတော့ ဝင်ဘလေကွင်းမှာ ကစားသွားမှာပါ။
ဒါ့အပြင် ဒီခြေစမ်းပွဲဟာ ဉရောပနဲ့တောင်အမေရိကနိုင်ငံကြီးတွေကြား ပြိုင်ဆိုင်ရမဲ့ပြိုင်ပွဲငယ်ပုံစံလည်း ဖြစ်နိုင်ဖွယ်ရှိပြီး ဉရောပနိုင်ငံတွေဟာ တောင်အမေရိကနိုင်ငံတွေနဲ့ ခြေစမ်းပွဲနှစ်ပွဲစီကစားရမှာဖြစ်တယ်လို့ သိရပါတယ်။
22/05/2023
နည်းပြတန်ဟတ်ရဲ့ အပြင်းစား ရည်မှန်းချက်တွေကြောင့် ပါးစပ်အဟောင်းသားဖြစ်နေတဲ့ သရဲနီတွေ
===================
တန်ဟတ်နဲ့နေရင် ရာနှုန်းပြည့်ကြိုးစားတာတောင် မရဘူးဆိုတဲ့ ကက်စ်မီရို
မန်ယူအသင်းနဲ့ ပထမဆုံး ဘောလုံးရာသီမှာတင် နည်းပြအဲရစ်တန်ဟတ် လုပ်ပြနေတာတွေနဲ့ ပတ်သက်ပြီး မန်ယူအသင်းသားတွေ တော်တော်များများ အံ့အားသင့်နေကြတယ်လို့ သိရပါတယ်။ နယ်သာလန်သား နည်းပြဟာ ၂၀၂၂-၂၃ ဘောလုံးရာသီအစမှာ ယူနိုက်တက်ကို ရောက်လာပြီးတဲ့နောက် အသင်းရဲ့ ၆ ရာသီကြာ
ဆုဖလား ငတ်မွတ်ခေါင်းပါးနေမှုကို ကာရာဘောင်ဖလားနဲ့အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ဇွန်လမှာဆိုရင်လည်း မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရတော့ မှာဖြစ်သလို
ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် လက်ကျန်ပွဲတွေမှာ
၁ မှတ်ပဲ ယူပေးဖို့ လိုပါတော့တယ်။ ဒီလောက်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အိုးလ်ထရက်ဖို့ဒ် အဝတ်လဲခန်းထဲမှာ နှစ်ပေါင်း တော်တော်ကြာအောင် ပျောက်ဆုံးနေခဲ့တဲ့ သရဲနီ စိတ်ဓာတ်ကိုလည်း တန်ဟတ်က အသက်သွင်းပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ သူခေါ်လိုက်တဲ့ ကစားသမားတွေဖြစ်တဲ့ ကက်စ်မီရို၊ လီဆန်ဒရိုမာတီနက်ဇ်တို့ဟာ အသင်းအတွက်
တကယ့်ကို အရေးပါလွန်းတဲ့ ကစားသမားတွေဖြစ်ခဲ့ပြီး မန်ယူရဲ့ လက်ရှိဘောလုံးရာသီ အောင်မြင်မှုအတွက် အဓိက ရေသောက်မြစ်တွေ ဖြစ်ခဲ့ကြပါတယ်။ဒါကြောင့် အိုးလ်ထရက်ဖို့ဒ်ရဲ့ အဝတ်လဲခန်းထဲမှာ တန်ဟတ်ရဲ့ အရေးပါပုံကို ကက်စ်မီရိုက အခုလို ပြောပါတယ်။
‘’သူ့ရဲ့ ဆန္ဒပြင်းပြမှုနဲ့အတူ သူက ကျွန်တော့်ကို
တော်တော်လေး အံ့အားသင့်စေတယ်။ ကျွန်တော်တို့ကြားမှာ အဲဒီအကြောင်းပဲ ပြောနေကြတာ။ သူက နည်းနည်းလေးတော့ဝန်လေးစရာပဲလို့ ကျွန်တော် တို့ ပြောခဲ့ကြတယ်။
ဘာကြောင့်လဲဆိုတော့ သူက အမြဲတမ်း အနိုင်ပဲ
လိုချင်နေတာလေ။ သူက ပိုပြီးတော့ပဲ လိုချင်တယ်။
ဘာကြောင့်လဲဆိုတော့ ရာနှုန်းပြည့်ဆိုတဲ့ ကိစ္စကတောင် သူ့အတွက် မလုံလောက်ဘူးတဲ့။ ကျွန်တော်တို့ ရာနှုန်းပြည့် ဆိုတာထက်ကို ပိုပြီး ပေးဆပ်ခဲ့ရတာ။
သူက ဆန္ဒထက်သန်မှုနဲ့အတူ အရမ်းကို အလုပ်လုပ်တဲ့သူပါ။ အသင်းတစ်ခုလုံးကို ပြောင်းလဲပစ်ချင်တဲ့ ရည်ရွယ်ချက်မျိုး သူ့မှာ ရှိနေတယ်။ သူက အသင်းသားတွေ အကုန်လုံးဆီကနေ ဦးညွတ်မှုရတဲ့ နည်းပြပါ။ ဒါပေမဲ့ သူ့ကို ကျွန်တော်တို့ အချိန်ပေးဖို့တော့ လိုတယ်လို့ ထင်တယ်။
ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်နေပြီး ဆုဖလားတစ်ခုလည်း ရခဲ့ပြီးသားဖြစ်ပေမဲ့ ကျွန်တော်တို့ တိုးတက်ဖို့ လိုနေတယ်လေ။ အသင်းအတွင်းမှာ သူပြောင်းလဲ ပစ်နိုင်ခဲ့တာတွေကို မြင်နိုင်ပါတယ်ဗျာ။ သူက အောင်မြင်မှုတွေရဖို့ပဲ အမြဲတမ်း ရည်မှန်း နေသူတစ်ယောက်ပါ’’ လို့ ကက်စ်မီရိုက ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ် အပြီးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။
