ZOT Entertainment
ZOT Entertainment
Share
24/03/2026
အဖွဲ့မှ နှုတ်ထွက်ပြီးသွားသည်ကို အများသိ ‌ေစရန် ကြေငြာခြင်းပါ။
(post က ပျက်နိုင်ခြေရှိလို ss လေးတွေ ကြို ဖမ်းထားလို့ ရတယ်နော် ဟဲဟဲဟဲ.......)
အမှန်က ကိုယ့်ဘာသာကိုယ် ပဒက်ဖြစ်နေတာ ကြာပါပြီ။ ဒီကာလ မှ သတိရလို့ page လေးကို စနည်းနာကြည့်လိုက်တာ video တွေ မလာ တော့ဘူးလား အာဏာသိမ်းပြီးကတည်းက ပျောက်သွားတယ် ဘာညာ မေးကြတာတွေ့ရလို့ လာရှင်းပြတာပါ။
ကျွန်တော် အမောင်ရဝေ သည် ဒီ ZOT Entertainment ရဲ့ former founder တစ်ဦးလဲဖြစ်သလို ဒီ page မှာ တင်တဲ့ content တွေရဲ့ 85% က ကိုယ်တိုင် script ရေး directing လုပ်ခဲ့သူတစ်ဦးပါ။ 2021 စစ် ခွေးတွေ အာဏာသိမ်းပြီး နောက်ပိုင်း ဆန္ဒပြ UG လုပ်ရင်းနဲ့က နောက်ဆုံး လက်နက်ကိုင် တော်လှန်ရေး လုပ်လာခဲ့တာ ယနေ့ထိပါပဲ။ ဆိုတော့ကာ main source ဖြစ်တဲ့ ကျွန် တော်ဟာ တော်လှန်ရေး လမ်းကို ရွေးလိုက်တဲ့ အတွက် page မှာ content တွေရပ်သွားတာပါ။ ဒါက တစ်ချက်။
နောက်တစ်ချက်က တော့ နှုတ်ထွက်ရတဲ့ အကြောင်းပါ။ အဖွဲ့မှာက လူစူံပါတယ် အာဏာစသိမ်းကတည်းက တိတ်ဆိတ်ငြိမ်သက်သွားတဲ့သူတွေပါတယ်။ ဟေးဟားနဲ့ ဒီဇိုင်းတွေ ပါဖောမင့်တွေနဲ့ ပျော်ပျော်ကြီး ဆန္ဒပြခဲ့ပြီး စစ်ခွေးတွေ ကျ_ည်တစ်ချက်လောက် ဖောက်လိုက်တာနဲ့ ကြက်ပျောက်ငှက်‌ပျောက် ပျောက်ကုန်တဲ့သူ တွေလဲပါတယ်။ ဘောမနဲ့ မြေးမြစ်တီတွတ် အမျိုးတော်တဲ့သူတွေလဲပါတယ်။ တလရကို ကူမနေတော့ပဲ နေသာသလို နံနံခြားမှာ နေနေတဲ့သူတွေလဲပါတယ်။ မြန်မာဘီယာတို့ ဘစိုင်းတို့ ဟန်နေသာတို့ အစရှိတဲ့ ဘောမ/BC တွေကို ကြိတ်အားပေးနေတဲ့သူ တွေလဲပါတယ်။ ရုပ်ရှင်ရုံတွေ ခိုးသွားပြီး ဟိုမြန်မာကား အောင်မြင်ပါစေ ဘာညာဆုတောင်း နေတဲ့သူတွေလဲပါတယ်။ တနိုင်ငံလုံး လူမျိုး၊ဘာသာ၊ ကလေး လူကြီး မရွေး စစ်ခွေ_းတွေ ဗုံ_းကြဲလို့ နေ့ တိုင်း လူတွေ Tay နေပေမယ့် ကိုယ့် ပါစင်နယ် အီမိုးရှင်းသာ
ကမ္ဘာ့အကြီးဆုံး ပြဿနာပါလို့မှတ်ယူပြီး ပြိုလဲခွေယိုင်နေပြနေတဲ့ ရေပေါ်ဆီတွေလဲပါတယ်။ ကမ္ဘာပတ်ပြီး စတိတ်ရှိုး အီးဒီအမ်ပွဲ ပတ်သွားနေတဲ့သူ တွေလဲပါတယ်။
တလရဘက်မှာရှိနေပေသော်ငြား မြေပြင်က အကူညီ တောင်းတဲ့အခါ (ငွေကြေးမဟုတ်၊ သူတို့အနေနဲ့လုပ်နိုင်လောက်တဲ့ အပိုင်းကိုပဲ အကူညီတောင်းတာ) အလုပ်ဖြစ် မြောက်ဖို့ထက် နောက်ပြန်ဆွဲအောင် လုပ်နေတဲ့သူတွေလဲပါတယ်။ ဒီလူတွေက တလရကို ဘယ်သူမှမသိ အောင် bond ဝယ် စာချုပ်ဝယ် လေလံဝယ်ပြီး နောက်ကွယ်မှာ အကြီးကြီး ကြိတ်ကူနေရင်တာ့ မပြောတတ်ဘူးပေါ့နော် :3
