Magway SSID
14/12/2021
သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအား ၁၄.၁၂.၂၀၂၁ ရက်နေ့ နံနက်(၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ/သား စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ပါသည်။
18/08/2020
၁၈.၈.၂၀၂၀ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် ပွင့်ဖြူမြို့နယ်၊ ယောစုကျေးရွာ၌ ကျင်းပပြုလုပ်သော လူသုံးကုန် ဆပ်ပြာသင်တန်း ပိတ်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလုပ်သမားရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်များ ရပ်မိရပ်ဖများ၊ သင်တန်းသား/သူများ စုစုပေါင်း အင်အား၅၀ခန့် တက်ရောက်ခဲ့ပါသည်။ အလုပ်သမားရေးရာဝန်ကြီးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး၊တိုင်းဦးစီးမှူးမှ သင်တန်းနှင့်ပတ်သက်သည့်များကို ရှင်းလင်းပြောကြားခဲ့ရာ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးမှ ပွင့်ဖြူမြို့နယ်သို့ ယခုကဲ့သို့ သင်တန်းများ လာရောက်ဖွင့်လှစ်ပေးသည့်အတွက် ဂုဏ်ယူဝမ်းမြောက်စွာ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ သင်တန်းသား/သူများအား တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို နေ့လည် ၁၁:၀၀နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Aung Myintar(D)/6
Magway
8/