22/05/2023
အေလင်ဟာလန်း 🗣️
“ ကျွန်တော် ဒီထပ်ပိုကောင်းတဲ့ ရာသီတစ်ခုကို
ကစားနိုင်ပေမယ့် ပထမဆုံး ရာသီမှာ လိဂ်ဖလား
ဆွတ်ခူးခဲ့တယ်၊ နောက်ထပ် ဆုဖလား (၂) လုံး
အတွက် လည်း ယှဉ်ပြိုင်နေသေးတယ်၊ ပြီးတော့
ကျွန်တော် ဂိုးတွေလည်း အများကြီး သွင်းယူ
ထားပါတယ်၊ မဆိုးပါဘူး “
14/05/2023
ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံး Underrated Player တွေထဲက တစ်ယောက်ပဲ။
တစ်သင်းလုံးရဲ့ ဟန်ချက်ကို ထိန်းထားပေးနိုင်ရုံမက အရေးကြီးတဲ့အချိန်မှာ ဂိုးတွေပါ သွင်းပေးတတ်တယ်။
ဒီဘရိုင်းနားရဲ့ နတ်မျက်စိ ဖန်တီးမှုတွေကြောင့် ဂန်ဒိုဂန်ဟာ နာမည်ထွက်သင့်သလောက် မထွက်ခဲ့တာ။
တကယ်တော့...
ဂန်ဒိုဂန်ဟာလည်း ပရီးမီးယားလိဂ်က ဘယ်ကွင်းလယ်လူထက်မှတော့ နိမ့်စရာအကြောင်း မရှိပေ။
13/05/2023
နာပိုလီ အသင်းအကြီးအကဲက အိုဆီမန်ကို ရောင်းချမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောကြား
===================
စီးရီးအေပြိုင်ပွဲရဲ့ ပွဲစဉ် (၃၃)အဖြစ် အူဒီးနိစ်အသင်းနဲ့ နာပိုလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် နာပိုလီအသင်းက ၁ဂိုး - ၁ဂိုး သရေရလဒ်ဖြင့် ရမှတ် ၁မှတ်ရယူကာ စီးရီးအေချန်ပီယံဆုကို စောစီးစွာ ဆွတ်ခူးနိုင်ခဲ့ပြီး အဓိက ကူညီပေးနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား အိုဆီမန်ကို ရောင်းချမှာ မဟုတ်ကြောင်း ကလပ်အသင်းအကြီးအကဲက ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
နာပိုလီအသင်းက ယခုနှစ်ဘောလုံးရာသီတစ်လျှောက် ပြည်တွင်းလိဂ်ပြိုင်ပွဲ အပါအဝင် ချန်ပီယံလိဂ်မှာပါ အခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်သီးလိဂ် ၅လိဂ်အတွင်း ဘောလုံးပရိတ်သတ်တွေရဲ့ အံ့အားတသင့် အသိအမှတ် ပြုခြင်း ခံထားရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အင်အားကြီးကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ချဲလ်ဆီးအသင်းတို့က ခေါ်ယူရန် အဓိက ပစ်မှတ်ထားနေတဲ့ ဗစ်တာအိုဆီမန်အတွက် နာပိုလီအသင်းက ဈေးနှုးန်မြင့်မားစွာ သတ်မှတ်နိုင်ကြောင်း သတင်းကြီးနေချိန် နာပိုလီအသင်းရဲ့ ဥက္ကဌဖြစ်သူ လော်ရန်တေးက ရောင်းချသွားမှာမဟုတ်တဲ့ အကြောင်း အတိအလင်း ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။
လော်ရန်တေးရဲ့ ပြောကြားချက်မတိုင်မီ ဥရောပအခြေစိုက်မီဒီယာအချို့က နာပိုလီအသင်းက အိုဆီမန်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၅၀ခန့်အထိ တောင်းဆိုနိုင်ကြောင်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားတိုက်စစ်မှုးဖြစ်သူ အိုဆီမန်က ယခုနှစ်ရာသီအတွင်း ၂၂ဂိုးအထိ သွင်းယူကာ နာပိုလီအသင်းအတွက် စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်စေခဲ့တာပဲ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Magway