Designer Boy

Designer Boy

Share

10/01/2024

အိမ်ကသင်တန်းသူ ဘယ်ချိန်ခိုးရိုတ်ထားလဲမသိ
လှနေရော ငါဆိုတာ ကတ္တရာပုန်းလိုမဲမဲလုံးလုံးလေး 🤧🤧🤧
သူတို့စမ်းချူပ်ထားတဲ့ရင်ခံက ဝတ်ထားသေး
လွိုင်ကော်တုန်းက ဝလိုတ်တဲ့ငါ ခါးတောင်မရှိ ခုတော့ စစ်ရှောင်လိုတ်တာ ပိန်ကျသွားပြီး ခါးလေးမြင်လာရလို့တော်သေး ဗိုတ်လဲအရင်လိုမပူတော့ဘူး ခုပုံနဲ့တခြားစီ 😅😅😅

31/12/2023

ကိုယ်ရှာတဲ့ငွေကိုယ် ဘယ်လောက်တန်ဖိုးထားလည်းဆိုတာ ကိုယ်တိုင်ထက်ဘယ်သူမှသိမှာမဟုတ်ဘူး
အသက်၁၅ ၁၆ ထဲက အိမ်ကိုလည်းရှာကျွေးခဲ့တဲ့အပြင် ဘွဲ့ပါရအောင်ယူခဲ့တာ နောက်ခံလူကြီးလူကောင်းတွေမရှိပဲနဲ့တောင် banker ဘဝမှာ ထိုတ်သင့်တဲ့ရာထူးနဲ့လုပ်နိုင်ခဲ့သေးတာပဲ အဲ့အခြေအနေကိုကြည့်ရင် ဘယ်လောက်ထိ ငွေရှာခဲ့လည်းဆိုတာ တွေးကြည့်စရာမလိုဘူးလေနော်
မိဘပိုတ်ဆံကို ပေးတာယူကျွေးတာစားပြီး ဘဝကို အဆင်ပြေအောင်နေတဲ့လူတွေကို အားကျပါတယ် မနာလို့ဖစ်ပါတယ် မှန်သောစကားပါ
အမြဲတော့တွေးမိတယ် နင်လားငါလာယှဥ်လာရင် ကိုယ်သည် လူပိုတသ်ယောက်မဟုတ်ဘူးဆိုတာပဲ
ဒါပေမယ့်လေ လူတွေက အပြင်သွားရင် စုပ်ပြတ်နေတာကိုကြည့်ပြီး ဆက်ဆံကြတဲ့လူတွေခုစစ်ရှောင်ချိန်မှာ တစ်ခါတစ်လေ နင်တို့ဘာရှိလည်းမေးလိုတ်ချင်တဲ့ အခိုတ်အတန့်တွေရှိတယ် မစာနာလို့ ဒီစကားပြောတာမဟုတ်ဘူးနော်
ခုလိုပြောလို့ ဘွိုင်း လည်းအဆင်ပြေနေတဲ့လူမဟုတ်ဘူး ပညာနဲ့လုပ်စားနေလို့ ထမင်းမငတ်တာ
ခု ရှာသမျှအကုန်ချန်ခဲ့ပေမယ့် အတက်ပညာရှိနေလို့ ဘဝက ခံသာနေတာ

ဒီလောက်တွေးကြည့်ရင် အရင်က ဘွိုင်းသုံးတယ်ဝယ်တယ် ရရဖြုန်းဖြုန်း ပဲဆိုရင် ခုလို အိမ်တွေခြံတွေမပိုင်ခဲ့ဘူး

2022 မှာ အမေ့ကျန်းမာရေး ရာ် အမရဲ့ သွေးကင်ဆာ ရောဂါကိုတောင် နှစ်ယောက်လုံးကို သိန်း၅၀၀ နီးပါးကုန်ကျခံပြီး ကုနေချိန်မှာ ပိုစ့်တင်ပြီး ညှီးညူပြနေတာမြင်ဖူးကြလား

အခက်အခဲတိုင်းမှာ ကူညီခဲ့တဲ့လူတွေကိုလည်း ကျေးဇူးကန်းတဲ့လူတစ်ယောက်မဖြစ်နေသွားပါမယ်
အခက်အခဲဖြစ်ချိန်မှာ အခက်အခဲဖစ်အောင်လုပ်ခဲ့တဲ့လူတစ်ယောက်ချင်းစီကို လည်းမမေ့ပေမယ့် ဘာမှပြန်တုန့်ပြန်ဖို့အစီစဥ်မရှိပါဘူး

တစ်ချို့အရာတွေကတော့ ဖြေလို့မရအောင် တစ်ဆစ်ဆစ်နာတက်ပါတယ် လူထဲကလူမို့ပါ
2024 မှာ အရင်ထပ် ငွေကို ကပ်စေးကုတ်ပါမယ်
ကိုယ့်အတွက် အကျိုးမဖြစ်စေတဲ့ငွေကုန်မူမျိုး ကိုယ့်အတွက်အကျိုးမရှိဘူးဆိုတဲ့လူမျိုးတွေနဲ့ မပတ်သက်ဖို့လည်း ဆုံးဖြတ်ထားပြီးပါပြီ

နေရာတိုင်းမှာ ဘွိုင်းဆိုတဲ့လူက လူပိုတစ်ယောက်မဟုတ်ပါဘူး

ကိုယ့်ဘဝကိုယ် ဒီအခြေနေထိ ရူန်းကန်ခဲ့လို စကားအသုံးအနူန်းကြမ်းတာ သိပါတယ်
ဒီလိုအသုံးအနူန်း ကြမ်းတာက နှိမ့်ခဲ့တဲ့လူတွေကြောင့်ပါပဲ
ခုတော့ ပတ်ဝန်းကျင်အသစ်မှာ စိတ်သစ်နဲ့ ဘဝကို ချိုချိုသာသာ ဖျက်သန်းနေပါပြီ

2024 မှာ အားလုံးအဆင်ပြေချောမွေ့ကြပါစေ

New Year

Want your business to be the top-listed Clothing Store in Loikaw?
Click here to claim your Sponsored Listing.

Telephone

Address


Loikaw