VKK

VKK

Share

17/12/2023

VKK ကို အားပေးခဲ့ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ ကာစတန်မာများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။
ဒီ VKK Bakery လေးကို သူငယ်ချင်းသုံးယောက် ရှိစုမဲ့စုနဲ့ အရဲစွန့်ပြီး တည်ထောင်ထားတာပါ။

VKK Page က Post တွေ မတင်ဖြစ်တာ ကြာပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ Bakery ကို ရန်ကုန်မှာ ရပ်တည်ဖို့ ခက်ခဲလာလို့ စရိတ်သက်သာအောင် နေရပ်လွိုင်ကော်ကို ရွှေ့ခဲ့ကြပါတယ်။
Page လေးကို နေရာသစ်မှာ အသက်သွင်းဖို့ ကြိုးစားနေတုန်း ကိုဗစ်တွေ ဖြစ်လာခဲ့ပါရော။

အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြရတော့ VKK Bakery ကလည်း ထပ်ပြီးရပ်တည်ဖို့ ခက်ခဲလာပြန်ပါတယ်။
အဲ့ဒီနောက်ပိုင်း လက်ရှိအခြေအနေတွေကြောင့် လွိုင်ကော်ကသူတွေ အားလုံး ရှောင်ကြတိမ်းကြရဖို့ ဖြစ်လာပြန်ပါရော။
အခု အရာအားလုံးကို အသစ်က ပြန်စကြရမှာပါ။

လောလောဆယ်တော့ ရန်ကုန်၊ တောင်ဥက္ကလာ (၁၂)ရပ်ကွက်၊ မာဃ(၁၀)လမ်းထိပ်မှာ သုဓနုရှမ်းရိုးရာနှင့်စားဖွယ်စုံ ဆိုင်လေး ဖွင့်ထားပါတယ်။
ဆိုင်ခန်းခတွေ ကုန်ဈေးနှုန်းတွေကလည်း ကြီးတဲ့အတွက် VKK လို ထပ်ဖြစ်မှာလည်း စိုးရိမ်မိပါတယ်။
ဒါပေမယ့်လည်း စားဝတ်နေရေးဖြေရှင်းဖို့ သူငယ်ချင်းတွေ တိုင်ပင်ပြီး နောက်တစ်ကြိမ် အရဲစွန့်မိကြပြန်ပါတယ်။

အဲ့ဒါကြောင့် VKK က Follower တွေကို အားကိုးပါရစေ။
#သုဓနု ဆိုင်လေးကို အားပေးကြပါဦး။

လူများများသိအောင်လည်း သုဓနု Page လေးကို Like & Follow လေးလုပ်ပြီး ဝေမျှပေးကြပါဦးလို့ မေတ္တာရပ်ခံအပ်ပါတယ်။
အခွင့်အခါသင့်ရင် VKK Bakery ကိုလည်း ပြန်ပြီးတည်ထောင်ချင်ပါတယ်။

အားလုံးကို အထူးကျေးဇူးတင်ပါတယ် 💞💞
Comment မှာ #သုဓနုရှမ်းရိုးရာနှင့်စားဖွယ်စုံ ရဲ့ Link လေး ချထားပေးပါတယ်ရှင် 🙏🙏🙏





#သုဓနု
#သုဓနုရှမ်းရိုးရာနှင့်စားဖွယ်စုံ

Photos from VKK's post 24/01/2021

VKK ပြန်လာပါပြီနော်....

သန့်ရှင်းလတ်ဆတ် အရသာရှိပြီး ဈေးနှုန်းလည်းသင့်တော်တဲ့ မုန့်လေးတွေကို ကြိုက်တယ်ဆိုရင်ဖြင့် အချိန်မရွေးဆက်သွယ်လိုက်ပါ။
တစ်ပုံချင်းဆီမှာ ဈေးနှုန်းလေးတွေပါတယ် 😊

-လောလောဆယ်တော့ လွိုင်ကော်မြို့မှာပဲရပါဦးမယ်နော်..
-အော်ဒါမှာမယ်ဆိုရင် တစ်ရက်ကြိုမှာရပါမယ်..
-နယ်ဝေးအတွက်တော့ လောလောဆယ် မုန့်အခြောက်ပဲ အရင်မှာလို့ရပါဦးမယ်..
-Message Box (သို့) ဖုန်းဖြင့် ဆက်သွယ် မေးမြန်းလို့ရပါတယ်..
-အဆင်ပြေအောင်လည်း စီစဉ်နေပါတယ်..😊

အားလုံး ကိုဗစ်အန္တရာယ်မှ ကင်းဝေးကြပါစေ..

☎️ 09-4500 29 447
https://www.facebook.com/TheRealVKK

Want your business to be the top-listed Bakery in Loikaw?
Click here to claim your Sponsored Listing.

Category

Website

Address


ထ-၅၊ ထေးသမရပ်ကွက်၊ လွိုင်ကော်မြို့။
Loikaw
09011