ပြီးတော့ ခုချိန်ထိ တောထဲ ရောက်မလာ ပေမယ် တလရကို ကိုယ်နိုင်တဲ့ ဘက်က ရအောင် ကူညီနေတဲ့သူလဲပါတယ်။ အမှန်က ဒီ post တင်တာ ဒကောင့်သား မြှောက် ပေးတာ ကြောင့်လဲပါတယ်။ :3
ဆိုတော့အချိန်တန်လာရင်တော့ ဘယ်သူက ဘာကောင်လဲဆိုတာ ကွဲကွဲပြားပြားသိရမယ်ဆိုပေမယ့်လဲ ကျွန်တော်က တော့ လုပ်ရမယ့် ကိစ္စ တွေ များလွန်းလို့ အာရုံ အနောက်ခံပြီး မင်းက တလရကို ဘယ်လယ်ဗယ်ထိ ကူလို့
မင်းနဲ့ အများ ကြီးပေါင်းမယ် မင်းကို တော့ နည်းနည်းပဲ ပေါင်းမယ် မင်းကို တော့ မပေါင်းဘူး ဆိုတာမျိုးလုပ်မ နေတော့ပဲ ကိုယ့်ကိုယ်ကိုပဲ အဖွဲ့ကနေ ထုတ်လိုက်ပါ တော့တယ်။
ကျွန် တော့်ရဲ့ creation တွေကို သဘောကျရင်တော့ တလရ ဘက်က content တွေကို စိတ်ဝင်းတစား စောင့်ကြည့် ပေးပါ တွေ့လာပါလိမ့်မယ်။ အရင်လို equipment တွေ မရှိလို့ မြေပြင်မှာ ရှိတာနဲ့ ဖန်တီးကတာဆိုတော့ quality လေး a little ကျရင် ခွင့်လွှတ်။ 😘
လော လောဆယ် တော့ ကျွန်တော်လက်ရှိ တာဝန်ထမ်း ဆောင် နေတဲ့ တပ်ရင်းမှာ ကမ်ပိန်းတစ်ခု လုပ်နေပါတယ်။ ပါဝင်ကူညီ ထောက်ပံ ပေးသွား ‌‌‌‌‌‌‌‌‌‌‌ကြဖို့ မေတ္တာရပ်ခံပါတယ်။ (ဘောမ တွေမပါ)
👇👇👇👇👇👇👇👇👇👇
https://www.facebook.com/share/p/1AxGr3n3tR/
အရေးတော်ပုံ အောင်ရမည် 💪💪💪
P.s - ကျွန်တော် အမောင် ရဝေ နဲ့ အမျိုးတော် နေလို့ ဆိုပြီးလဲ သက်ညှာ‌ ပေးဖို့ မလိုပါဘူးနော်။ တလရ သန္ဓေ မမှန်ရင် ကြိတ်သာကြိတ် အဟေးဟေး
ဒါ ကျွန်တော်အတွက် နောက်ဆုံး ပို့စ်ပါ နောက်လဲမလာဘူး လာလဲမနောက်တော့ဘူး။ ခိုးကြည့်နေတဲ့ ဆရာသမားတို့ removed admin လုပ်လို့ရတယ်နော့ :3
06/11/2020
Covid ကာလ ရိုက်ပေါက်များ.....
Stay at home ကာလဖြစ်တဲ့အတွက် မန်ဘာတွေက သူတို့ အိမ်ကနေသူတို့ ဖုန်းနဲ့ ရိုက်ဖြစ်လို့ Quality မကောင်းခဲ့သည်ရှိသော် ဗွေမယူကြပါနဲ့။ ငိငိ
23/09/2020
ညည်းတို့ကတော့ အားကြီးနဲ့တင်တာပဲ ကွီးတို့ကလဲ ကွီးတို့ဖုန်းရဲ့ အသံကို ever ပိတ်ထားတာဆိုတော့ ကြည့်လိုက်တိုင်း ဒီတိုင်းကြီးပဲ မြင်ရတာပဲ။ :-P
Want your establishment to be the top-listed Arts & Entertainment in Lewe?
Click here to claim your Sponsored Listing.
Website
Address
Lewe