Traveller Pyae Phyo

Traveller Pyae Phyo

Share

Photos from Traveller Pyae Phyo's post 21/06/2026

#မုန်းချောင်းအနီး ဘယ်ရွာတွေက ရှိကြလဲ?

#မုန်းချောင်းရှု့ခင်းပုံရှိရင်မန့်ခဲ့လို့ရပါတယ်

ကောမန့်ရေးခဲ့ပါဦး။

မုန်းချောင်းသည် ချင်းပြည်နယ်ရှိ
ခေါနုစုမ် (ခ)ဝိတိုရိယတောင် ( ခ ) နတ်မတောင်ထိပ်၏ အနောက်ဖက်နှင့် မြောက်ဖက်ရှိ တောင်များမှမြစ်ဖျားခံသည်။

တောင်ဖက်သို့ လမ်းပြောင်းပြီးနောက် မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၏ အနောက်မြောက်ဖက်မှ စီးဝင်သည်။

မဲဇလီရွာမှစ၍ မြေပြန့်တွင်းသို့ ရောက်သည်။

👉မုန်းချောင်းတစ်လျှောက်ရှိဆည်တမံများမှာ

1. အထက်ဗူးဆည် (စေတုတ္တရာမြို့နယ်၊ သူကောင်းကျင်းကျေးရွာအနီး၊ စီမံကိန်းကာလ)

2. ဗူးဆည် (စေတုတ္တရာမြို့နယ်၊ ဗူးကျေးရွာအနီး၊စီမံကိန်းကာလ)

3. မုန်းချောင်းတမံ (စေတုတ္တရာမြို့နယ်၊ အောက်ပုံကျေးရွာအနီး၊ ဖွင့်လှစ်ပြီး (2004) လျှပ်စစ်ဓာတ်အား ၇၅ မဂ္ဂါဝပ်)

4. ကြီးအုံကြီးဝဆည် (ပွင့်ဖြုမြို့နယ်၊ လယ်မကျေးရွာအနီး၊ ဖွင့်လှစ်ပြီး (2012) လျှပ်စစ်ဓာတ်အား ၇၄ မဂ္ဂါဝပ်)

5. မဲဇလီဆည် (ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာအနီး၊ ကိုလိုနီခေတ် (1903) လျှပ်စစ်ဓာတ်အားမထုတ်လုပ်ပါ။) တို့ဖြစ်ကြသည်။

မဲဇလီရေလွှဲဆည်သည် မဲဇလီရွာအနောက်ဘက် မုန်းချောင်းပေါ်တွင် တည်ဆောက်ထားပါသည်။ မဲဇလီရေလွှဲဆည်ကို အင်္ဂလိပ်ခေတ်လက်ထက် ၁၉၀၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်ဟု သိရပါသည်။ မုန်းချောင်းအောက်ဖက်ရှိ လယ်ဧကများစွာ အကျိုးပြုလျက်ရှိပါသည်။

မဲဇလီဆည်မှ တောင်မုန်းမြောင်းမကြီးနှင့်မြောက်မုန်းမြောင်းမကြီးဟူ၍ တူးမြောင်းနှစ်ခုရှိပါသည်။ တူးမြောင်းနှစ်ခု မြောင်း လက်တံခွဲ အများအပြား ရှိပါသည်။၂၉ မိုင်ခန့်ရှည်လျားပါသည်။ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပြီ ဖြစ်ပါသည်။ ပွင့်ဖြူ ၊ စလင်း ၊ မြို့နယ်များအတွက် အလွန်အထောက်အကူ ပြုလှပါသည်။

မုန်းချောင်းကူးတံတားကြီး ၃ စင်း ရှိသည်။

1.စေတုတ္တရာမြို့နှင့် ညောင်အိုင်ရွာကြား စလင်း - စေတုတ္တရာ ကားလမ်းပေါ်ရှိ
(ညောင်အိုင်တံတား)
အရှည် ၁၄၀၀ ပေ

2. မဲဇလီရွာနှင့် ဆည်တော်ရွာကြား
ပုသိမ် - မုံရွာကားလမ်းမပေါ်ရှိ (မဲဇလီ တံတား)
2008 , Jan 2 ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး ယခင်ကြိုးတံတားမှ သံကူကွန်ကရစ်အမျိုးအစားကို 2019 , Oct 28 ရက်နေ့တွင်အဆင့်မြှင့်တင်ပြီးစီးခဲ့ပါသည်။

3. ပွင့်ဖြူမြို့နှင့် ရှောက်တောရွာကြား
မင်းဘူး- စလင်း ကားလမ်းပေါ်ရှိ (မုန်းချောင်းတံတား)
မုန်းချောင်းတံတားသစ် (ပွင့်ဖြူ) ကို 2020 , Jun 19 တွင်ဖွင့်လှစ်ခဲ့ပါသည်။
အရှည် ၁၃၀၀ ပေ

#မုန်းချောင်းMone
#မဲဇလီ
#စေတုတ္တရာ_ညောင်အိုင်တံတား
#မဲဇလီတံတား

19/06/2026

ပွင့်ဖြူသူ၊ ပွင့်ဖြူသားမှန်ရင်တော့

ဒီနေရာ ရောက်ဖူးကြတယ်။

#မြကျိုင်းတောင်
#သစ်တစ်ပင်တောင်ထိပ်
#မဲဇလီ

Want your public figure to be the top-listed Public Figure in Magway?
Click here to claim your Sponsored Listing.

Category

Website

Address


Magway

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00